[zawgyi]
[unicode]
2018 ဖြစ်သွားပြီဆိုတော့ gamer တို့ရဲ့ အချစ်တော်ကြီး Valve က သူ့ရဲ့ steam ကနေ အပေါက်ဆုံးဂိမ်းတွေကို list တစ်ခုထုတ်ပေးခဲ့ပါတယ်။ မနှစ်ကလည်း January မှာတုန်းကဒီလိုပဲ ထုတ်ပြန်ခဲ့တာရှိပါသေးတယ်။
တကယ်ကတော့ Steam မှာအရောင်းရဆုံး game တွေပေါ့။ နောက်ထပ် အမျိုးအစားအသစ်တွေလည်းပြောထားတာတွေ့ရပါတယ်။ ဘယ်လောက်ရောင်းရလဲဆိုတာကိုတော့ အသေးစိတ်မပြောထားပါဘူး။ ဒါပေမယ့် 2017 အတွက် အရောင်းရဆုံးတွေကိုတော့ အတိုချုံးပြီးတွေ့ရပါလိမ့်မယ်။
Valve ကထုတ်ပြန်တဲ့ 2017 အတွင်း အရောင်းရဆုံး စာရင်းမှာ ဂိမ်း 100 ပါဝင်ပြီးတော့ Bronze, Silver, Gold နဲ့ Platimum ဆိုပြီးခွဲထားပါတယ်။ (ဘယ်လိုခွဲတာလဲတော့ မပြောထားဘူး)။
Platinum ရောက်သွားတဲ့ ဂိမ်းအများစုကတော့ အဟောင်းတွေများပါတယ်။ Counter strike global offensive, The witcher III: wild hunt, Grand Thaft Auto V, Rainbow Six Siege, Rocket League, နဲ့ Dota 2 တို့လိုမျိုးဂိမ်းတွေပေါ့။
2017 ထဲမှာထွက်ရှိခဲ့တဲ့ Divinity : Original Sin II နဲ့ အပေါက်ဆုံး ဂိမ်းဖြစ်တဲ့ PlayerUnknown’s Battleground တို့လည်းအပါအဝင်ပေါ့။ နောက်တစ်ခုကတော့ တစ်ပြိုင်တည်းမှာ Player အများဆုံးonline ရှိနေတဲ့ game list လည်းအပါအဝင်ပေါ့။ (concurrent player လို့ခေါ်ပါတယ်)။ PUBG ကထိပ်ဆုံးကရှိမယ်ဆိုတာတော့ ငြင်းစရာမလိုပါဘူး။ တစ်ခြား player ၁သိန်းနဲ့ အထက်ဂိမ်းတွေကတော့ Dota2, CS-GO, Rainbow Six Siege နဲ့ GTA V တို့လည်းပါတာတွေ့ရပါတယ်။
လစဉ် အရောင်းရဆုံးတွေကိုလည်း ခွဲခြားပြထားတာတွေ့ရပါတယ်။ တစ်ချို့လတွေမှာ list ကနည်းနေတာတွေ့ပါလိမ့်မယ်။ VR game list ကိုလည်းသပ်သပ် ခွဲထုတ်ထားပါသေးတယ်။ Early access အချိန်ပြီးသွားတဲ့ The long Dark နဲ့ Ark survival Evolved တို့ကိုလည်းတွေ့ရပါလိမ့်မယ်။
chart ကိုသွားကြည့်ချင်ရင်တော့ Best of 2017 ကိုသွားပါ။