[zawgyi]
ဒီနွစ္ေတြအတြင္းမွာ Gaming ေလာကအေနနဲ႔ အရွိန္အဟုန္နဲ႔ တိုးတက္လာတာဘယ္သူမွျငင္းလို႔မရပါဘူး။ ေနာက္ဆံုးေတာ့ Google ကိုယ္တိုင္လည္း Google Play, Chromecast, Nexus player ေလာက္နဲ႔ မဟုတ္ေတာ့ပဲ ႀကီးႀကီးမားမား ေျပာင္းလဲမွုတစ္ခုရွိလာေတာ့မယ္လို႔ၾကားပါတယ္။
ဒါကေတာ့ လတ္တေလာ ၾကားေနရတဲ့ Google Yeti ျဖစ္ပါတယ္။ Console စက္တစ္ခုျဖစ္ပါလိမ့္မယ္လုိ႕လည္း အသံထြက္ေနပါတယ္။ ဘာလုပ္ေပးနိုင္မလဲဆိုေတာ့ internet ကေန ရုပ္ရွင္ေတြကို Netflix ကေနၾကည့္သလိုပဲ၊ Game ေတြကို download လုပ္စရာမလိုပဲ streaming လုပ္ၿပီးကစားနိုင္ေတာ့မယ္လို႔ေျပာပါတယ္။
Rumor လို႔လဲေျပာၾကသလို တကယ္လို႔လဲေျပာေနၾကတာပါပဲ။ Game ေတြကို streaming လုပ္ၿပီးကစားနိုင္ဖို႔ subscription လစဥ္ေၾကးေပးၿပီးေဆာ့ရပါလိမ့္မယ္။ ဒါကို Google ကထုတ္လုပ္ၿပီးသား Chromecast နဲ႔ပဲျဖစ္ျဖစ္ ေနာက္ထပ္ထုတ္လုပ္လာနိုင္တဲ့ google ရဲ႕ ကိုယ္ပိုင္ console တစ္ခုလည္းျဖစ္နိုင္ပါတယ္။ ျဖစ္နိုင္ေျခမ်ားတာကေတာ့ console တစ္ခုထြက္လာနိုင္မယ္ထင္တယ္။ သိပ္မၾကာေသးခင္ကပဲ PS နဲ႔ Xbox မွာ executive အေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ Phil Harrison ကို Google က ရာထူးႀကီးႀကီးနဲ႔ေခၚယူခဲ့တာပဲျဖစ္ပါတယ္။
Yeti ရဲ႕သေဘာတရားကေတာ့ ဂိ္မ္းတစ္ခုေဆာ့ဖို႔အေရး GB အမ်ားႀကီး download လုပ္ရတဲ့ ဒုကၡကလြတ္သြားတာပါပဲ။ ဒီသေဘာက အသစ္ေတာ့မဟုတ္ပါဘူး။ PS Now ရွိေနၿပီးသားပါ။ PS4 နဲ႔ PC မွာ game တစ္ခ်ို႕ကို stream ရနိုင္ေတာ့မွာပါ။ Google ကေတာ့ သူ့ရဲ႕ cloud server ေတြရွိေနၿပီဆိုေတာ့ ဒါေတြကို အသံုးခ်ၿပီး game ေတြကို streaming ရေအာင္လုပ္သြားပါလိမ့္မယ္။ Google အေနနဲ႕ developer ေတြနဲ႕လည္းေဆြးေႏြးေနတယ္ေျပာပါတယ္။ Game ေတြကို stream လုပ္ဖို႔ အသစ္ေရးမလား၊ လက္ရွိ stream လုပ္ေနတဲ့ game ေတြကိုပဲ တင္မလားဆိုတဲ့ ကိစၥေတြပါ။ ဒီထက္ေတာ့ ဘာမွမေသခ်ာေသးပါဘူး။
ေနာက္တစ္ခုက subscription လုပ္မယ္ဆိုရင္ $10 နဲ႔ $20 ၾကားေလာက္ပဲျဖစ္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ လက္ရွိ Xbox ရဲ႔ stream က $10 ေလာက္ျဖစ္ၿပီး PS Now က $20 ေလာက္ျဖစ္လာနိုင္မယ္လို႔မွန္းေနၾကလို႔ပဲျဖစ္ပါတယ္။
တကယ္ လို႔မ်ား Yeti ကတကယ္ျဖစ္လာခဲ့ၿပီး သူ႔ရဲ႕ console အျပင္ PC ေတြအတြက္ပါ stream လုပ္ေပးနိုင္ခဲ့ရင္ လက္ရွိအသံုးမ်ားေနတဲ့ Steam အတြက္ မ်က္ခံုးလွုပ္စရာျဖစ္လာပါလိမ့္မယ္။ data ေတြကို GB အမ်ားႀကီး download လုပ္စရာမလိုေတာ့တာက ေပ်ာ္စရာတစ္ခုမဟုတ္လား။ ၿပီးေတာ့ ဘယ္ဂိမ္းမွ ဝယ္ေဆာ့စရာမလိုေတာ့ဘူးေလ။ လစဥ္ေၾကးေပးတဲ့စနစ္ျဖစ္သြားမွာကိုး။
ဒါေပမယ့္ console တစ္ခုျဖစ္ျဖစ္ Chromecast ကိုယ္တိုင္ပဲျဖစ္ျဖစ္ေတာ့လို လိမ့္မယ္ထင္ပါတယ္။ ဥပမာ – PS Now အတြက္ Dualshock 4 controller လိုသလိုမ်ိဳးေပါ့။ ေစ်းလည္းေကာင္းနိုင္ပါတယ္။ ၿပီးေတာ့ streaming လုပ္မွာျဖစ္တဲ့အတြက္ internet connection ေကာင္းေကာင္းေတာ့ မျဖစ္မေနလိုပါလိမ့္မယ္။ ကြၽန္ေတာ့္လို လွိုင္းစီးေနတဲ့ နိုင္ငံမ်ိဳးမွာေနရင္ေတာ့ ဒီလို connection ကိစၥဆိုတာ အိမ္မက္ မက္ရံုသက္သက္ပဲျဖစ္ေနဦးမွာပါ။
[unicode]
ဒီနှစ်တွေအတွင်းမှာ Gaming လောကအနေနဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာတာဘယ်သူမှငြင်းလို့မရပါဘူး။ နောက်ဆုံးတော့ Google ကိုယ်တိုင်လည်း Google Play, Chromecast, Nexus player လောက်နဲ့ မဟုတ်တော့ပဲ ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုရှိလာတော့မယ်လို့ကြားပါတယ်။
ဒါကတော့ လတ်တလော ကြားနေရတဲ့ Google Yeti ဖြစ်ပါတယ်။ Console စက်တစ်ခုဖြစ်ပါလိမ့်မယ်လို့လည်း အသံထွက်နေပါတယ်။ ဘာလုပ်ပေးနိုင်မလဲဆိုတော့ internet ကနေ ရုပ်ရှင်တွေကို Netflix ကနေကြည့်သလိုပဲ၊ Game တွေကို download လုပ်စရာမလိုပဲ streaming လုပ်ပြီးကစားနိုင်တော့မယ်လို့ပြောပါတယ်။
Rumor လို့လဲပြောကြသလို တကယ်လို့လဲပြောနေကြတာပါပဲ။ Game တွေကို streaming လုပ်ပြီးကစားနိုင်ဖို့ subscription လစဉ်ကြေးပေးပြီးဆော့ရပါလိမ့်မယ်။ ဒါကို Google ကထုတ်လုပ်ပြီးသား Chromecast နဲ့ပဲဖြစ်ဖြစ် နောက်ထပ်ထုတ်လုပ်လာနိုင်တဲ့ google ရဲ့ ကိုယ်ပိုင် console တစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ console တစ်ခုထွက်လာနိုင်မယ်ထင်တယ်။ သိပ်မကြာသေးခင်ကပဲ PS နဲ့ Xbox မှာ executive အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Phil Harrison ကို Google က ရာထူးကြီးကြီးနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
Yeti ရဲ့သဘောတရားကတော့ ဂိမ်းတစ်ခုဆော့ဖို့အရေး GB အများကြီး download လုပ်ရတဲ့ ဒုက္ခကလွတ်သွားတာပါပဲ။ ဒီသဘောက အသစ်တော့မဟုတ်ပါဘူး။ PS Now ရှိနေပြီးသားပါ။ PS4 နဲ့ PC မှာ game တစ်ချို့ကို stream ရနိုင်တော့မှာပါ။ Google ကတော့ သူ့ရဲ့ cloud server တွေရှိနေပြီဆိုတော့ ဒါတွေကို အသုံးချပြီး game တွေကို streaming ရအောင်လုပ်သွားပါလိမ့်မယ်။ Google အနေနဲ့ developer တွေနဲ့လည်းဆွေးနွေးနေတယ်ပြောပါတယ်။ Game တွေကို stream လုပ်ဖို့ အသစ်ရေးမလား၊ လက်ရှိ stream လုပ်နေတဲ့ game တွေကိုပဲ တင်မလားဆိုတဲ့ ကိစ္စတွေပါ။ ဒီထက်တော့ ဘာမှမသေချာသေးပါဘူး။
နောက်တစ်ခုက subscription လုပ်မယ်ဆိုရင် $10 နဲ့ $20 ကြားလောက်ပဲဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ လက်ရှိ Xbox ရဲ့ stream က $10 လောက်ဖြစ်ပြီး PS Now က $20 လောက်ဖြစ်လာနိုင်မယ်လို့မှန်းနေကြလို့ပဲဖြစ်ပါတယ်။
တကယ် လို့များ Yeti ကတကယ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ console အပြင် PC တွေအတွက်ပါ stream လုပ်ပေးနိုင်ခဲ့ရင် လက်ရှိအသုံးများနေတဲ့ Steam အတွက် မျက်ခုံးလှုပ်စရာဖြစ်လာပါလိမ့်မယ်။ data တွေကို GB အများကြီး download လုပ်စရာမလိုတော့တာက ပျော်စရာတစ်ခုမဟုတ်လား။ ပြီးတော့ ဘယ်ဂိမ်းမှ ဝယ်ဆော့စရာမလိုတော့ဘူးလေ။ လစဉ်ကြေးပေးတဲ့စနစ်ဖြစ်သွားမှာကိုး။
ဒါပေမယ့် console တစ်ခုဖြစ်ဖြစ် Chromecast ကိုယ်တိုင်ပဲဖြစ်ဖြစ်တော့လို လိမ့်မယ်ထင်ပါတယ်။ ဥပမာ – PS Now အတွက် Dualshock 4 controller လိုသလိုမျိုးပေါ့။ ဈေးလည်းကောင်းနိုင်ပါတယ်။ ပြီးတော့ streaming လုပ်မှာဖြစ်တဲ့အတွက် internet connection ကောင်းကောင်းတော့ မဖြစ်မနေလိုပါလိမ့်မယ်။ ကျွန်တော့်လို လှိုင်းစီးနေတဲ့ နိုင်ငံမျိုးမှာနေရင်တော့ ဒီလို connection ကိစ္စဆိုတာ အိမ်မက် မက်ရုံသက်သက်ပဲဖြစ်နေဦးမှာပါ။