[zawgyi]
[unicode]
SONY ကနေနောက်ဆုံး ထုတ်လုပ်မယ့် God of War က Norse Mythology ကို အခြေခံထားတယ်ဆိုတာ gamer တွေသိကြပါလိမ့်မယ်။ Thor, Odin, Freyr, Frigg စတဲ့ God and Goddess တွေပါဝင်တဲ့ ဒဏ္ဋရီတွေပေါ့။ အရင် GOW series တွေတုန်းကတော့ Greek mythology ကိုအခြေခံခဲ့ပါတယ်။ နောက်ထပ်ထွက်ရှိလာနိုင်တဲ့ series တွေမှာတော့ Egyptian နဲ့ Mayan mythology တွေကို မှီငြမ်းလာနိုင်တယ်လို့ GOW series တွေရဲ့ Director ဖြစ်သူ Cory barlog ကပြောသွားတာပါ။
2018 ကလည်း အခုမှစတာဆိုတော့ ဒီနှစ်အတွက် သေချာတဲ့ စကားသံတွေတော့ မကြားရသေးပါဘူး။ မကြာခင်က God of War Ascension ကတော့ သိပ် ပေါက်တဲ့ထဲမပါခဲ့ဘူးမဟုတ်လား။ ဒီတော့ SONY အနေနဲ့တော့ သူတို့ အတွင်းပိုင်းမှာသေသေချာချာ ဆွေးနွေးဖို့တော့ လိုပါလိမ့်မယ်။ သူတို့ရဲ့ လူအများစုက တော့ GOW ကိုနားစေချင်ကြတယ်လည်း အသံထွက်နေတာရှိပါတယ်။ ဒီတော့ တကယ်တမ်း အသစ်ထပ်လုပ်မယ် ဆိုရင် challenging ဖြစ်မှာတော့ အမှန်ပါပဲ။
Barlog ကတော့ God of War ကိုဆက်သွားမယ်ဆိုရင် ဒီထက်ခပ်ကြီးကြီးလိုချင်နေပြီးတော့ သူတို့လက်လှမ်းမမှီသေးတဲ့ Uncharted တို့ Assassin’s Creed တို့လို အဆင့်မျိုးကိုမှန်းနေတယ်ပြောပါတယ်။ ဒီထက်လူကြိုက်ပိုများလာစေချင်တယ်ပေါ့။
GOW ကနှစ်လည်းကြာနေပြီ လူကြမ်းကြီး Kratos ရဲ့ဇာတ်လမ်းကလည်းဟောင်းလာနေပြီဆိုတော့ လူတွေက အသစ်တောင်းတနေကြပါပြီ။ တကယ် လူကြိုက်ပိုများလာ စေချင်တယ်ဆိုရင်တော့ ပြောင်းလဲမှုတွေ အများကြီးဖန်တီးရလိမ့်မယ်ထင်ပါတယ်။
သားအဖ နှစ်ယောက်ရဲ့စွန့်စားခန်းအဖြစ်ပုံဖော်ထားတဲ့ God of War ကဒီနှစ်အတွင်းတော့ ထွက်ရှိလာမယ့်ပြောထားပါတယ်။ ထွက်မယ့်ရက်တော့ မသိရသေးပါဘူး။ နောက်ဆုံးထွက် trailer ကိုတော့ ထည့်ပေးလိုက်ပါတယ်။
source : SONY