ဒီတစ်ပတ်အတွက်တော့ ဂိမ်းအသစ်အများကြီးမရှိပါဘူး။ နည်းပါတယ်။ နှစ်ဟောင်းမှာရှိတဲ့ ဂိမ်းတွေရဲ့ အနားသိမ်းလုပ်ငန်းတွေလုပ်နေတော့ အသစ်သိပ်အထွက်နိုင်ဘူးထင်ပါတယ်လေ။
Let Them Come
သေနတ်စုံစုံလင်လင်နဲ့ ဂြိုလ်သားတွေကို ပစ်ရမယ့်ဂိမ်းလို့ လွယ်လွယ်ပြောရရင်ရပါတယ်။ အဝေးဆိုရင် machine gun ရမယ်။ လက်ပစ်ဗုံးပါမယ်၊ သိပ်အနားကပ်လာရင်တုတ်နဲ့ရိုက် ဓါးနဲ့ခုတ်ပေါ့။ main character ရဲ့ သွေးကိုပြတဲ့ပုံက ဟိုးအရင်က Doom နဲ့ခပ်ဆင်ဆင်။ မဲ့ရွဲ့ပြီး နောက်ဆုံး ခေါင်းကွဲသွားတယ်။ စစချင်းတော့ဆော့ရတာကောင်းပါတယ်။ Graphic ပိုင်းမှာလည် အဆိုးကြီးမဟုတ်ပါဘူး။ တဖြည်းဖြည်းကြာလာရင်သာ repetative ဖြစ်တယ်လို့ခံစားလာရတာ။
[Appstore] [Playstore]
Rusty Lake : Paradise
ဒီတစ်ခေါက်ထွက်လာတဲ့ paradise ကတော့ Rusty lake series တွေထဲမှာ အကောင်းဆုံးလို့ပြောချင်တယ်။ သူ့ရဲ့ series မှာ 12 ခုထွက်ထားခဲ့ပြီးတော့ 9 ခုက Cube escapes ဖြစ်ပြီးတော့ အားလုံးပဲ f2p (free to play) တွေဖြစ်ပါတယ်။ (PC မှာလည်းရနိုင်ပါတယ်)။ ဒီဂိမ်းကိုဆော့ရတဲ့ feel ကဘယ်လိုမှ ပြန်မရေးပြတတ်ဘူး။ အော်ဂလီဆန်တာလား၊ကြောက်လာတာလား၊ တလွဲတွေဖြစ်လာတာလားမသဲကွဲဘူးပေါ့။ တကယ်တော့ ကျွန်တော့လို အစောပိုင်း gamer တွေထက် လက်ရှိအချိန်က new gamer အငယ်တွေအတွက် ရည်ရွယ်ပုံရပါတယ်။ ၁၉ရာစုရဲ့ ကျွန်းကလေးတစ်ကျွန်းက ကိစ္စတွေကိုမှီထားတဲ့ ဒီဂိမ်းက point-and-click adventure ကောင်းတစ်ခုဖြစ်တယ်ဆိုတာတော့သေချာပါတယ်။ puzzle မကြိုက်ရင်တော့ မဆော့နဲ့ပေါ့။
[Appstore] [Playstore]
Ashworld
Madmax ရယ် GTA ရဲ့ တစ်စိတ်တစ်ဒေသရယ်ပေါင်းထားတာမျိုးပေါ့။ Open world ဖြစ်တဲ့အတွက် ကားကောင်းကောင်းတစ်စီးတော့လိုပါတယ်။ တစ်ခြား openworld ဂိမ်းတွေက တစ်ပိုင်းချင်းစီကို စုပေါင်းထားတယ်လို့ထင်ရပေမယ့် သိပ်တော့လည်း အံဝင်ခွင်ကျဖြစ်မနေဘူး။ နောက်ပိုင်း version တွေမှာပြင်သွားရင်တော့ ပိုကောင်းလာမယ်ထင်တယ်။ လောလောဆယ်တော့ ကျွန်တော့ iphone X မှာ control သိပ်အဆင်မပြေဘူး။ ဂိမ်းကောင်းတစ်ခုဖြစ်တာတော့ သေချာပါတယ်။
Planetarium 2 Zen Odyssey : Wonders of Astronomy
အေးချမ်းတဲ့ အချိန်လိုချင်တဲ့ ခဏတော့ gamer တိုင်းမှာရှိပါတယ်။ ဒါကတော့ နားကျပ်လေးတပ်၊ ဟိုး ကမ္ဘာရဲ့ အဝေးကိုသွားချင်တဲ့သူတွေအတွက်ပေါ့။ senior တွေအတွက်ကတော့ sandbox ဖြစ်တယ် ပြီးတော့ အခြေခံအကျဆုံးကိစ္စလေးတွေနဲ့ တည်ထားတာပါ။ တစ်ခုပဲ ပြထားတဲ့ icon တွေက ဘာကိုရည်ညွှန်းတယ်ဆိုတာ ချက်ချင်းမသိရတာပဲ။ တဖြည်းဖြည်းတော့ နားလည်ကောင်းပါရဲ့။ Natalie Portman ရဲ့ ရုပ်ရှင်နဲ့တော့ မရောလိုက်နဲ့ပေါ့နော။
[Appstore] [Playstore]
VR အတွက်ထွက်တာရှိတယ်။ ဒါပေမယ့် မဆော့ဖြစ်ထားတော့ မရေးပေးလိုက်တော့ဘူး။
Samurai Chef, Skylight ဆိုတာတွေကိုပြောတာပါ။ gg လို့ဆုတောင်းလိုက်ပါရဲ့၊ နောက်ပိုင်းမှာ Switch နဲ့ microsoft ကျေးဇူးကြောင့် gaming platform တွေသိပ်ခွဲလို့ရတော့မယ်မထင်ဘူး။ porting အရမ်းလွယ်လာတယ်ထင်ပါ့။