[zawgyi]
X FILES : DEEP STATE
[Appstore]
DANDARA
INOCHI
REPORTER II
[unicode]
2018 ခုနှစ်ရဲ့ ဒုတိယလထဲရောက်လို့လာပါပြီ။ ဒီတစ်ပတ်တော့ FFXV pocket edition ကဆွဲဆောင်မှု အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။
X FILES : DEEP STATE
သာမန်ကြည့်ရင်တော့ ရိုးရိုး hidden object game တစ်ခုလို ပစ္စည်းပျောက်ရှာပုံတော်ဖွင့်ရလိမ့်မယ်လို ထင်စရာရှိတယ်။ တကယ်တော့ တစ်ခြား mini game လေးတွေပါထည့်ပေးထားတာတွေ့ရတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်ပြောတဲ့ စကားတွေ ရွေးချယ်မှုတွေလုပ်ရင်း ဇာတ်လမ်းကိုလည်း ထိန်းကျောင်းသွားတာတွေ့ရတယ်။ ထားပါတော့ အကုန်လုံးရောထွေးနေတဲ့ ဂိမ်းတစ်ခုလို့ပဲပြောပါရစေ။ တစ်ချိန်ကတည်းကမြင်နေကြ Fox Mulder နဲ့ Dana Scully တို့၂ယောက်ကပဲဦးဆောင်ပြီး တစ်ခြား character တွေကို မိတ်ဆက်ပေးသွားတာတွေ့ရပါတယ်။ ကိုယ်တိုင်ကတော့ FBI ရဲ့ အလုပ်ဝင်စ ကောင်တစ်ကောင်ပေါ့။ စိတ်ပျက်စရာတစ်ခုကတော့ free to play တွေမှာတွေ့နေကျကိစ္စတွေပဲ။
[Appstore]
DANDARA
Platform အစုံမှာထွက်ထားပြီးတော့ သိပ်ကို classic ဆန်တဲ့ဂိမ်းတစ်ခုပါ။ USD15 ဆိုတာအတွက် များတယ်လို့ပြောလို့ရပေမယ့် အရင်တစ်ချိန်က ဂိမ်းတွေဆီကိုပြန်ခေါ်သွားနိုင်လောက်အောင်ဆွဲဆောင်ထားနိုင်ပါတယ်။ player တစ်ယောက်အနေနဲ့ သွားလာလှုပ်ရှားရတဲ့ ပုံစံအတော်လေး အဆင်ပြေပါတယ်။ စစချင်းမှာတော့ movement တွေမှာ အသားကျဖို့လိုပါလိမ့်မယ်။ touch အတွက်တော့ စိတ်အေးအေးဆော့နိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
INOCHI
ဂိမ်းသဘောကတာ့ ဒီလိုပါ စက်ရုပ်တွေဆောက်မယ် PvP တိုက်မယ်၊ နောက်ထပ်ထပ်ဆောက်မယ်၊ PvP ထပ်တိုက်မယ်ပေါ့။ စစချင်းမှာတော့ ရနိုင်တဲ့ စက်ရုပ်လေးတွေက (AniMech လို့ခေါ်ပါတယ်)၊ အခြေခံပုံစံလေးတွေတွေ့ရပါလိမ့်မယ်။ ဂေါ်ရီလာလို အကောင်တွေကနေ မျောက်၊ ယုန်၊ ပန်ဒါစတဲ့ အကောင်တွေပါ။ နောက်ပိုင်းပွဲတွေနိုင်လာပြီး ပစ္စည်းတွေစု ကိုယ့် စက်ရုပ်ကို အဆင့်မြှင့်ရင်း attribute တွေတိုးလာပါလိမ့်မယ်။
REPORTER II
သရဲဂိမ်း၊ Horror Game တစ်ခုပါ။ Graphic ကောင်းတယ်၊ loading များတယ်၊ mobile device လည်းကောင်းမှရပါလိမ့်မယ်။ Horror Element တွေကတော့ တစ်ခြား Horror movie တွေရဲ့ element တွေနဲ့ ပြည့်နေတာတွေ့ရပါလိမ့်မယ်။ ညပိုင်းမှောင်တဲ့အချိန်မှာ နားကြပ်လေးတပ် ငြိမ်ငြိမ်လေးဆော့ကြည့်ပေါ့။ USD2 နဲ့ကတော့ တန်ပါတယ်။ တစ်ခုပဲ၊ graphic ကောင်းတဲ့တွက် playtime ကတော့ တိုတယ်။
FINAL FANTASY XV POCKET EDITION
မနှစ်ကထွက်ထားခဲ့တဲ့ FFXV ကို mobile ပေါ်တက်လာမယ်လို့ မထင်ထားခဲ့ဘူး။ Square ENIX အနေနဲ့ mobile gamer တွေကို FF series တွေအကြောင်းသိစေချင်တယ်နဲ့တူပါတယ်။ core game တစ်ခုလုံးကိုတော့ တင်လို့မရနိုင်ပေမယ့် သူတို့နည်းလမ်းကောင်းကောင်း တစ်ခုတွေ့သွားတယ်ထင်ပါတယ်။ Noctis ကိုပဲပြန်တွေ့ရမယ်ဆိုပေမယ့် တစ်ချို့ elements တွေကတော့ XV နဲ့ မတူတော့ပါဘူး။ ဒါပေမယ့် အရင်ဇာတ်လမ်းရဲ့ အရေးကြီး အစိတ်အပိုင်းအကုန်လုံးကိုတော့ မထိခိုက်ပါဘူး။ Chapter 1 ကိုတော့ free ပေးဆော့ထားပြီး ကျန်တဲ့ Chapter 2-10 ကိုတော့ USD20 နဲ့ ထပ်ဝယ်လို့ရပါလိမ့်မယ်။
အားလုံးထဲမှာ FFXV ကိုတော့ အကြိုက်ဆုံးဖြစ်နေသေးတယ်။ Mobile gamer တွေလည်း ဂိမ်းကောင်းကောင်းနဲ့ weekend မှာအေးဆေးဆော့လို့ရပါစေဗျာ။