[zawgyi]
PUBG ကို mobile အျဖစ္တရုတ္ျပည္မွာ ထုတ္မယ္ဆိုတာ မႏွစ္ကတည္းကေျပာခဲ့ၾကတာပါ။ ဒီလမွာေတာ့ တကယ္ထြက္ရွိလာပါၿပီ။ Tencent ကလည္း Trailer ေတြကို တကယ္အပီအျပင္ရိုက္လာတာေတြ႔ရပါတယ္။
တကယ္ဂိမ္းအတိုင္းပဲ elements ေတြအကုန္ပါေအာင္ ထည့္ရိုက္ထားပါတယ္။ ေလယာဥ္ေပၚကေန ေလထီးနဲ႔ ဆင္းတာကေန ဒယ္အိုးအထိ အကုန္ထည့္ထားတာေတြ႕ရပါတယ္။ သရုပ္ေဆာင္ေတြရဲ႕ အဝတ္အစားေတြပါ မက်န္ေအာင္စီစဥ္ထားပါေသးတယ္။ ၿပီးေတာ့ အဖြဲ႔လိုက္ေရာ၊ တစ္ဦးခ်င္းေရာေပါ့။ Trailer ကေတာ့ mobile ေပၚမေရာက္ခင္ trailerရယ္၊ မၾကာခင္က ထြက္ထားတဲ့ တစ္ခုရယ္ ထည့္ေပးလိုက္ပါတယ္။
တကယ္လည္း ရုပ္ရွင္တစ္ကားျဖစ္လာနိုင္ပါတယ္။ ဒီကိုရီးယားကုမၺဏီရဲ႕ CEO ကရုပ္ရွင္ရိုက္မယ္ဆိုလည္း ရိုက္လို႔ရနိုင္တဲ့အတြက္ game မွာရပ္မေနပဲ ဆက္သြားဖို႔ရွိမယ္လို႔ေျပာထားတယ္မလား။ ေလာေလာမွာလည္း movie ျဖစ္ျဖစ္ animation ျဖစ္ျဖစ္အတြက္ hollywood ကတစ္ခ်ို႔နဲ႕ Netflix ကကမ္းလွမ္းထားတာရွိေနၿပီလို႕ေျပာပါတယ္။
[unicode]
PUBG ကို mobile အဖြစ်တရုတ်ပြည်မှာ ထုတ်မယ်ဆိုတာ မနှစ်ကတည်းကပြောခဲ့ကြတာပါ။ ဒီလမှာတော့ တကယ်ထွက်ရှိလာပါပြီ။ Tencent ကလည်း Trailer တွေကို တကယ်အပီအပြင်ရိုက်လာတာတွေ့ရပါတယ်။
တကယ်ဂိမ်းအတိုင်းပဲ elements တွေအကုန်ပါအောင် ထည့်ရိုက်ထားပါတယ်။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ ဆင်းတာကနေ ဒယ်အိုးအထိ အကုန်ထည့်ထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေရဲ့ အဝတ်အစားတွေပါ မကျန်အောင်စီစဉ်ထားပါသေးတယ်။ ပြီးတော့ အဖွဲ့လိုက်ရော၊ တစ်ဦးချင်းရောပေါ့။ Trailer ကတော့ mobile ပေါ်မရောက်ခင် trailerရယ်၊ မကြာခင်က ထွက်ထားတဲ့ တစ်ခုရယ် ထည့်ပေးလိုက်ပါတယ်။
တကယ်လည်း ရုပ်ရှင်တစ်ကားဖြစ်လာနိုင်ပါတယ်။ ဒီကိုရီးယားကုမ္ဗဏီရဲ့ CEO ကရုပ်ရှင်ရိုက်မယ်ဆိုလည်း ရိုက်လို့ရနိုင်တဲ့အတွက် game မှာရပ်မနေပဲ ဆက်သွားဖို့ရှိမယ်လို့ပြောထားတယ်မလား။ လောလောမှာလည်း movie ဖြစ်ဖြစ် animation ဖြစ်ဖြစ်အတွက် hollywood ကတစ်ချို့နဲ့ Netflix ကကမ်းလှမ်းထားတာရှိနေပြီလို့ပြောပါတယ်။