[zawgyi]
MS-DOS ဆိုတာ ဒီနွစ္ပိုင္းေတြက PC gamer ေတြသိၾကေတာ့မယ္မထင္ပါဘူး။ 1991 ကတည္းက MS-DOS အတြက္ထြက္ခဲ့တဲ့ Duke Nukem ကိုေတာ့ တစ္ခ်ို႕ေတြေတာ့ သိေကာင္းသိၾကပါလိမ့္မယ္။ ဒါေပမယ့္ 2011 ေလာက္ကထြက္ခဲ့တဲ့ Duke Nukem Forever နဲ႔ 2016 မွာထြက္ခဲ့တဲ့ Duke Nukem 3D ကိုေတာ့ပိုရင္းနွီးနိုင္ပါတယ္။ အရင္ကလည္း DOOM ကိုမွီၿပီး ရုပ္ရွင္ရိုက္ခဲ့ေသးတာပဲ မဟုတ္လား။ “Why not Duke Nukem?” ေပါ့ေနာ။
WWE နဲ႕ movie star ျဖစ္တဲ့ John Cena ႀကီးက Duke Nukem အျဖစ္ သရုပ္ေဆာင္မယ္ဆိုတဲ့ သတင္းမေန႕ကပဲ Hollywood reporter မွာေတြ႔လိုက္ပါတယ္။ Paramount နဲ႕အတူ Michael Bay ရဲ႕ studio ျဖစ္တဲ့ Platinum Dunes ေပါင္းၿပီးထြက္မယ္ေျပာပါတယ္။ ဇာတ္ညႊန္းေတြ၊ director ေတြနဲ႔ တစ္ျခားသရုပ္ေဆာင္ေတြေတာ့ ဘာမွမျပာထားေသးပါဘူး။ ၿပီးေတာ့ Nukem အျဖစ္သရုပ္ေဆာင္မယ့္ တစ္ျခား မင္းသားေတြလည္းေပၚလာနိုင္ပါေသးတယ္။
Cena နဲ႔ Paramount ကအရင္ Daddy’s Home 2 မွာလက္တြဲခဲ့ၿပီးသားပါ။ Transformer series ေတြရဲ႕ သီးျခားဇာတ္လမ္းတစ္ခု ျဖစ္လာမယ့္ Bumblebee မွာပါဝင္ဦးမွာပါ။( ေနာက္မွသပ္သပ္ေရးပါမယ္)။ GearBox (Nukem ပိုင္ရွင္) အေနနဲ႔ကေတာ့ 2011 မွာ Forever ကိုသန္းနဲ႔ခ်ီေရာင္းထားရၿပီးေတာ့ 2015 မွာေတာ့ Concept အသစ္ရွိေနတယ္ေျပာပါတယ္။ သူကိုယ္တိုင္မထုတ္ပဲ developer ရွာေနတယ္လည္းေျပာထားပါေသးတယ္။ ဒါေပမယ့္ ဂိမ္းအသစ္ကေတာ့ ခုထိလာသံမွမၾကားေသးပါဘူး။
ေသခ်ာတာကေတာ့ Cena ႀကီးက Nukem အျဖစ္ သရုပ္ေဆာင္မယ္ဆို သေဘာမတူစရာေတာ္မရွိပါဘူး။ ဇာတ္ညႊန္း ဂြမ္းၿပီးေတာ့ တလြဲျဖစ္သြားမွာပဲ စိတ္ပူရမွာေပါ့။ Player မ်ားလည္း ဘယ္လိုယူဆေၾကာင္း ေျပာၾကည့္ပါဦး။
[unicode]
MS-DOS ဆိုတာ ဒီနှစ်ပိုင်းတွေက PC gamer တွေသိကြတော့မယ်မထင်ပါဘူး။ 1991 ကတည်းက MS-DOS အတွက်ထွက်ခဲ့တဲ့ Duke Nukem ကိုတော့ တစ်ချို့တွေတော့ သိကောင်းသိကြပါလိမ့်မယ်။ ဒါပေမယ့် 2011 လောက်ကထွက်ခဲ့တဲ့ Duke Nukem Forever နဲ့ 2016 မှာထွက်ခဲ့တဲ့ Duke Nukem 3D ကိုတော့ပိုရင်းနှီးနိုင်ပါတယ်။ အရင်ကလည်း DOOM ကိုမှီပြီး ရုပ်ရှင်ရိုက်ခဲ့သေးတာပဲ မဟုတ်လား။ “Why not Duke Nukem?” ပေါ့နော။
WWE နဲ့ movie star ဖြစ်တဲ့ John Cena ကြီးက Duke Nukem အဖြစ် သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းမနေ့ကပဲ Hollywood reporter မှာတွေ့လိုက်ပါတယ်။ Paramount နဲ့အတူ Michael Bay ရဲ့ studio ဖြစ်တဲ့ Platinum Dunes ပေါင်းပြီးထွက်မယ်ပြောပါတယ်။ ဇာတ်ညွှန်းတွေ၊ director တွေနဲ့ တစ်ခြားသရုပ်ဆောင်တွေတော့ ဘာမှမပြာထားသေးပါဘူး။ ပြီးတော့ Nukem အဖြစ်သရုပ်ဆောင်မယ့် တစ်ခြား မင်းသားတွေလည်းပေါ်လာနိုင်ပါသေးတယ်။
Cena နဲ့ Paramount ကအရင် Daddy’s Home 2 မှာလက်တွဲခဲ့ပြီးသားပါ။ Transformer series တွေရဲ့ သီးခြားဇာတ်လမ်းတစ်ခု ဖြစ်လာမယ့် Bumblebee မှာပါဝင်ဦးမှာပါ။( နောက်မှသပ်သပ်ရေးပါမယ်)။ GearBox (Nukem ပိုင်ရှင်) အနေနဲ့ကတော့ 2011 မှာ Forever ကိုသန်းနဲ့ချီရောင်းထားရပြီးတော့ 2015 မှာတော့ Concept အသစ်ရှိနေတယ်ပြောပါတယ်။ သူကိုယ်တိုင်မထုတ်ပဲ developer ရှာနေတယ်လည်းပြောထားပါသေးတယ်။ ဒါပေမယ့် ဂိမ်းအသစ်ကတော့ ခုထိလာသံမှမကြားသေးပါဘူး။
သေချာတာကတော့ Cena ကြီးက Nukem အဖြစ် သရုပ်ဆောင်မယ်ဆို သဘောမတူစရာတော်မရှိပါဘူး။ ဇာတ်ညွှန်း ဂွမ်းပြီးတော့ တလွဲဖြစ်သွားမှာပဲ စိတ်ပူရမှာပေါ့။ Player များလည်း ဘယ်လိုယူဆကြောင်း ပြောကြည့်ပါဦး။