[zawgyi]
သူထုတ္လိုက္တဲ့ဂိမ္းေတြရဲ႕ႏွစ္ပတ္လည္တိုင္း gamer ေတြကိုစိတ္ခ်မ္းသာေအာင္ထားတဲ့ Blizzard ကိုေတာ့သိၾကတယ္မလား၊ 2018 ခုနွစ္က Blizzard ကထုတ္လုပ္ခဲ့တဲ့ Starcraft အေနနဲ႔ အႏွစ္ ၂၀ ျပည့္တဲ့နွစ္ဆိုေတာ့ ဒီႏွစ္လည္း ထူးထူျခားျခားေလးေတြစီစဥ္သြားပါလိမ့္မယ္။ အတိအက်ေျပာရရင္ေတာ့ 31st March မွာ နွစ္ ၂၀ တင္းတင္းျပည့္မွာပါ။ interface skin နဲ႔ decal ေတြ portrait ေတြအျပင္တစ္ျခားလက္ေဆာင္ေတြကေတာ့ ဒီလ ၆ရက္ကေန ဧၿပီ ၆ရက္အတြင္း sign-in လုပ္တာနဲ႔ေတြ႔ရပါလိမ့္မယ္လို႔ သူ႔ရဲ႔ blog မွာေျပာထားပါတယ္။ Starcraft:remastered နဲ႔ Starcraft II ကို့ေဆာ့ျဖစ္ေနမယ္ဆိုရင္ေပါ့။
Starcraft တစ္ခုတည္းအတြက္မဟုတ္ပါဘူး။ Overwatch အတြက္လည္း Widowmaker အတြက္ Sarah Kerrigan Ghost Skin ကိုရနိုင္ပါေသးတယ္။ Diablo 3 မွာလည္း Battlecruiser themes နဲ႔ pet ရနိုင္ပါလိမ့္မယ္။ World of Warcraft မွာဆိုရင္ေတာ့ ဒီထက္မ်ားတဲ့ skin လက္ေဆာင္ေတြအမ်ားႀကီးရနိုင္ပါေသးတယ္လို႔ေျပာထားပါတယ္။ Heroes of the storm မွာေတာ့ anniversary portrait ေတြကို March 27th ကေန April 7th အထိရနိုင္ပါလိမ့္မယ္။
30th နဲ႔ 31st March မွာဆိုရင္ေတာ့ Blizzard ကထုတ္လုပ္တဲ့ Starcraft is Life : A Celebration ကို Twitch ကေန stream လုပ္မယ္ေျပာပါတယ္။ ဇာတ္လမ္းတိုေလးတစ္ခုျဖစ္ၿပီး သူ႔ရဲ႕ အေကာင္းဆံုး fan ေတြအတြက္ ရည္ရြယ္ထားတယ္လို႔သိရပါတယ္။ Youtube ကေနလည္းၾကည့္လို႔ရပါလိမ့္မယ္။
လြန္ခဲ့တဲ့ အနွစ္ ၂၀ ကဂိမ္းတစ္ခုျဖစ္တဲ့အတြက္ အခုအခ်ိန္မွာ ဆိုရင္ေတာ့ ေရွးေဟာင္းဂိမ္းတစ္ခုလို႔ေျပာလို႔ရပါလိမ့္မယ္။ Ancient ျဖစ္တယ္ေပါ့။ ဒါေပမယ့္ eSport ျဖစ္လာေအာင္ ဦးေဆာင္ခဲ့တဲ့ ဂိမ္းတစ္ခုျဖစ္ၿပီး အခုအခ်ိန္အထိ မွီျငမ္းမ်ားစြာရွိေနဆဲ ျဖစ္ပါတယ္။ တစ္ျခား ဂိမ္းတစ္ခ်ိဳ႕ အေပၚမွာလည္း လႊမ္းမိုးမွုမ်ားပါတယ္။ အခုအခ်ိန္အထိ Starcraft ဆိုတာဘာလဲ မသိေသးရင္ေတာ့ gamer တစ္ေယာက္အေနနဲ႕ 1998 ခုႏွစ္ကတည္းက ancient game တစ္ခုကို အေၾကြးတင္ေနတယ္လို႔ပဲမွတ္ပါ။
အေသးစိတ္သိခ်င္ရင္ေတာ့ #SC20 ကိုသြားေစခ်င္ပါတယ္။
Celebrate 20 years of StarCraft with us! #SC20 🎊 https://t.co/4mL2eQcxGw pic.twitter.com/6ccu2OBTy0
— StarCraft (@StarCraft) March 4, 2018
Ref : Starcraft2.com, #SC20, Twitter
[unicode]
သူထုတ်လိုက်တဲ့ဂိမ်းတွေရဲ့နှစ်ပတ်လည်တိုင်း gamer တွေကိုစိတ်ချမ်းသာအောင်ထားတဲ့ Blizzard ကိုတော့သိကြတယ်မလား၊ 2018 ခုနှစ်က Blizzard ကထုတ်လုပ်ခဲ့တဲ့ Starcraft အနေနဲ့ အနှစ် ၂၀ ပြည့်တဲ့နှစ်ဆိုတော့ ဒီနှစ်လည်း ထူးထူခြားခြားလေးတွေစီစဉ်သွားပါလိမ့်မယ်။ အတိအကျပြောရရင်တော့ 31st March မှာ နှစ် ၂၀ တင်းတင်းပြည့်မှာပါ။ interface skin နဲ့ decal တွေ portrait တွေအပြင်တစ်ခြားလက်ဆောင်တွေကတော့ ဒီလ ၆ရက်ကနေ ဧပြီ ၆ရက်အတွင်း sign-in လုပ်တာနဲ့တွေ့ရပါလိမ့်မယ်လို့ သူ့ရဲ့ blog မှာပြောထားပါတယ်။ Starcraft:remastered နဲ့ Starcraft II ကို့ဆော့ဖြစ်နေမယ်ဆိုရင်ပေါ့။
Starcraft တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ Overwatch အတွက်လည်း Widowmaker အတွက် Sarah Kerrigan Ghost Skin ကိုရနိုင်ပါသေးတယ်။ Diablo 3 မှာလည်း Battlecruiser themes နဲ့ pet ရနိုင်ပါလိမ့်မယ်။ World of Warcraft မှာဆိုရင်တော့ ဒီထက်များတဲ့ skin လက်ဆောင်တွေအများကြီးရနိုင်ပါသေးတယ်လို့ပြောထားပါတယ်။ Heroes of the storm မှာတော့ anniversary portrait တွေကို March 27th ကနေ April 7th အထိရနိုင်ပါလိမ့်မယ်။
30th နဲ့ 31st March မှာဆိုရင်တော့ Blizzard ကထုတ်လုပ်တဲ့ Starcraft is Life : A Celebration ကို Twitch ကနေ stream လုပ်မယ်ပြောပါတယ်။ ဇာတ်လမ်းတိုလေးတစ်ခုဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး fan တွေအတွက် ရည်ရွယ်ထားတယ်လို့သိရပါတယ်။ Youtube ကနေလည်းကြည့်လို့ရပါလိမ့်မယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကဂိမ်းတစ်ခုဖြစ်တဲ့အတွက် အခုအချိန်မှာ ဆိုရင်တော့ ရှေးဟောင်းဂိမ်းတစ်ခုလို့ပြောလို့ရပါလိမ့်မယ်။ Ancient ဖြစ်တယ်ပေါ့။ ဒါပေမယ့် eSport ဖြစ်လာအောင် ဦးဆောင်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး အခုအချိန်အထိ မှီငြမ်းများစွာရှိနေဆဲ ဖြစ်ပါတယ်။ တစ်ခြား ဂိမ်းတစ်ချို့ အပေါ်မှာလည်း လွှမ်းမိုးမှုများပါတယ်။ အခုအချိန်အထိ Starcraft ဆိုတာဘာလဲ မသိသေးရင်တော့ gamer တစ်ယောက်အနေနဲ့ 1998 ခုနှစ်ကတည်းက ancient game တစ်ခုကို အကြွေးတင်နေတယ်လို့ပဲမှတ်ပါ။
အသေးစိတ်သိချင်ရင်တော့ #SC20 ကိုသွားစေချင်ပါတယ်။
Celebrate 20 years of StarCraft with us! #SC20 🎊 https://t.co/4mL2eQcxGw pic.twitter.com/6ccu2OBTy0
— StarCraft (@StarCraft) March 4, 2018
Ref : Starcraft2.com, #SC20, Twitter