[zawgyi]
ဒီတစ်ပတ်အတွက်ပေါ့။
HERO ACADEMY 2
CYTUS 2
[Appstore]
JYDGE
[Appstore]
IT’S FULL OF SPARKS
WORLD OF WARSHIP BLITZ
[Unicode]
ဒီတစ်ပတ်အတွက်ပေါ့။
HERO ACADEMY 2
Clash Royale ရဲ့ အစိတ်အပိုင်း အကြီးကြီးနဲ့ပေါ့။ Real-time တစ်ခုမဟုတ်ပဲ turn-base တွေထဲမှာတော့ အသေအချာစဉ်းစားပြီးဆော့တာက အဆင်ပြေဆုံးဖြစ်မယ့် ဂိမ်းတစ်ခုပါ။ Card system ဖြစ်ပြီးတော့ တစ်ဘက်ရန်သူရဲ့ Crystal ကိုဖျက်ဆီးရမှာပါ။ ၁၂ ကြိမ်မြောက် အလှည့်ဆိုရင်တော့ sudden death ရမှာပေါ့ဗျာ။ mana pool တော့သတိထားကြတာပေါ့နော။ f2p တစ်ခုဖြစ်တဲ့အတွက် developer တွေကို support လုပ်ချင်ရင်တော့ microtransition ဝယ်သုံးလို့ရပါတယ်။ Gameplay နဲ့ graphic မှာကောင်းကောင်းစွဲဆောင်ထားနိုင်ပါတယ်။
CYTUS 2
ပထမထွက်ထားတဲ့ Cytus ကိုဆော့ဖြစ်ခဲ့ဖူးရင်တော့ ဒီတစ်ခေါက်လည်း စိတ်မပျက်ရပါဘူး။ Rayark ကထုတ်ထားတဲ့ Music game တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကို မခိုက်ဘူးဆိုရင်တောင်သီချင်းတွေကိုတော့ ခိုက်ရလိမ့်မယ်ထင်တယ်။ အရင်က game play ကောင်းကောင်းကိုဆက်သွားထားပြီးတော့ note system ကတော့တိုးတက်လာတဲ့ထဲကတစ်ခုပါ။ အကောင်းဆုံးကတော့ အရင် Cytus ကိုဆော့ပြီးမှဒီတစ်ခုကိုဆက်တာ ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဒီမှာက အတော်လေးမြန်လာတယ်ထင်ပါတယ်။ Robo_Head ဆိုတဲ့ character လိုမျိုးကတော့ နည်းနည်းလွယ်မယ်ထင်တယ်။ ပြီးတော့တစ်ချို့ ဖုန်းတွေမှာတော့ ဆော့ဖြစ်ရင် လေးနိုင်မယ်ထင်တယ်။ DLC တွေမှာလည်းသူတို့ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ဖြစ်ပါတယ်။ ဆော့ဖြစ်မယ်ဆိုရင်တော့ အချိန်လေးနည်းနည်းဖဲ့ပေးလိုက်ပါ။
[Appstore]
JYDGE
ပုံကိုတွေ့မယ်.. JYDGE ဆိုတဲ့ JUDGE နဲ့ အသံထွက်တူတာရယ်၊ ပြီးတော့ MegaCity ရဲ့ လူဆိုးထိန်းဆိုတော့ JUDGE DREDD ကိုသတိမရသွားဘူးလား။ ကိုယ့်ရဲ့ Cybernetic JYDGE ကိုဖန်တီးပြီး လူဆိုးနှိမ်နှင်းရေးလုပ်ရတဲ့ ဂိမ်းတစ်ခုပါ။ ဒီ top-down style ဂိမ်းက Player ကိုပုံစံ အစုံနဲ့တိုက်ခိုက်လို့ရအောင်စီစဉ်ပေးထားပါသေးတယ်။ Stealth လား၊ အလွတ်ကြမ်းမှာလား၊ companion drone တွေသုံးမှာလား… စတဲ့ play style တွေရှိပါတယ်။ Neon Chrome နဲ့တော့ ယှဉ်လို့မရဘူးထင်တာပဲ ၊ မဲမဲမြင်ရာပစ်တဲ့ JYDGE တော့မဟုတ်ဘူးပေါ့။ Window, Steam နဲ့ XBox အတွက်လည်းရနိုင်ပါတယ်။
[Appstore]
IT’S FULL OF SPARKS
သင်ဒိုင်းနမိုက် တစ်ချောင်းရဲ့ ခံစားချက်ကိုသိချင်ပါသလား?… ငွင့်.. ဘာလိုကြီးတုန်း?..
ဒီဂိမ်းက new & fresh ဖြစ်ပါတယ်။ Puzzle Platormer အမျိုးအစားတစ်ခုပေါ့။ သေတဲ့အကြိမ်သိပ်များလာရင်တော့ ဖုန်းကိုလွှင့်ပစ်ချင်စိတ်ပေါက်လာမယ်ထင်တယ်။ design နဲ့ ဖန်တီးမှုကကောင်းပေမယ့် precision ကိစ္စတွေမှာတော့ သိပ်မမိုက်ဘူး။ developer အနေနဲ့ ခလုတ်တွေ သေချာပြန်လုပ်ပေးရင်တော့ ကောင်းမယ်ထင်တယ်။ မဟုတ်ရင်တော့ ကိုယ့်လက်ကဘယ်လောက်ကောင်းကောင်း သေတဲ့ အကြိမ်တွေရှိနေဦးမှာ။ ဘယ်လိုပြောမလဲ၊ gameplay imbalance ဖြစ်နေတယ်ပေါ့။
CELESTINE MARS EXPLORER
Level တွေအများကြီးနဲ့ obsticle course ပုံစံ adventure ဂိမ်းကဇာတ်လမ်းလေးမိုက်တယ်။ အင်္ဂါဂြိုလ်ပေါ်မှာ အသစ်အသစ်တွေ ရှာတွေ့နေတုန်း Celestine ဆိုတဲ့ spaceship ကို martian alien တွေဝင်တိုက်တယ်ပေါ့။ Jackpack Joyride နဲ့ Space Mission တို့လိုဂိမ်းတွေကြိုက်ရင်တော့ ဒီတစ်ခုလည်းဆော့လို့ကောင်းပါလိမ့်မယ်။
SECRECT KINGDOM DEFENDERS
Vs Monster ဆိုတဲ့အတိုင်းပဲ ကံကောင်းရင် တရုတ် ရာဇဝင်တွေထဲက monster တွေနဲ့ပါတွေ့ရမှာ။ Story, infinite နဲ့ PvP ဆိုပြီး mode 3 ခုပါလာပါတယ်။ ပထမဆုံး Hero ၃ကောင်ကနေ နောက်ပိုင်းမှာ Hero တွေအများကြီးရလာပါလိမ့်မယ်။ သူတို့ကို Upgrade လည်းလုပ်ရင်းပေါ့လေ။ အများစုကတော့ Android apk ကို emulator နဲ့ PC တွေမှာဆော့ကြတာများပါတယ်။ window ရော Mac မှာရောပေါ့။ လောလောဆယ် iOS မှမရသေးပါဘူး။
WORLD OF WARSHIP BLITZ
ပြီးတဲ့ January 15 ရက်နေ့လောက်တုန်းက update လုပ်ပေးထားပါတယ်၊ အသစ်တော့မဟုတ်ဘူးပေါ့။ Rovio ရဲ့ Battle bay ကိုကြိုက်ခဲ့ရင်ဒီတစ်ခုကိုလည်း လက်မလွှတ်သင့်ပါဘူး။ ပိုပြီး serious ဖြစ်တဲ့ gameplay အနေနဲ့ပေါ့လေ။ Gamer စစ်စစ်ဆိုရင်တော့ offline မဆော့နဲ့ပေါ့ဗျာ။ ဒါပေမယ့် သေချာမသိနိုင်တာက battleship ဝယ်ထားတဲ့ သူတွေနဲ့ ဘယ်လောက်ကွာမလဲဆိုတာပဲ။
ဒီတစ်ပတ်ကတော့ ဒီလောက်ပါပဲ။ Update တွေတော့ရှိပါသေးတယ်။ ခုတစ်လော MMORPG တွေကို emulator သုံးပြီး mac မှာ farming လုပ်ရတာလည်းစိတ်ကုန်လာသလိုပဲ။ အရမ်း boring ဖြစ်လာတော့ ဆက်မဆော့တော့တဲ့ ဂိမ်းတွေတိုးလာပြီ။ အခုတော့ storyline ကောင်းတာလေးတွေပဲ ရွေးဆော့ဖြစ်နေပါပဲ။ ဒီလိုပဲပေါ့။ မဟုတ်ဘူးလား။