[zawgyi]
State of Decay 2 ရဲ႕ Teaser ကိုမွတ္မိၾကဦးမယ္ထင္ပါတယ္။ ၾကာေတာ့ၾကာေနၿပီမဟုတ္လား။ Microsoft ကထုတ္လုပ္မယ့္ zombie survival game အသစ္ဟာ အခုအခ်ိန္မွာေတာ့ PC နဲ႔ Xbox One အတြက္ ထြက္ရွိမယ့္ရက္ကိုေၾကျငာလိုက္ပါၿပီ။ လာမယ့္ May 22nd မွာ gamer ေတြေမွ်ာ္လင့္ထားတဲ့ ေစ်းထက္သက္သာၿပီး standard version ကို $30 နဲ႔ Ultimate Edition ကိုေတာ့ $50 နဲ႔ေရာင္းခ်သြားမွာျဖစ္ပါတယ္။
Ultimate edition ကိုဝယ္ယူျဖစ္မယ္ဆိုရင္ေတာ့ May 18th မွာရရွိနိုင္ၿပီး State of Decay : Year One Survival Edition အျပင္ DLC ၂ခုျဖစ္တဲံ Independence နဲ႔ Daybreak DLC packs ေတြပါဝင္လာမွာျဖစ္ပါတယ္။ ဘယ္ Edition ကိုပဲဝယ္ျဖစ္ဝယ္ျဖစ္ ၂ခုလံုးမွာေတာ့ exclusive in-game ျဖစ္တဲ့ လက္ေဆာင္ေတြပါဝင္တာကေတာ့ အတူတူပါပဲလို႔ Microsoft ကေျပာပါတယ္။ ဘာေတြလည္းေတာ့မသိဘူးေပါ့။ ေစ်းနည္းရျခင္းအေၾကာင္းကေတာ့ ဂိမ္းကိုလူမ်ားမ်ားနဲ႔ ရည္ရွည္ေဆာ့နိုင္ေအာင္ ရည္ရြယ္တယ္လို႔ေျပာထားတာေတြ႔ပါတယ္။
Xbox game pass ဝယ္ထားတဲ့သူေတြကေတာ့ may 22nd ဆိုရင္ ေဆာ့လို႔ရပါၿပီ။ Xbox exclusive ျဖစ္တဲ့ အတြက္ ဒီနွစ္ထဲမွာနာမည္ႀကီး Sea of Thieves လိုမ်ိဳး Xbox game pass တန္းဝင္ျဖစ္ပါတယ္။ Sea of Thieves လိုပဲ State of Decay 2 ဟာလည္း 2018 အတြက္ေတာ့ စိတ္ဝင္စားဖို႕အေကာင္းဆံုး Xbox player ေတြေစာင့္ဆိုင္းေနၾကတဲ့ဂိမ္းတစ္ခုျဖစ္ပါတယ္။ 2013 တုန္းက ဇာတ္လမ္းရဲ႕ အဆက္ျဖစ္ၿပီး State of Decay 2 မွာေတာ့ အရင္ထက္ပိုမိုႀကီးမားတဲ့ ေျမပံုေတြအျပင္ feature အသစ္ေတြပါဝင္လာမယ္ေျပာပါတယ္။ ပံုစံၾကည့္ရင္ သူ႕မွာလည္း PUBG နဲ႔ Fortnite လိုမ်ိဳး Battle Royale mode ပါလာမယ္ေတာ့ထင္ေနပါတယ္။
တေန႔ကတင္ေပးထားတဲ့ IGN ရဲ႕ game play taser ကိုလည္းထည့္ေပးလိုက္ပါတယ္။
[unicode]
State of Decay 2 ရဲ့ Teaser ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ ကြာတော့ကြာနေပြီမဟုတ်လား။ Microsoft ကထုတ်လုပ်မယ့် zombie survival game အသစ်ဟာ အခုအချိန်မှာတော့ PC နဲ့ Xbox One အတွက် ထွက်ရှိမယ့်ရက်ကိုကြေငြာလိုက်ပါပြီ။ လာမယ့် May 22nd မှာ gamer တွေမျှော်လင့်ထားတဲ့ ဈေးထက်သက်သာပြီး standard version ကို $30 နဲ့ Ultimate Edition ကိုတော့ $50 နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။
Ultimate edition ကိုဝယ်ယူဖြစ်မယ်ဆိုရင်တော့ May 18th မှာရရှိနိုင်ပြီး State of Decay : Year One Survival Edition အပြင် DLC ၂ခုဖြစ်တဲံ Independence နဲ့ Daybreak DLC packs တွေပါဝင်လာမှာဖြစ်ပါတယ်။ ဘယ် Edition ကိုပဲဝယ်ဖြစ်ဝယ်ဖြစ် ၂ခုလုံးမှာတော့ exclusive in-game ဖြစ်တဲ့ လက်ဆောင်တွေပါဝင်တာကတော့ အတူတူပါပဲလို့ Microsoft ကပြောပါတယ်။ ဘာတွေလည်းတော့မသိဘူးပေါ့။ ဈေးနည်းရခြင်းအကြောင်းကတော့ ဂိမ်းကိုလူများများနဲ့ ရည်ရှည်ဆော့နိုင်အောင် ရည်ရွယ်တယ်လို့ပြောထားတာတွေ့ပါတယ်။
Xbox game pass ဝယ်ထားတဲ့သူတွေကတော့ may 22nd ဆိုရင် ဆော့လို့ရပါပြီ။ Xbox exclusive ဖြစ်တဲ့ အတွက် ဒီနှစ်ထဲမှာနာမည်ကြီး Sea of Thieves လိုမျိုး Xbox game pass တန်းဝင်ဖြစ်ပါတယ်။ Sea of Thieves လိုပဲ State of Decay 2 ဟာလည်း 2018 အတွက်တော့ စိတ်ဝင်စားဖို့အကောင်းဆုံး Xbox player တွေစောင့်ဆိုင်းနေကြတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ 2013 တုန်းက ဇာတ်လမ်းရဲ့ အဆက်ဖြစ်ပြီး State of Decay 2 မှာတော့ အရင်ထက်ပိုမိုကြီးမားတဲ့ မြေပုံတွေအပြင် feature အသစ်တွေပါဝင်လာမယ်ပြောပါတယ်။ ပုံစံကြည့်ရင် သူ့မှာလည်း PUBG နဲ့ Fortnite လိုမျိုး Battle Royale mode ပါလာမယ်တော့ထင်နေပါတယ်။
တနေ့ကတင်ပေးထားတဲ့ IGN ရဲ့ game play taser ကိုလည်းထည့်ပေးလိုက်ပါတယ်။