[zawgyi]
Ok…Ok…GTA VI ကိစၥေပါ့။ ထြက္ေတာ့မယ္ေျပာတာမဟုတ္ပါဘူး။ သိတဲ့အတိုင္း လာမယ့္ ၃ႏွစ္ ၄ႏွစ္ေလာက္ေတာ့ ၾကာဦးမယ္ထင္ပါတယ္။ အခုေရးေနတဲ့ အခ်ိန္မွာ GTA V နဲ႔ GTA Online နွစ္ခုေပါင္း သန္း ၉၀ ေလာက္ေရာင္းထားခဲ့ၿပီးၿပီမဟုတ္လား။ ဒီေတာ့ မၾကာခင္ျမန္ျမန္ေတာ့ထြက္လာဦးမွာမဟုတ္ပါဘူး။
The Know မွာေတြ႔လိုက္လို႔ေရးျဖစ္သြားတယ္ဆိုပါေတာ့။ ဒါေပမယ့္ ဟာသတစ္ပုဒ္လို႔သတ္မွတ္ၿပီးေတာ့ပဲ နားေထာင္လိုက္တာပါ။ ၅ရက္ေန႔တုန္းက The Know မွာ GTA VI အေၾကာင္း တစ္ခ်ိဳ႔ကိစၥေတြ ေပါက္ၾကားတယ္ေပါ့။ တကယ္နားေထာင္ၾကည့္ေတာ့ သူတို႔လည္းတာဝန္မခံထားပါဘူး။ Confirmation မေပးနိုင္ၾကဘူးေပါ့။ အမည္မေဖာ္လိုတဲ့ source တစ္ခုကသိတယ္ပဲေျပာပါတယ္။
ေျပာတာကေတာ့ အမ်ိဳးသမီးဇာတ္ေကာင္က အဓိကေနရာမွာပါဝင္လာမယ္ဆိုတာရယ္ VICE CITY မွာျပန္ၿပီးအေျခခံမယ္ဆိုတာရယ္၊ ၿပီးေတာ့ တစ္ခ်ိဳ႕ mission ေတြကို ေတာင္အေမရိကမွာ အေျချပဳထားတယ္ဆိုတာေလာက္ပါပဲ။ အရင္ GTA V တုန္းကလို အဓိကဇာတ္ေဆာင္ အမ်ားႀကီးနဲ႔ ျဖစ္မျဖစ္ကိုေတာ့ ေသခ်ာဘာမွာမေျပာသြားပါဘူး။
Rock Star ကေတာ့ Red Dead Redemption အတြက္ကိုလည္း အေတာ္ေလးအားထည့္ေနရေတာ့ အဲဒါၿပီးမွ GTA series ေတြဘက္ကိုလွည့္မယ္ထင္ပါတယ္။ အခုသတင္းေတြက အသစ္လို႔ေျပာရေအာင္လည္း မဟုတ္ျပန္ဘူး။ ေသခ်ာလားဆိုေတာ့လည္း ဘာမွမေရရာဘူးဆိုေပမယ့္ GTA Online မေဆာ့ျဖစ္တဲ့ သူေတြအတြက္ေတာ့ ဘာပဲျဖစ္ျဖစ္ စိတ္ကူးယဥ္စရာရတာေပါ့ေလ။
[unicode]
Ok…Ok…GTA VI ကိစ္စပေါ့။ ထွက်တော့မယ်ပြောတာမဟုတ်ပါဘူး။ သိတဲ့အတိုင်း လာမယ့် ၃နှစ် ၄နှစ်လောက်တော့ ကြာဦးမယ်ထင်ပါတယ်။ အခုရေးနေတဲ့ အချိန်မှာ GTA V နဲ့ GTA Online နှစ်ခုပေါင်း သန်း ၉၀ လောက်ရောင်းထားခဲ့ပြီးပြီမဟုတ်လား။ ဒီတော့ မကြာခင်မြန်မြန်တော့ထွက်လာဦးမှာမဟုတ်ပါဘူး။
The Know မှာတွေ့လိုက်လို့ရေးဖြစ်သွားတယ်ဆိုပါတော့။ ဒါပေမယ့် ဟာသတစ်ပုဒ်လို့သတ်မှတ်ပြီးတော့ပဲ နားထောင်လိုက်တာပါ။ ၅ရက်နေ့တုန်းက The Know မှာ GTA VI အကြောင်း တစ်ချို့ကိစ္စတွေ ပေါက်ကြားတယ်ပေါ့။ တကယ်နားထောင်ကြည့်တော့ သူတို့လည်းတာဝန်မခံထားပါဘူး။ Confirmation မပေးနိုင်ကြဘူးပေါ့။ အမည်မဖော်လိုတဲ့ source တစ်ခုကသိတယ်ပဲပြောပါတယ်။
ပြောတာကတော့ အမျိုးသမီးဇာတ်ကောင်က အဓိကနေရာမှာပါဝင်လာမယ်ဆိုတာရယ် VICE CITY မှာပြန်ပြီးအခြေခံမယ်ဆိုတာရယ်၊ ပြီးတော့ တစ်ချို့ mission တွေကို တောင်အမေရိကမှာ အခြေပြုထားတယ်ဆိုတာလောက်ပါပဲ။ အရင် GTA V တုန်းကလို အဓိကဇာတ်ဆောင် အများကြီးနဲ့ ဖြစ်မဖြစ်ကိုတော့ သေချာဘာမှာမပြောသွားပါဘူး။
Rock Star ကတော့ Red Dead Redemption အတွက်ကိုလည်း အတော်လေးအားထည့်နေရတော့ အဲဒါပြီးမှ GTA series တွေဘက်ကိုလှည့်မယ်ထင်ပါတယ်။ အခုသတင်းတွေက အသစ်လို့ပြောရအောင်လည်း မဟုတ်ပြန်ဘူး။ သေချာလားဆိုတော့လည်း ဘာမှမရေရာဘူးဆိုပေမယ့် GTA Online မဆော့ဖြစ်တဲ့ သူတွေအတွက်တော့ ဘာပဲဖြစ်ဖြစ် စိတ်ကူးယဉ်စရာရတာပေါ့လေ။
Ref : The Know