[zawgyi]
ASSASSIN’S CREED : ROGUE
SEA OF THIEVES
VALKYRIA CHRONICLES 4
A WAY OUT
FAR CRY 5
LONG GONE DAYS
ATTACK ON TITAN 2
- Frantics – (PS4) – March 6th
[unicode]
ဒီလထဲမှာတော့ Shadow of the Colossus တို့လို Monster Hunter World တို့လို ဂိမ်းအသစ်တွေ ထွက်ခဲ့ပြီးပါပြီ။ ဒီလဆိုတဲ့ February လကလည်း သိပ်မကြာတဲ့ နောက်တစ်ပတ်ဆိုရင်ကုန်တော့မှာမဟုတ်လား။ လာမယ့် မတ်လမှာတော့ developer ကြီးကြီးတွေက လာမယ့် ဂိမ်းတွေထက်စာရင် indie တွေများပါတယ်။ remaster နဲ့ နောက်ဆက်တွဲ တွေလည်းအပါအဝင်ပေါ့။ porting လုပ်ကြတဲ့ဂိမ်းတွေလည်းပါသေးတယ်။ အဲ့ထဲက hot ဖြစ်တာတစ်ချို့ရယ် ကျွန်တော်သတိထားမိသလောက် list လေးတစ်ခုရေးထားတာပါ။
DEVIL MAY CRY HD COLLECTION
PS4, Xbox One နဲ့ PC အတွက် ပထမဆုံးထွက်ရှိထားတဲ့ DMC ဂိမ်း၃ခုကို HD version နဲ့ရနိုင်မှာပါ။ 2012 တုန်းကလည်း PS3 နဲ့ Xbox 360 အတွက် HD collection ထွက်ထားပြီးသားရှိပါသေးတယ်။ HD ပဲပြောပြော ဘာပဲဖြစ်ဖြစ် အရင်ရုပ်ကြီးပြန်ထွက်နေလည်း DMC ဆိုတာလည်း ဂိမ်းကောင်းတစ်ခုဖြစ်တဲ့ အတွက် ပြန်ဝယ်သိမ်းထားလည်း ကောင်းတာပါပဲ။ DMC 4 တော့မပါလာပါဘူး။
ASSASSIN’S CREED : ROGUE
ဒီတစ်ခုကတော့ မမှီလိုက်တဲ့ သူတွေအတွက် ပြန်ထွက်ပေးတယ်လို့ ယူဆပါတယ်။ Rogue က PS3 နဲ့ Xbox 360 အတွက်ပဲထွက်ခဲ့တာဆိုတော့ player အတော်များများ မဆော့ဖြစ်ထားဘူး မဟုတ်လား။ Blag Flag ရဲ့ အဆက်လည်း ဖြစ်နေတော့ ပြန်ဆော့ဖြစ်မယ်ထင်ပါတယ်။
SEA OF THIEVES
ပင်လယ်ဓါးပြဂိမ်း စစ်စစ်ပေါ့။ game play တွေ၊ trailer တွေ အများကြီးတော့ ရှိနေပါပြီ။ Microsoft ရဲ့ Xbox One အတွက် exclusive ထွက်လာမယ့် 2018 အမှတ်တရဂိမ်းတစ်ခုဖြစ်လာပါလိမ့်မယ်ထင်တယ်။ PC အတွက်လည်းရပါလိမ့်မယ်။ Twitch မှာလည်း overwhelming ဖြစ်နိုင်တယ်လို့ streamer တွေကိုယ်တိုင်လည်းပြော နေကြပါတယ်။ တကယ်ဖြစ်မဖြစ်ကတော့ လာမယ့် မတ်လ ၂၀ရက်နေ့ဆိုသိရတော့မှာပါ။
VALKYRIA CHRONICLES 4
တင်ကားဂိမ်းတစ်ခုလို့ပဲ အကြမ်းသိထားပြီးတော့ ဒီတစ်ခုကို ကိုယ်တိုင်မဆော့ဖူးသေးပါဘူး။ ဒါပေမယ့် Turn-based anime game တစ်ခုဖြစ်ပြီးတော့ series အနေနဲ့ 4 အထိထွက်လာခဲ့တယ်ဆိုတော့ မကောင်းပဲတော့ မရှိနိုင်ပါဘူး။ Story နဲ့ character building ပိုင်းမှာလည်း solid ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ခါတော့ အလွတ်မပေးတော့ဘူးဆုံးဖြတ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
A WAY OUT
ကသိကအောက်ပဲနိုင်မလား၊ တကယ် အသစ်အသစ်ပဲဖြစ်မလားတော့မသိသေးပါဘူး။ trailer နဲပ test game play တွေအရတော့ split screen co-op ပုံစံကစားပြီး ၂ယောက်ညီညီထောင်ဖောက်ပြေးရမယ့်ဂိမ်းတစ်ခုပါ။ အမြဲဆော့နေကြ team ရှိမယ်ဆိုရင်တော့ အတွဲညီညီ ဆော့လို့ပို အဆင်ပြေမယ်ထင်ပါတယ်။
FAR CRY 5
FAR CRY ကတော့ ဘယ်လိုလာလာ ဆော့ဖြစ်ပါလိမ့်မယ်။ ပျော်ဖို့ကောင်းလို့ပါ။ ပြသနာပေါင်း သောင်းခြောက်ထောင်ကို ကြိုက်သလိုရှင်းလို့ရတဲ့ ဂိမ်းတွေထဲမှာ FAR CRY လည်းအပါအဝင်မဟုတ်လား။ DLC လည်းကောင်းတယ်ကြားထားပါသေးတယ်။
LONG GONE DAYS
Steam မှာ early access ရှိပါတယ်။ war story တစ်ခုကို anime style visual နဲ့ RPG တစ်ခုက visual novel တစ်ခုအဖြစ်လည်း ဖတ်လို့ကောင်းတတ်ပါတယ်။ March လို့ပြောပေမယ့် ရက်တော့သေချာမသိသေးပါဘူး။
ATTACK ON TITAN 2
အရင် တစ်ခုကိုဆော့ပြီးသားဆိုရင်တော့ ဆော့ဖြစ်မယ်ထင်တယ်။ ကျွန်တော်ကတော့ gameplay ကိုကြိုက်ပေမယ့် fan တော့မဟုတ်ပါဘူး။
ကျန်တာတွေလည်းရှိပါသေးတယ်။ လက်လှမ်းမှီသလောက်ပေါ့။
- Death end re;Quest – (PS4) – March 4th
- Fear Effect Sedna – (PC, Switch, PS4, Xbox One) – March 6th
- Final Fantasy XV – (PC) – March 6th
- Frantics – (PS4) – March 6th
- Scribblenauts Showdown – (Switch, PS4, Xbox One) – March 6th
- Your Four Knight Princesses Training Story – (Switch, PS4, Xbox One) March 8th
- Warhammer: Vermintide 2 – (PC) – March 8th
- Devil May Cry HD Collection – (PC, PS4, Xbox One) – March 13th
- Surviving Mars – (PC, PS4, Xbox One) – March 15th
- Assassin’s Creed Rogue: Remastered – (PS4, Xbox One) March 20th
- Assault Gunners HD Edition – (PC, PS4) – March 20th
- Attack on Titan 2 – (PC, Switch, PS4, Xbox One) – March 20th
- Sea of Thieves – (PC, Xbox One) – March 20th
- Valkyria Chronicles 4 – (PS4) – March 21st
- A Way Out – (PC, PS4, Xbox One) – March 23rd
- Ni no Kuni II: Revenant Kingdom – (PC, PS4) – March 23rd
- Atelier Lydie & Suulle: The Alchemists and the Mysterious Paintings – (PC, Switch, PS4) – March 27th
- Far Cry 5 – (PC, PS4, Xbox One) – March 27th
- MLB The Show 18 – (PS4) – March 27th
- Agony – (PC, PS4, Xbox One) – March 30th
- Long Gone Days – (PC, Mac, Linux) – TBA
- RBI Baseball 18 – (Switch, PS4, Xbox One) – TBA
ref : steam, youtube, forbes