[zawgyi]
Fortnite ရဲ႕ Battle Royale မထြက္လာခင္မွာ Save the world ဆိုတဲ့ co-op game ကအရင္ထြက္ခဲ့တာပါ။ ေနာက္ပိုင္းမွာေတာ့ ထုတ္လုပ္သူ EPIC အေနနဲ႔ BattleRoyale ဘက္ကို ပိုၿပီးအာရံုစိုက္ခဲ့ပါတယ္။ တစ္ဘက္မွာလည္း save the world အတြက္ fan ေတြရွိေနပါေသးတယ္။ ခုအခ်ိန္မွာ EPIC အေနနဲ႕ save the world ဘက္မွာ co-op survival ကစားခ်င္တဲ့ player ေတြကိုလည္း ပစ္ထားမွာမဟုတ္ေၾကာင္းေျပာလာပါတယ္။
တကယ္ကေတာ့ Fortnite ရဲ႕ original မွာ battle Royale နဲ႔မတူတဲ့ အခ်က္ေတြအမ်ားႀကီးရွိပါတယ္။ ၿပီးေတာ့ PvE ျဖစ္တဲ့အတြက္ co-op mode ကိုပိုၿပီးအားေပးပါတယ္။ player အခ်င္းခ်င္းသတ္ေနမယ့္ အစား co-op ေဆာ့ရတဲ့သေဘာေပါ့။ ေလာေလာဆယ္မွာေတာ့ save the world mode ကိုေဆာ့ခ်င္ရင္ ဝယ္ေနရဦးမွာျဖစ္ေပမယ့္ မၾကာေတာ့တဲ့ အခ်ိန္အတြင္းမွာ free to play ျဖစ္လာမယ္ေျပာပါတယ္။
2018 အတြင္းမွာျဖစ္မယ္ေျပာထားေပမယ့္ ဘယ္ေတာ့လဲဆိုတာေတာ့ အေသအခ်ာ မေၾကျငာေသးပါဘူး။
Fortnite ရဲ႕ save the world ကိုနည္းနည္းျပန္ရွင္းျပပါမယ္။ မသိေသးသူေတြအတြက္ေပါ့။ သူက Battleroyale နဲ႕မတူပဲ map exploration လုပ္မယ္၊ raw materials ေတြရွာမယ္၊ ကိုယ့္ခံတပ္ကိုယ္ေဆာက္မယ္၊ ၿပီးရင္ AI zombie ေတြရဲ႕ရန္ကိုကာကြယ္ၿပီး survive လုပ္ရတဲ့ game mode ျဖစ္ပါတယ္။ Packet, hero, costume ေတြလိုခ်င္ရင္ထပ္ဝယ္လို႕ရပါတယ္။ co-op အျဖစ္နဲ႔ player ၄ ဦးအထိခ်ိတ္ၿပီးေဆာ့လို႕ရပါတယ္။ hero ေတြမွာလည္း သတ္မွတ္ abilities နဲ႕ weapons ေတြရွိတဲ့အတြက္ ကိုယ္ႀကိဳက္တဲ့ weapon နဲ႕ hero ကိုေရြးလို႕ရပါတယ္။ EPIC ကသူ႔ရဲ႕ co-op fan ေတြကို ဘယ္ေလာက္ တန္ဖိုးထားလဲဆိုတာကေတာ့ packet ေတြကို update လုပ္တဲ့အခါသိသာမယ္ထင္ပါတယ္။
[unicode]
Fortnite ရဲ့ Battle Royale မထွက်လာခင်မှာ Save the world ဆိုတဲ့ co-op game ကအရင်ထွက်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ထုတ်လုပ်သူ EPIC အနေနဲ့ BattleRoyale ဘက်ကို ပိုပြီးအာရုံစိုက်ခဲ့ပါတယ်။ တစ်ဘက်မှာလည်း save the world အတွက် fan တွေရှိနေပါသေးတယ်။ ခုအချိန်မှာ EPIC အနေနဲ့ save the world ဘက်မှာ co-op survival ကစားချင်တဲ့ player တွေကိုလည်း ပစ်ထားမှာမဟုတ်ကြောင်းပြောလာပါတယ်။
တကယ်ကတော့ Fortnite ရဲ့ original မှာ battle Royale နဲ့မတူတဲ့ အချက်တွေအများကြီးရှိပါတယ်။ ပြီးတော့ PvE ဖြစ်တဲ့အတွက် co-op mode ကိုပိုပြီးအားပေးပါတယ်။ player အချင်းချင်းသတ်နေမယ့် အစား co-op ဆော့ရတဲ့သဘောပေါ့။ လောလောဆယ်မှာတော့ save the world mode ကိုဆော့ချင်ရင် ဝယ်နေရဦးမှာဖြစ်ပေမယ့် မကြာတော့တဲ့ အချိန်အတွင်းမှာ free to play ဖြစ်လာမယ်ပြောပါတယ်။
2018 အတွင်းမှာဖြစ်မယ်ပြောထားပေမယ့် ဘယ်တော့လဲဆိုတာတော့ အသေအချာ မကြေငြာသေးပါဘူး။
Fortnite ရဲ့ save the world ကိုနည်းနည်းပြန်ရှင်းပြပါမယ်။ မသိသေးသူတွေအတွက်ပေါ့။ သူက Battleroyale နဲ့မတူပဲ map exploration လုပ်မယ်၊ raw materials တွေရှာမယ်၊ ကိုယ့်ခံတပ်ကိုယ်ဆောက်မယ်၊ ပြီးရင် AI zombie တွေရဲ့ရန်ကိုကာကွယ်ပြီး survive လုပ်ရတဲ့ game mode ဖြစ်ပါတယ်။ Packet, hero, costume တွေလိုချင်ရင်ထပ်ဝယ်လို့ရပါတယ်။ co-op အဖြစ်နဲ့ player ၄ ဦးအထိချိတ်ပြီးဆော့လို့ရပါတယ်။ hero တွေမှာလည်း သတ်မှတ် abilities နဲ့ weapons တွေရှိတဲ့အတွက် ကိုယ်ကြိုက်တဲ့ weapon နဲ့ hero ကိုရွေးလို့ရပါတယ်။ EPIC ကသူ့ရဲ့ co-op fan တွေကို ဘယ်လောက် တန်ဖိုးထားလဲဆိုတာကတော့ packet တွေကို update လုပ်တဲ့အခါသိသာမယ်ထင်ပါတယ်။