[zawgyi]
GOT (game of thrones ကိုအမွတ္တရရွိေနၾကေသးရဲ႕လား၊ ဒါမွမဟုတ္ ေမ့ေနၿပီလား။ ေသခ်ာတာကေတာ့ သူ႔ရဲ႕ fan ေတြအေနနဲ႔ ဒီနွစ္မွာေရာ ေနာက္ဆံုး final season ကိုၾကည့္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားမိနိုင္ပါတယ္။
ဒါဆိုရင္ေတာ့ ဝမ္းနည္းစြာပဲ ကြၽန္ေတာ္တို႔ ဆုေတာင္းမျပည့္ေတာ့ပါဘူး။ episode 6 ခုပါတဲ့ GOT ရဲ႕ final season ကို 2019 မွပဲ ထုတ္လႊင့္ျပသေတာ့မွာ ျဖစ္တဲ့အေၾကာင္း သူ႔ရဲ႕ director ေတြကမေန႔ကပဲ ေျကျငာခဲ့ပါတယ္။ ၿပီးေတာ့ ဘယ္လပိုင္းေလာက္မွာျဖစ္မလဲဆိုတာလည္း မေျပာထားပါဘူး။
Diretor ေတြကေတာ့ David Nutter, Miguel Sapochnik, David Benioff နဲ႔ D.B. Weiss တို႔ပဲျဖစ္ပါတယ္။ မင္းသမီးေခ်ာေလး Sophic Turner ကလည္း မႏွစ္ကေျပာထားတယ္မဟုတ္လား၊ 2019 အထိေတာ့ final episode ကိုျမင္ရဦးမွာ မဟုတ္ပါဘူးလို႔။ ၿပီးေတာ့ HBO ရဲ႕ program president ကလည္း 2019 ေလာက္မွပဲ GOT ကိုျပန္ျမင္ရနိင္တယ္ေျပာထားတာကိုး။
GOT အတြက္ ဇာတ္ညႊန္းေရးဆရာေတြ အမ်ားႀကီးရွိတဲ့ အျပင္ producer တစ္ဦးလည္းျဖစ္ ဇာတ္ညႊန္းဆရာတစ္ဦးလည္းျဖစ္တဲ့ Cogman ကေတာ့ GOT ကိုပဲဆက္လက္ လက္ဆင့္ကမ္းမယ့္ သီးျခား ဇာတ္လမ္းတြဲ ၄ ခုေလာက္ရွိေနတယ္ဆိုတာေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဒါေတြအားလံုးက concept မွာပဲရွိေနၿပီးေတာ့ wirting stage မေရာက္ေသးတဲ့အခ်ိန္မွာ တကယ္ျဖစ္လာမယ္လို႔ ဘယ္သူမွလည္းအာမ မခံနိုင္ၾကပါဘူး။
ေျပာရရင္ေတာ ေလာေလာဆယ္အခ်ိန္မွာ final season ကို leak ျဖစ္မွာစိုးလို႕ ဇာတ္လမ္းအဆံုးသတ္ေတြ အမ်ားအျပားရုိုက္ကူး ေနရင္း လႊင့္မယ့္ အခ်ိန္က 2019 ေရာက္သြားတယ္ဆိုတာပါပဲ။
[unicode]
GOT (game of thrones ကိုအမှတ်တရရှိနေကြသေးရဲ့လား၊ ဒါမှမဟုတ် မေ့နေပြီလား။ သေချာတာကတော့ သူ့ရဲ့ fan တွေအနေနဲ့ ဒီနှစ်မှာရော နောက်ဆုံး final season ကိုကြည့်ရလိမ့်မယ်လို့ မျှော်လင့်ထားမိနိုင်ပါတယ်။
ဒါဆိုရင်တော့ ဝမ်းနည်းစွာပဲ ကျွန်တော်တို့ ဆုတောင်းမပြည့်တော့ပါဘူး။ episode 6 ခုပါတဲ့ GOT ရဲ့ final season ကို 2019 မှပဲ ထုတ်လွှင့်ပြသတော့မှာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ director တွေကမနေ့ကပဲ ကြေငြာခဲ့ပါတယ်။ ပြီးတော့ ဘယ်လပိုင်းလောက်မှာဖြစ်မလဲဆိုတာလည်း မပြောထားပါဘူး။
Diretor တွေကတော့ David Nutter, Miguel Sapochnik, David Benioff နဲ့ D.B. Weiss တို့ပဲဖြစ်ပါတယ်။ မင်းသမီးချောလေး Sophic Turner ကလည်း မနှစ်ကပြောထားတယ်မဟုတ်လား၊ 2019 အထိတော့ final episode ကိုမြင်ရဦးမှာ မဟုတ်ပါဘူးလို့။ ပြီးတော့ HBO ရဲ့ program president ကလည်း 2019 လောက်မှပဲ GOT ကိုပြန်မြင်ရနိင်တယ်ပြောထားတာကိုး။
GOT အတွက် ဇာတ်ညွှန်းရေးဆရာတွေ အများကြီးရှိတဲ့ အပြင် producer တစ်ဦးလည်းဖြစ် ဇာတ်ညွှန်းဆရာတစ်ဦးလည်းဖြစ်တဲ့ Cogman ကတော့ GOT ကိုပဲဆက်လက် လက်ဆင့်ကမ်းမယ့် သီးခြား ဇာတ်လမ်းတွဲ ၄ ခုလောက်ရှိနေတယ်ဆိုတာပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက concept မှာပဲရှိနေပြီးတော့ wirting stage မရောက်သေးတဲ့အချိန်မှာ တကယ်ဖြစ်လာမယ်လို့ ဘယ်သူမှလည်းအာမ မခံနိုင်ကြပါဘူး။
ပြောရရင်တော လောလောဆယ်အချိန်မှာ final season ကို leak ဖြစ်မှာစိုးလို့ ဇာတ်လမ်းအဆုံးသတ်တွေ အများအပြားရိုက်ကူး နေရင်း လွှင့်မယ့် အချိန်က 2019 ရောက်သွားတယ်ဆိုတာပါပဲ။
source : nintendo