[zawgyi]
[unicode]
Last of Us Part II ကဒီနှစ်ထဲဖြစ်ဖြစ် ဒါမှမဟုတ် နောက်နှစ် 2019 အစောပိုင်းမှာ ထွက်လာမယ်လို့ ပြောထားပြီးသားပါ။ Trailer အနေနဲ့ နည်းနည်းကြမ်းထားတာမှတ်မိဦးမယ်ထင်ပါတယ်။ မမှတ်မိရင်တော့ Last of Us Part II trailer ကိုသွားကြည့်ပါ။
သိပ်မကြာခင်ရက်တွေက character အသစ်မိတ်ဆက်ပေးမယ်ဆိုတဲ့ rumor ထွက်ထားပါတယ်။ သေချာအတည်မပြုနိုင်သေးပေမယ့်လည်း တကယ်ဖြစ်လာမယ်ထင်တယ်။
#YearOfTheDog pic.twitter.com/5UpWwkDRMB
— Neil Druckmann (@Neil_Druckmann) February 17, 2018
သူ့ရဲ့ game director က twitter မှာတင်ထားတဲ့ ပုံအရဆိုရင်တော့ အဲ့ဒီချစ်စရာ ကလေးကြီးမှာ motion capture suit ဝတ်ပေးထားတာတွေ့ပါလိမ့်မယ်။ ဘယ်လိုအပိုင်း ဘယ်နေရာကပါဝင်လာမလဲဆိုတာလည်း သေချာမသိသေးပါဘူး။ အရင်က Fallout 4 နဲ့ Metal Gear Solid V ; The Phantom Pain တို့လို pet character တစ်ကောင်ကို အဖော်အဖြစ်ထည့်ပေးကြတာ player တွေအတွက် အားတစ်ခုတော့ရှိစေတယ်မဟုတ်လား။ ဒီမှာလည်း Last of Us part II ကအဲ့လိုပုံစံမျိုး ဖြစ်ပုံရပါတယ်။ အဲ့လိုဖြစ်လာရင် ကောင်းပါလိမ့်မယ်။ မဟုတ်ပဲ ရန်သူဖြစ်လာမယ်ဆိုရင်တော့…