[zawgyi]
ႏွစ္တိုင္းအသစ္ထြက္ေနၿပီးေတာ့ နွစ္တိုင္းလည္းေဆာ့ျဖစ္ေနတဲ့ ဂိမ္းတစ္ခုကိုေရြးပါဆိုရင္ COD လို႔ အတိုေကာက္ေခၚေနတဲ့ Call of Duty ကထိပ္ဆံုးကပါမယ္ထင္တယ္။ ဒီႏွစ္မွာလည္း အတည္မျပဳနိုင္ေသးေပမယ့္ COD title တစ္ခုေတာ့ထြက္လာေတာ့မယ္ ဆိုတဲ့ သတင္းကေတာ့ ၾကားေနရပါၿပီ။ Call of Duty : Black Ops 4 ျဖစ္ပါလိမ့္မယ္။
ဖတ္လိုက္ရတာေတာ့အမ်ားႀကီးပါ Eurogamer မွာေရာ တစ္ျခား fan site ေတြမွာေရာ Black Ops 4 ကေတာ့ ေသခ်ာတယ္ပဲေျပာေနၾကပါတယ္။ Developer အေနနဲ႕ အရင္ Black Ops series ေတြရဲ႕ ပဲကိုင္ Treyarch ျဖစ္ပါတယ္။ 2016 မွာထြက္ခဲ့တဲ့ Infinite warfare က player ေတြၾကားမွာ သိပ္မေပါက္ခဲ့တဲ့အတြက္ သိပ္ေခတ္လြန္ေနတဲ့ ကိစၥေတြေတာ့နည္းသြားမယ္ထင္ပါတယ္။
Black Ops 3 ကို 2015 မွာျဖန္႔ခဲ့တာဆိုေတာ့ Activition အေနနဲ႕ developer 3 ဦးကို ၃ႏွစ္ျခားတစ္ႀကိမ္ အလွည့္နဲ႔ ထုတ္ေနသလိုပါပဲ။ Treyarch, Sledgehammer နဲ႔ Infinity Ward ကိုေျပာတာပါ။ ဆိုလိုတာက COD game တစ္ခုကို ၃နွစ္အခ်ိန္ယူတဲ့ သေဘာေပါ့။
ဒီနွစ္ကေတာ့ သတင္းထြက္လာတာေစာတယ္ေျပာရမယ္ထင္တယ္။ ဘာပဲေျပာေျပာ လြန္ခဲ့တဲ့ ၈နွစ္ Black Ops စထြက္ကတည္းက COD series အကုန္လံုးမွာေတာ့ Black Ops series ကိုအႀကိဳက္ဆံုးျဖစ္ေနတုန္းပဲ။ တကယ္ ေသခ်ာတဲ့ သတင္းတစ္ခုခုထြက္လာၿပီဆိုရင္ေတာ့ ထပ္ေရးပါဦးမယ္။
[unicode]
နှစ်တိုင်းအသစ်ထွက်နေပြီးတော့ နှစ်တိုင်းလည်းဆော့ဖြစ်နေတဲ့ ဂိမ်းတစ်ခုကိုရွေးပါဆိုရင် COD လို့ အတိုကောက်ခေါ်နေတဲ့ Call of Duty ကထိပ်ဆုံးကပါမယ်ထင်တယ်။ ဒီနှစ်မှာလည်း အတည်မပြုနိုင်သေးပေမယ့် COD title တစ်ခုတော့ထွက်လာတော့မယ် ဆိုတဲ့ သတင်းကတော့ ကြားနေရပါပြီ။ Call of Duty : Black Ops 4 ဖြစ်ပါလိမ့်မယ်။
ဖတ်လိုက်ရတာတော့အများကြီးပါ Eurogamer မှာရော တစ်ခြား fan site တွေမှာရော Black Ops 4 ကတော့ သေချာတယ်ပဲပြောနေကြပါတယ်။ Developer အနေနဲ့ အရင် Black Ops series တွေရဲ့ ပဲကိုင် Treyarch ဖြစ်ပါတယ်။ 2016 မှာထွက်ခဲ့တဲ့ Infinite warfare က player တွေကြားမှာ သိပ်မပေါက်ခဲ့တဲ့အတွက် သိပ်ခေတ်လွန်နေတဲ့ ကိစ္စတွေတော့နည်းသွားမယ်ထင်ပါတယ်။
Black Ops 3 ကို 2015 မှာဖြန့်ခဲ့တာဆိုတော့ Activition အနေနဲ့ developer 3 ကို ၃နှစ်ခြားတစ်ကြိမ် အလှည့်နဲ့ ထုတ်နေသလိုပါပဲ။ Treyarch, Sledgehammer နဲ့ Infinity Ward ကိုပြောတာပါ။ ဆိုလိုတာက COD game တစ်ခုကို ၃နှစ်အချိန်ယူတဲ့ သဘောပေါ့။
ဒီနှစ်ကတော့ သတင်းထွက်လာတာစောတယ်ပြောရမယ်ထင်တယ်။ ဘာပဲပြောပြော လွန်ခဲ့တဲ့ ၈နှစ် Black Ops စထွက်ကတည်းက COD series အကုန်လုံးမှာတော့ Black Ops series ကိုအကြိုက်ဆုံးဖြစ်နေတုန်းပဲ။ တကယ် သေချာတဲ့ သတင်းတစ်ခုခုထွက်လာပြီဆိုရင်တော့ ထပ်ရေးပါဦးမယ်။