[zawgyi]
[unicode]
ဂျာမန်လို Jaeger (ရေဂါ) ဆိုတဲ့ hunter လို့အဓိပ္ဗါယ်ရတဲ့ စက်ရုပ်ကြီးတွေရယ်။ ဂျပန်လို Kaiju (ခိုင်ဂျူး,soldier) လို့ခေါ်တဲ့ တစ်ခြား ကမ္ဘာကလာတဲ့ အကောင်ကြီးတွေနဲ့ ဇာတ်လမ်းတည်ထားတဲ့ Pacific Rim ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ 2013 ခုမှာရုံတင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဂိမ်းတွေလည်းထွက်ထားပါတယ်။ Platform အစုံမှာတွေ့ကြပါလိမ့်မယ်။
မနေ့ကတော့ လာမယ့် Pacific Rim Upraising အတွက် Poster အသစ်နဲ့ ဒီနေ့မှာတော့ Trailer ထွက်လာပါတယ်။
Jaeger တွေကတော့ Gipsy Avenger, Bracer Phoenix, Guardian Bravo, Saber Athena, Titan Redeemer, Scrapper, Obsidian Fury နဲ့ Kaiju တွေကတော့ Hakuja, Shrike Thorn နဲ့ Raijin တို့ပါဝင်မယ်ပြောပါတယ်။ ဒီတစ်ခါတော့ Jaeger အသစ်တွေအများကြီးတွေ့ရဦးမှာပေါ့။
Uprising ကတော့ အရင် ရုပ်ရှင်ပြီးတဲ့ နောက် ၁၀နှစ် အကြာကနေပြန်ဆက်ထားပါတယ်။ အရင် ဇာတ်လမ်းတုန်းက သရုပ်ဆောင်တွေသိပ်မတွေ့ရပဲ John Boyega (Star War), Scott Eastwood (Overdrive) နဲ့ Cailee Spaeny တို့က အဓိကဇာတ်ကောင်တွေအဖြစ်ပါဝင်လာပါတယ်။ Director အနေနဲ့ကတော့ Steven S.Deknight (Spartarcus, Daredevil) ကတာဝန်ယူထားပါတယ်။
သိပ်မကြာတော့တဲ့ 23rd March 2018 မှာရုံတင်တော့မှာဆိုတော့ Boyega ပြောထားသလို Action Only မဟုတ်ပဲ character တွေရဲ့ အသိစိတ်၊ စက်ရုပ်ကြီးတွေတစ်ကောင်ချင်းစီရဲ့ ခံစားချက်တွေကို ချပြနိုင်မလား၊ ဒါမှမဟုတ် mechanical robot နဲ့ big alien တို့ရဲ့ တိုက်ပွဲသက်သက်ပဲကြည့်ရမလားဆိုတာတော့ စောင့်ကြည့်ကြတာပေါ့ဗျာ။