[zawgyi]
ၿပီးခဲ့တဲ့ 2017 ကေတာ့ ဂိမ္းေလာကမွာ Battle Royale ႏွစ္လို႔ေျပာရေလာက္ေအာင္Battle Royale game ေတြအမ်ားႀကီးထြက္ခဲ့ပါတယ္။ ဂိမ္းတစ္ခုနဲ႔တစ္ခုလည္း ေပးနိုင္တဲ့ “ရသ” မတူခဲ့ပါဘူး။ အကုန္လံုးလိုက္ေဆာ့တဲ့ Gamer ေတြရွိသလို ကိုယ္နဲ႔ အကိုက္ဆံုး၊ ကိုယ္စိတ္တိုင္းအက်ဆံုးဂိမ္းကိုပဲေရြးေဆာ့တဲ့ gamer ေတြလည္းရွိၾကပါတယ္။ အခုဆိုရင္ Battle Royale game ေတြကလည္း eSport တန္းဝင္ျဖစ္လာၿပီျဖစ္တဲ့အတြက္ တေစ့တေစာင္းေလးေျပာၾကည့္ရေအာင္…
Battle Royale ဆိုတာက game mode တစ္ခုျဖစ္တဲ့အတြက္ အၾကမ္းဖ်ဥ္းနားလည္ေစခ်င္တာက player ေတြအမ်ားႀကီးရွိမယ္၊ တစ္ဦးခ်င္းျဖစ္ျဖစ္၊ ၂ေယာက္တြဲျဖစ္ျဖစ္၊ အဖြဲ႕နဲ႔ပဲျဖစ္ျဖစ္ ဧရိယာတစ္ခုအတြင္း သတ္မွတ္ထားတဲ့ အခ်ိန္အတြင္းမွာ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ အသက္ရွင္ဖို႔အတြက္ပါပဲ။
လက္ရွိ Battle Royale game ေတြဘယ္ကျမစ္ဖ်ားခံခဲ့လဲဆိုရင္ေတာ့ Arma 3 ရဲ႕ Battle Royale Mod ကစတယ္လို႔ပဲ အမ်ားစုက လက္ခံထားၾကပါတယ္။ (Idea ကေတာ့ Jap movie တစ္ခုက စတယ္လည္းေျပာပါတယ္၊ Divergent mod လည္းပါေသးတယ္၊ ထားပါေတာ့)။ Arma 3 ရဲ႕ Battle Royale Mod ကိုေရးခဲ့တာကေတာ့ PUBG ရဲ႕ developer ျဖစ္သူ PlayerUnknown ေခၚ Brenden Greene ကိုယ္တိုင္ပဲျဖစ္ပါတယ္။ Last man standing PvP mode ကို Arma 3 ရဲ႕ mod မွာစတင္ခဲ့ၿပီး ေပါက္သြားတဲ့အခ်ိန္မွာ ေနာက္ထပ္ Battle Royale game ေတြထပ္လုပ္ဖို႔ျဖစ္လာပါတယ္။ တကယ္က စစ္ဘက္ပံုစံနဲ႔ အနီးစပ္ဆံုး battle royale ကိုေဆာ့ခ်င္ရင္ေတာ့ Arma 3 အခုအခ်ိန္အထိ အေကာင္းဆံုးလို႔ထင္ပါတယ္။ အလုပ္လုပ္ပံု၊ game play၊ Graphic ပိုင္းမွာ တစ္ျခား ဘယ္ဂိမ္းမွ ယွဥ္လို႔ မလြယ္ပါဘူး။ လက္ရွိ PUBG ရဲ႕ eSport မွာရွိေနတဲ့ Pro player အမ်ားစုက Arma 3 ကစခဲ့ၾကပါတယ္။
ေနာက္တစ္ခုကေတာ့ H1Z1 ေပါ့။ Fortnite နဲ႔ PUBG မလာခင္ေတာ့ သူက ဘုရင္ႀကီးတစ္ပါးေပါ့။ အခုလည္း Arma 3 နဲ႔ H1Z1 ကိုေဆာ့ေနၾကတုန္းပါပဲ။ Battle Royale game ေတြထဲမွာ H1Z1 Pro League နဲ႔ eSport ထဲစဝင္တာကေတာ့ H1Z1 ပဲျဖစ္ပါတယ္။ Team 15 ဖြဲခြဲၿပီး PvP league ေတြေပါ့။
ဒီေတာ့ Arma 3 ရဲ႕ Mod ကေနစလိုက္တာ H1Z1 ျဖစ္လာတယ္၊ ေနာက္မွာ PUBG ၿပီးေတာ့ Fortnite စပါတယ္။
PC နဲ႔ console ကေတာ့ ေရြးစရာအမ်ားႀကီးမရွိေသးပါဘူး။ ဒိတ္ဒိတ္ၾကဲက ဒီေလးခုပဲရွိပါတယ္။ ဒါေပမယ့္ mobile platform မွာေတာ့ အမ်ားႀကီးရွိေနပါၿပီ။ Ultimate/grand battle Royale ဆိုၿပီးေတာ့ PUBG ရဲ႕ visual ကိုပဲ mindcraft ပံုစံ block style icon နဲ႔ ရွိပါတယ္ Developer ကလည္း Ghulam Mustafa ဆိုတဲ့ one-man-show ျဖစ္ပံုရပါတယ္။ free ေပးထားၿပီး ads remove အတြက္ $2 ပဲေပးရပါတယ္။ တစ္ခ်ိဳ႔နိုင္ငံေတြမွာ top 100 download အထိပါခဲ့တဲ့ ဂိမ္းတစ္ခုပါ။ လြန္ခဲ့တဲ့ November ေလာက္ကတည္းကေပါ့။ ဒီထဲမွာ အင္နဲ႔အားနဲ႔ပါဝင္ေနတာကေတာ့ တရုတ္ကုမၺဏီတစ္ခုျဖစ္တဲ့ NetEase ပဲျဖစ္ပါတယ္။ Battle Royale ထဲကို ဂိမ္း၃ ခုနဲ႕ဝင္လာခဲ့တာပါ။
တစ္ခုနဲ႔တစ္္ခုလည္း သိပ္ေတာ့အကြာႀကီးမဟုတ္ခဲ့ပါဘူး။ လြန္ခဲ့တဲ့နွစ္တုန္းကဆိုရင္ ဒီဂိမ္းေတြက အလာကားေပးစမ္းထားတယ္လို႔ေတာင္ထင္ခဲ့ပါတယ္။ ေနာက္ဆံုးမွာ တရုတ္ျပည္ကTencent က PUBG ကိုထုတ္တယ္ဆိုေတာ့ မွ ဒါမထူးဆန္းမွန္းသိေတာ့တယ္။ player အားလံုးရဲ႔ 35% ကတရုတ္ကျဖစ္ေနမွေတာ့ PUBG ကိုလည္း တရုတ္ျပည္ကစျဖန္႔တာ သဘာဝက်ပါတယ္။
Knives Out ကိုလြန္ခဲ့တဲ့ November တုန္းကထုတ္ခဲ့ပါတယ္။ PUBG လိုပဲ player 100 ပါဝင္နိုင္တဲ့ battle royale ပဲျဖစ္ပါတယ္။ ကမ႓ာအေနာက္ျခမ္းမွာေတာ့ သိပ္မေအာင္ျမင္ခဲ့ပါဘူး။ အာရွမွာေတာ့ အေတာ္ေလးေအာင္ျမင္တဲ့ ဂိမ္းတစ္ခုျဖစ္ပါတယ္။ အဓိကအားျဖင့္ ထိုင္ဝမ္၊ ဂ်ပန္၊ မကာအို၊ ေဟာင္ေကာင္ နဲ႔ ထိုင္းတို႕မွာျဖစ္ပါတယ္။ တရုတ္မွာေတာ့ တစ္ျခားနိုင္ငံေတြထက္ ရက္အနည္းငယ္ေစာထြက္ခဲ့ၿပီး iOS download chart မွာ တစ္ပတ္ေလာက္ ထိပ္ဆံုးေနရာယူထားခဲ့ပါတယ္။
NetEase ကဒီေနရာမွာရပ္မေနပဲ player 120 ေလာက္တစ္ျပိဳင္တည္း ကစားနိုင္တဲ့ Rules of Survival ကိုထပ္ထုတ္ပါေသးတယ္။ ဒီတစ္ခုကေတာ့ အေနာက္တိုင္းမွာလည္း ေပါက္ခဲ့တဲ့ ဂိမ္းတစ္ခုျဖစ္သြားပါတယ္။ US ရဲ႕ iOS download chart မွာ ထိပ္ပိုင္းအထိတက္ခဲ့ပါတယ္။ တစ္ျခား ဥေရာပနိုင္ငံေတြမွာလည္း အလုပ္ျဖစ္ခဲ့ပါေသးတယ္။ ေနာက္ဆံုးတစ္ခုကေတာ့ Survivor Royale ပါ။ ဒီတစ္ခုကေတာ့ ထိုင္းကလြဲရင္ တစ္ျခားနိုင္ငံေတြမွာ သိပ္မေပါက္ခဲ့ပါဘူး။ (data ကေတာ့ appannie မွာၾကည့္လို႔ရပါတယ္။ (exclusive ျဖစ္တဲ့အတြက္ မထည့္ေပးထားပါဘူး… 😛 )
ထားပါေတာ့ NetEase ရဲ႔ရည္ရြယ္ခ်က္က mobile ေပၚက Battle Royale အပိုင္းကို ကိုအပိုင္သိမ္းခ်င္တဲ့သေဘာလုိ႔ထင္ပါတယ္။ အားလံုးမွာ Bug ေတြရွိေနတယ္ဆိုေပမယ့္ NetEase ရဲ႔ ဂိမ္းေတြကို player ေတြမ်ားႀကီးက download ေတြလုပ္ထားၿပီး တစ္ကမ႓ာလံုးမွာလည္း ခိုင္တဲ့ server ေတြရွိေနပါၿပီ။ ဂိမ္း ၃ ခုစလံုးက ေန feedback ေတြလည္းရေနၿပီဆိုေတာ့ feature အားလံုးေပါင္းၿပီး ေနာက္တစ္ခုထပ္ထြက္လာဦးမယ္လို႔ ထင္ေနပါတယ္။ ဒီမွာစကားေျပာလာမွာက player ေတြရဲ႔ migrate လုပ္မလား မလုပ္ဘူးလားဆိုတာပါ။ ေနာက္ထပ္ 77MB ပဲရွိတဲ့ Last battleground : Survival တို႔အျပင္ Free Fire – Battleground လည္းရွိေနပါေသးတယ္။
ဒီ Battle Royale ေတြမွာ သူ႔ကို ငါကကူးတယ္၊ ငါ့ကို သူကကူးတယ္၊ ဆိုတဲ့ ကိစၥက အေရးႀကီးတယ္လို႔မျမင္ပါဘူး။ PUBG Clone လို႔ေခၚတဲ့ကိစၥေပါ့။ ဘာလို႔လဲဆိုေတာ့ Battle Royale ဆိုတာ game mode တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္လုိပဲ ထုတ္ထုတ္ ဘယ္သူပဲေရးေရး ဂိမ္းအႏွစ္သာရက ေျပာင္းသြားမွာမဟုတ္ပါဘူး။ တစ္ခုနဲ႔ တစ္ခု မတူပဲထူးျခားနိုင္တာက ပါဝင္တဲ့ feature ေတြပဲျဖစ္မွာပါ။ PC မွာေဆာ့လို႔ရလို႕ mobile ထက္ေကာင္းမယ္လို႔လည္း မဟုတ္ဘူးထင္ပါတယ္။ PUBG ကိုယ္တိုင္မွာေတာင္ PC နဲ႔ mobile မတူတာေတြရွိပါတယ္။ (ဒီလိုဂိမ္းမ်ိဳးကို mobile ေပၚေရာက္ေအာင္တင္ဖို႔ porting ဘယ္လိုခက္ခဲလဲဆိုတာ တီးမိေခါက္မိရွိတဲ့ gamer ေတြအသိဆံုးျဖစ္ပါလိမ့္မယ္။)
ေနာက္ဆံုးတစ္ခုကေတာ့ သူတို႔ developer ေတြကိုယ္တိုင္လည္း battle royale ပြဲျပိုင္ေနရသလို last developer standing လည္းျဖစ္လာနိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Player ေတြကေတာ့ ကိုယ့္အတြက္ အဆင္အေျပဆံုးဂိမ္း၊ ကိုယ့္ဖုန္းနဲ႔ အကိုက္ဆံုးဂိမ္း၊ ကိုယ့္ကိုေပ်ာ္ရႊင္မွုအေကာင္းဆံုးေပးနိုင္တဲ့ ဂိ္မ္းကိုပဲေရြးၾကလိမ့္မယ္ထင္ပါတယ္။
[unicode]
ပြီးခဲ့တဲ့ 2017 ကတော့ ဂိမ်းလောကမှာ Battle Royale နှစ်လို့ပြောရလောက်အောင်Battle Royale game တွေအများကြီးထွက်ခဲ့ပါတယ်။ ဂိမ်းတစ်ခုနဲ့တစ်ခုလည်း ပေးနိုင်တဲ့ “ရသ” မတူခဲ့ပါဘူး။ အကုန်လုံးလိုက်ဆော့တဲ့ Gamer တွေရှိသလို ကိုယ်နဲ့ အကိုက်ဆုံး၊ ကိုယ်စိတ်တိုင်းအကျဆုံးဂိမ်းကိုပဲရွေးဆော့တဲ့ gamer တွေလည်းရှိကြပါတယ်။ အခုဆိုရင် Battle Royale game တွေကလည်း eSport တန်းဝင်ဖြစ်လာပြီဖြစ်တဲ့အတွက် တစေ့တစောင်းလေးပြောကြည့်ရအောင်…
Battle Royale ဆိုတာက game mode တစ်ခုဖြစ်တဲ့အတွက် အကြမ်းဖျဉ်းနားလည်စေချင်တာက player တွေအများကြီးရှိမယ်၊ တစ်ဦးချင်းဖြစ်ဖြစ်၊ ၂ယောက်တွဲဖြစ်ဖြစ်၊ အဖွဲ့နဲ့ပဲဖြစ်ဖြစ် ဧရိယာတစ်ခုအတွင်း သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အသက်ရှင်ဖို့အတွက်ပါပဲ။
လက်ရှိ Battle Royale game တွေဘယ်ကမြစ်ဖျားခံခဲ့လဲဆိုရင်တော့ Arma 3 ရဲ့ Battle Royale Mod ကစတယ်လို့ပဲ အများစုက လက်ခံထားကြပါတယ်။ (Idea ကတော့ Jap movie တစ်ခုက စတယ်လည်းပြောပါတယ်၊ Divergent mod လည်းပါသေးတယ်၊ ထားပါတော့)။ Arma 3 ရဲ့ Battle Royale Mod ကိုရေးခဲ့တာကတော့ PUBG ရဲ့ developer ဖြစ်သူ PlayerUnknown ခေါ် Brenden Greene ကိုယ်တိုင်ပဲဖြစ်ပါတယ်။ Last man standing PvP mode ကို Arma 3 ရဲ့ mod မှာစတင်ခဲ့ပြီး ပေါက်သွားတဲ့အချိန်မှာ နောက်ထပ် Battle Royale game တွေထပ်လုပ်ဖို့ဖြစ်လာပါတယ်။ တကယ်က စစ်ဘက်ပုံစံနဲ့ အနီးစပ်ဆုံး battle royale ကိုဆော့ချင်ရင်တော့ Arma 3 အခုအချိန်အထိ အကောင်းဆုံးလို့ထင်ပါတယ်။ အလုပ်လုပ်ပုံ၊ game play၊ Graphic ပိုင်းမှာ တစ်ခြား ဘယ်ဂိမ်းမှ ယှဉ်လို့ မလွယ်ပါဘူး။ လက်ရှိ PUBG ရဲ့ eSport မှာရှိနေတဲ့ Pro player အများစုက Arma 3 ကစခဲ့ကြပါတယ်။
နောက်တစ်ခုကတော့ H1Z1 ပေါ့။ Fortnite နဲ့ PUBG မလာခင်တော့ သူက ဘုရင်ကြီးတစ်ပါးပေါ့။ အခုလည်း Arma 3 နဲ့ H1Z1 ကိုဆော့နေကြတုန်းပါပဲ။ Battle Royale game တွေထဲမှာ H1Z1 Pro League နဲ့ eSport ထဲစဝင်တာကတော့ H1Z1 ပဲဖြစ်ပါတယ်။ Team 15 ဖွဲခွဲပြီး PvP league တွေပေါ့။
ဒီတော့ Arma 3 ရဲ့ Mod ကနေစလိုက်တာ H1Z1 ဖြစ်လာတယ်၊ နောက်မှာ PUBG ပြီးတော့ Fortnite စပါတယ်။
PC နဲ့ console ကတော့ ရွေးစရာအများကြီးမရှိသေးပါဘူး။ ဒိတ်ဒိတ်ကြဲက ဒီလေးခုပဲရှိပါတယ်။ ဒါပေမယ့် mobile platform မှာတော့ အများကြီးရှိနေပါပြီ။ Ultimate/grand battle Royale ဆိုပြီးတော့ PUBG ရဲ့ visual ကိုပဲ mindcraft ပုံစံ block style icon နဲ့ ရှိပါတယ် Developer ကလည်း Ghulam Mustafa ဆိုတဲ့ one-man-show ဖြစ်ပုံရပါတယ်။ free ပေးထားပြီး ads remove အတွက် $2 ပဲပေးရပါတယ်။ တစ်ချို့နိုင်ငံတွေမှာ top 100 download အထိပါခဲ့တဲ့ ဂိမ်းတစ်ခုပါ။ လွန်ခဲ့တဲ့ November လောက်ကတည်းကပေါ့။ ဒီထဲမှာ အင်နဲ့အားနဲ့ပါဝင်နေတာကတော့ တရုတ်ကုမ္ဗဏီတစ်ခုဖြစ်တဲ့ NetEase ပဲဖြစ်ပါတယ်။ Battle Royale ထဲကို ဂိမ်း၃ ခုနဲ့ဝင်လာခဲ့တာပါ။
တစ်ခုနဲ့တစ်ခုလည်း သိပ်တော့အကွာကြီးမဟုတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်တုန်းကဆိုရင် ဒီဂိမ်းတွေက အလာကားပေးစမ်းထားတယ်လို့တောင်ထင်ခဲ့ပါတယ်။ နောက်ဆုံးမှာ တရုတ်ပြည်ကTencent က PUBG ကိုထုတ်တယ်ဆိုတော့ မှ ဒါမထူးဆန်းမှန်းသိတော့တယ်။ player အားလုံးရဲ့ 35% ကတရုတ်ကဖြစ်နေမှတော့ PUBG ကိုလည်း တရုတ်ပြည်ကစဖြန့်တာ သဘာဝကျပါတယ်။
Knives Out ကိုလွန်ခဲ့တဲ့ November တုန်းကထုတ်ခဲ့ပါတယ်။ PUBG လိုပဲ player 100 ပါဝင်နိုင်တဲ့ battle royale ပဲဖြစ်ပါတယ်။ ကမ္ဘာအနောက်ခြမ်းမှာတော့ သိပ်မအောင်မြင်ခဲ့ပါဘူး။ အာရှမှာတော့ အတော်လေးအောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် ထိုင်ဝမ်၊ ဂျပန်၊ မကာအို၊ ဟောင်ကောင် နဲ့ ထိုင်းတို့မှာဖြစ်ပါတယ်။ တရုတ်မှာတော့ တစ်ခြားနိုင်ငံတွေထက် ရက်အနည်းငယ်စောထွက်ခဲ့ပြီး iOS download chart မှာ တစ်ပတ်လောက် ထိပ်ဆုံးနေရာယူထားခဲ့ပါတယ်။
NetEase ကဒီနေရာမှာရပ်မနေပဲ player 120 လောက်တစ်ပြိုင်တည်း ကစားနိုင်တဲ့ Rules of Survival ကိုထပ်ထုတ်ပါသေးတယ်။ ဒီတစ်ခုကတော့ အနောက်တိုင်းမှာလည်း ပေါက်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်သွားပါတယ်။ US ရဲ့ iOS download chart မှာ ထိပ်ပိုင်းအထိတက်ခဲ့ပါတယ်။ တစ်ခြား ဥရောပနိုင်ငံတွေမှာလည်း အလုပ်ဖြစ်ခဲ့ပါသေးတယ်။ နောက်ဆုံးတစ်ခုကတော့ Survivor Royale ပါ။ ဒီတစ်ခုကတော့ ထိုင်းကလွဲရင် တစ်ခြားနိုင်ငံတွေမှာ သိပ်မပေါက်ခဲ့ပါဘူး။ (data ကတော့ appannie မှာကြည့်လို့ရပါတယ်။ (exclusive ဖြစ်တဲ့အတွက် မထည့်ပေးထားပါဘူး… 😛 )
ထားပါတော့ NetEase ရဲ့ရည်ရွယ်ချက်က mobile ပေါ်က Battle Royale အပိုင်းကို ကိုအပိုင်သိမ်းချင်တဲ့သဘောလို့ထင်ပါတယ်။ အားလုံးမှာ Bug တွေရှိနေတယ်ဆိုပေမယ့် NetEase ရဲ့ ဂိမ်းတွေကို player တွေများကြီးက download တွေလုပ်ထားပြီး တစ်ကမ္ဘာလုံးမှာလည်း ခိုင်တဲ့ server တွေရှိနေပါပြီ။ ဂိမ်း ၃ ခုစလုံးက နေ feedback တွေလည်းရနေပြီဆိုတော့ feature အားလုံးပေါင်းပြီး နောက်တစ်ခုထပ်ထွက်လာဦးမယ်လို့ ထင်နေပါတယ်။ ဒီမှာစကားပြောလာမှာက player တွေရဲ့ migrate လုပ်မလား မလုပ်ဘူးလားဆိုတာပါ။ နောက်ထပ် 77MB ပဲရှိတဲ့ Last battleground : Survival တို့အပြင် Free Fire – Battleground လည်းရှိနေပါသေးတယ်။
ဒီ Battle Royale တွေမှာ သူ့ကို ငါကကူးတယ်၊ ငါ့ကို သူကကူးတယ်၊ ဆိုတဲ့ ကိစ္စက အရေးကြီးတယ်လို့မမြင်ပါဘူး။ PUBG Clone လို့ခေါ်တဲ့ကိစ္စပေါ့။ ဘာလို့လဲဆိုတော့ Battle Royale ဆိုတာ game mode တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ ထုတ်ထုတ် ဘယ်သူပဲရေးရေး ဂိမ်းအနှစ်သာရက ပြောင်းသွားမှာမဟုတ်ပါဘူး။ တစ်ခုနဲ့ တစ်ခု မတူပဲထူးခြားနိုင်တာက ပါဝင်တဲ့ feature တွေပဲဖြစ်မှာပါ။ PC မှာဆော့လို့ရလို့ mobile ထက်ကောင်းမယ်လို့လည်း မထင်ပါဘူး။။ PUBG ကိုယ်တိုင်မှာတောင် PC နဲ့ mobile မတူတာတွေရှိပါတယ်။ (ဒီလိုဂိမ်းမျိုးကို mobile ပေါ်ရောက်အောင်တင်ဖို့ ဘယ်လိုခက်ခဲလဲဆိုတာ တီးမိခေါက်မိရှိတဲ့ gamer တွေအသိဆုံးဖြစ်ပါလိမ့်မယ်။) နောက်ဆုံးတစ်ခုကတော့ သူတို့ developer တွေကိုယ်တိုင်လည်း battle royale ပွဲပြိုင်နေရသလို last developer standing လည်းဖြစ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Player တွေကတော့ ကိုယ့်အတွက် အဆင်အပြေဆုံးဂိမ်း၊ ကိုယ့်ဖုန်းနဲ့ အကိုက်ဆုံးဂိမ်း၊ ကိုယ့်ကိုပျော်ရွှင်မှုအကောင်းဆုံးပေးနိုင်တဲ့ ဂိမ်းကိုပဲရွေးကြလိမ့်မယ်ထင်ပါတယ်။