[zawgyi]
ကောင်းတဲ့အချက်တွေနဲ့ PS4 ကဆက်ပြီး ဦးဆောင်နေနိုင်တဲ့ အချက်တွေကတော့
[unicode]
ပြီးခဲ့တဲ့ December 31 မှာထုန်ပြန်ခဲ့တဲ့ သတင်းတွေအရ Playstation 4 အရေအတွက် 73.6 သန်း အထိရောင်းချထားပြီးပြီဆုတာပဲ။ ဒီတော့ တစ်ခြား console ဖြစ်တဲ့ Microsoft ရဲ့ Xbox One နဲ့ Nintendo ရဲ့ Switch ကိုယှဉ်လိုက်ရင်တော့ ခရီးအတော်လှမ်းနေပြီပေါ့။ ဒဲ့ ပြိုင်ဘက်ဖြစ်တဲ့ Xbox One နဲ့ဆိုရင် ၂ဆလောက်ကွာနိုင်မယ်ထင်တယ်။ ဒါပေမယ့် ဆရာ Microsoft ကြီးက သူရောင်းရတဲ့ အလုံးရေ မကြေငြာတော့တဲ့အတွက် အတိအကျတော့မသိရပါဘူးလေ။ ကြားရသလောက်တော့ သန်း ၅၀လောက်တော့ရှိမယ်ထင်ရပါတယ်။ ပြီးခဲ့တဲ့ အားလပ်ရက်ရာသီဖြစ်တဲ့ November 19 နဲ့ December 31 အချိန်တိုလေးအတွင်းမှာပဲ PS4 က 5 သန်းကျော်ရောင်းခဲ့ရတာမဟုတ်လား။ တကယ်တော့ 2017 မှာ Hot အဖြစ်ဆုံး console ဖြစ်တဲ့ Switch ဆိုရင်တောင် နှစ်စပထမ ၄လမှာ 4.7 သန်းပဲရောင်းခဲ့ရတာပါ။ Nintendo ကသူ့ရဲ့ ပထမနှစ်မှာ 14သန်းအရောင်းမှန်းပေမယ့် SONY ကတော့ 18သန်းမှန်းခဲ့ပါတယ်။
ကောင်းတဲ့အချက်တွေနဲ့ PS4 ကဆက်ပြီး ဦးဆောင်နေနိုင်တဲ့ အချက်တွေကတော့
တစ်အချက်က PS4 သည်ဈေးပိုသက်သာနေတယ်။ ပြီးတော့ size အရဆိုလည်းအေးဆေးပဲ။ နောက်ပြီး ဂိမ်းဆော့တာထက်ပိုတဲ့ အလုပ်တွေလုပ်နိုင်ပါသေးတယ်။
Uncharted 4: A thief’s End, Bloodborne, ပြီးတော့ Horizon Zero Dawn ဆိုတဲ့ ဒိတ်ဒိတ်ကြဲတွေက PS4 exclusive တွေပါ။ Console တစ်ခုစဝယ်တော့မယ်ဆိုရင်တော့ အားလုံးက လက်ရှိမှာ PS4 ကပဲစကြတာမဟုတ်လား။
ပြီးတော့ 4K TV ရှိနေတဲ့ gamer တွေက 4K လိုချင်ရင် PS4 Pro ကလည်း အဆင်သင့်ဝယ်လိုက်ရုံအပြင်၊ ဒီနှစ် 2018 ထဲမှာ ဆိုရင် Dead Stranding တို့ Days Gone တို့ကနေပြီးတော့၊ Shadow of the Colossus, God Of War, Spiderman, Detroit :Become Human လိုဂိမ်းကြီးတွေလည်းထွက်လာစရာရှိနေပါသေးတယ်။ ဒီတော့ PS4 က console လောကမှာတော့ ရှေ့ဆုံးကဦးဆောင်နေဦးမှာပါ။