[zawgyi]
ဒီတစ္ပတ္မွာေတာ့ ကုိယ္ႀကိဳက္တဲ့ ဂိမ္းေတြမ်ားပါတယ္။ အခ်ိန္မရတာနဲ႔ မေဆာ့ျဖစ္ၾကတာနဲ႔ဆိုေတာ့ ေဆာ့ျဖစ္သမွ်ေတာ့ ျပန္ရွယ္လို္က္ပါတယ္။
PUBG mobile
Mobile ကိုေရာက္တာရက္ၾကာေနၿပီဆိုေတာ့ chicken dinner ေကာင္းေကာင္းဆြဲၿပီးၾကေလာက္ေရာေပါ့။ PlayerUnknown’s BattleGround ကေတာ့ေျပာထားတဲ့အတိုင္း mobile game ထြက္လာတဲ့အခါမွာလည္း စိတ္မပ်က္ရပါဘူး။ PC နဲ႔ Xbox မွာေတာင္မပါတဲ့ feature ေတြထည့္ေပးထားတာေတြ႕ရပါတယ္။ မေကာင္းတဲ့ အခ်က္က တစ္ခါတစ္ေလ အေနွးတတ္တာျဖစ္ၿပီးေတာ့ တစ္ခ်ိဳ႔ဖုန္းေတြမွာ ေဆာ့လို႔ အဆင္မေျပတာပါပဲ။ Tencent ကေတာ့ ေနာက္ပိုင္းမွာ ဒါေတြကိုျပင္ဆင္သြားမယ္ထင္ပါတယ္။ mobile ဆိုေပမယ့္ ကြၽန္ေတာ့အတြက္ေတာ့ tablet မွာပဲ အေကာင္းဆံုးေဆာ့လို႔ အဆင္ေျပပါတယ္။ ဒါကေတာ့ မေဆာ့ျဖစ္ေသးတဲ့သူေတြအတြက္ပါ။
SHADOWGUN LEGENDS
လြန္ခဲ့တဲ့ 2011 ေလာက္တုန္းက ထြက္ခဲ့တဲ့ Shadowgun နဲ႔ 2012 တုန္းက Shadowgun:Dead Zone တို႔အၿပီး ၆နွစ္ေလာက္ၾကာမွာေတာ့ Shadowgun Legends ထြက္ရွိလာပါၿပီ။ FPS RPG ထဲမွာအေကာင္းဆံုး တစ္ခုလို႔ေျပာလို႔ရပါလိမ့္မယ္။ စစခ်င္းမွာ Destiny နဲ႔တူတယ္လို႔ခဏေလးေတာ့ ထင္မိလိုက္ပါတယ္။ ဒါေပမယ့္ ဘာမွမဆိုင္မွန္းသိလာရပါလိမ့္မယ္။ FPS game တစ္ခုမွာ ေမွ်ာ္လင့္သမွ်ကိစၥ စံုစံုလင္လင္ထည့္ေပးထားတယ္လို႔ျမင္ပါတယ္။ Multiplayer မွာလည္း ေကာင္းေကာင္း ေဆာ့လို႔ရပါတယ္။ တကယ္က ျပိဳင္ဘက္ေတြနဲ႔ပဲျဖစ္ျဖစ္ co-op ပဲျဖစ္ျဖစ္ ၂ ခုစလံုးမွာ တကယ္ကို smooth ျဖစ္ပါတယ္။ (connection လည္းပါမယ္ထင္ပါတယ္။) လက္ရွိမွာ PUBG mobile နဲ႔ Fortnite လည္းရွိေနေတာ့ ဒီဂိမ္းဘယ္အထိသြားမလဲကေတာ့ ေစာင့္ၾကည့္ၾကတာေပါ့ေလ။ တစ္ခ်ိဳ႕ကေတာ့ repetative ျဖစ္တယ္လို႔ခံစားရမယ္ထင္တယ္။ ေၾကးစားစစ္သားေတြကို ဆယ္လီ rocker ႀကီးေတြလိုသေဘာထားတဲ့ေနရာကိုသြားခ်င္ရင္ေတာ့ Shadowgun legends ပဲျဖစ္ပါလိမ့္မယ္။
ANIMUS : STAND ALONE
“ေမွ်ာ္လင့္ခ်က္ေတြရဲ႕ အတက္အက်ေတြတိုင္းဟာ ေနာက္ဆံုးေတာ့လည္း ဖုန္ဆိုးေျမေတြထဲမွာေပ်ာက္ကြယ္သြားၾကတယ္၊ သူရဲေကာင္းေတြရဲ႕ ေခတ္ကုန္ဆံုးၿပီးတဲ့ေနာက္ အရာရာဟာ မေကာင္းဆိုးဝါးေတြရဲ႕ အေမွာင္ထုထဲမွာပဲ ပိတ္မိေနၾကတုန္း….ဒါေပမယ့္ ဒီေဒသ ဒီနယ္ေျမကို အဆံုးအထိျဖတ္သန္းသြားမယ့္ ဒါမွမဟုတ္ အရိပ္ဆိုးေတြကို အဆံုးသတ္ေပးမယ့္ သူတစ္ေယာက္ေတာ့က်န္ေသးတယ္…” ဇာတ္လမ္းကေတာ့ ဒီလိုေလးစထားပါတယ္။ Ire Blood Memory ကိုေကာင္းေကာင္းေဆာ့ခဲ့ဖူးတဲ့သူေတြအတြက္ကေတာ့ ဒီတစ္ခါလည္း အေကာင္းဆံုး combat ကိုေတြ႔ျမင္ၾကရဦးမွာပါ။ အျမဲတမ္း combat system ေတြမွာ နံပါတ္ေတြနဲ႔ရွု႔ပ္ေနတဲ့ screen ကိုမေတြ႔ရပဲ တကယ့္ တိုက္ခိုက္ေရးစစ္စစ္ ဂိမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ 2.1GB ေလာက္နဲ႔ $8 တန္အျပင္ in-game မွာလည္း gems ေတြဝယ္ၿပီး upgrade ေတြလုပ္လို႔ရပါေသးတယ္။
MASTER OF ETERNITY
SRPG ဂိမ္းတစ္ခုပဲဆိုပါေတာ့။ game ကိုျမင္ရမွာေတာ့ pixel style ပဲျဖစ္ပါတယ္။ တစ္ဘက္မွာ comic ကိုအေျခခံတဲ့ visual comic လိုျဖစ္ၿပီး တစ္ဘက္မွာေတာ့ turn-based strategy ျဖစ္ပါတယ္။ gacha system မွာေတာ့ pilot ေတြကသူတို႔ေမာင္းတဲ့ mecha ေတြကိုစုရတဲ့ပံုစံျဖစ္ပါတယ္။ တစ္ခုပဲ moe မႀကိဳက္တဲ့သူေတြအတြက္ေတာ့ မေဆာ့တာအေကာင္းဆံုးပဲ။
RUNVENTURE
ေပ်ာ္စရာဂိမ္းေလးတစ္ခုပါ။ အခ်ိန္ျဖဳန္းလို႔ေကာင္းတဲ့ဂိမ္းတစ္ခုေပါ့။
Chicken dinner ေတြရပါေစဗ်ာ….
[unicode]
ဒီတစ်ပတ်မှာတော့ ကိုယ်ကြိုက်တဲ့ ဂိမ်းတွေများပါတယ်။ အချိန်မရတာနဲ့ မဆော့ဖြစ်ကြတာနဲ့ဆိုတော့ ဆော့ဖြစ်သမျှတော့ ပြန်ရှယ်လိုက်ပါတယ်။
PUBG mobile
Mobile ကိုရောက်တာရက်ကြာနေပြီဆိုတော့ chicken dinner ကောင်းကောင်းဆွဲပြီးကြလောက်ရောပေါ့။ PlayerUnknown’s BattleGround ကတော့ပြောထားတဲ့အတိုင်း mobile game ထွက်လာတဲ့အခါမှာလည်း စိတ်မပျက်ရပါဘူး။ PC နဲ့ Xbox မှာတောင်မပါတဲ့ feature တွေထည့်ပေးထားတာတွေ့ရပါတယ်။ မကောင်းတဲ့ အချက်က တစ်ခါတစ်လေ အနှေးတတ်တာဖြစ်ပြီးတော့ တစ်ချို့ဖုန်းတွေမှာ ဆော့လို့ အဆင်မပြေတာပါပဲ။ Tencent ကတော့ နောက်ပိုင်းမှာ ဒါတွေကိုပြင်ဆင်သွားမယ်ထင်ပါတယ်။ mobile ဆိုပေမယ့် ကျွန်တော့အတွက်တော့ tablet မှာပဲ အကောင်းဆုံးဆော့လို့ အဆင်ပြေပါတယ်။ ဒါကတော့ မဆော့ဖြစ်သေးတဲ့သူတွေအတွက်ပါ။
SHADOWGUN LEGENDS
လွန်ခဲ့တဲ့ 2011 လောက်တုန်းက ထွက်ခဲ့တဲ့ Shadowgun နဲ့ 2012 တုန်းက Shadowgun:Dead Zone တို့အပြီး ၆နှစ်လောက်ကြာမှာတော့ Shadowgun Legends ထွက်ရှိလာပါပြီ။ FPS RPG ထဲမှာအကောင်းဆုံး တစ်ခုလို့ပြောလို့ရပါလိမ့်မယ်။ စစချင်းမှာ Destiny နဲ့တူတယ်လို့ခဏလေးတော့ ထင်မိလိုက်ပါတယ်။ ဒါပေမယ့် ဘာမှမဆိုင်မှန်းသိလာရပါလိမ့်မယ်။ FPS game တစ်ခုမှာ မျှော်လင့်သမျှကိစ္စ စုံစုံလင်လင်ထည့်ပေးထားတယ်လို့မြင်ပါတယ်။ Multiplayer မှာလည်း ကောင်းကောင်း ဆော့လို့ရပါတယ်။ တကယ်က ပြိုင်ဘက်တွေနဲ့ပဲဖြစ်ဖြစ် co-op ပဲဖြစ်ဖြစ် ၂ ခုစလုံးမှာ တကယ်ကို smooth ဖြစ်ပါတယ်။ (connection လည်းပါမယ်ထင်ပါတယ်။) လက်ရှိမှာ PUBG mobile နဲ့ Fortnite လည်းရှိနေတော့ ဒီဂိမ်းဘယ်အထိသွားမလဲကတော့ စောင့်ကြည့်ကြတာပေါ့လေ။ တစ်ချို့ကတော့ repetative ဖြစ်တယ်လို့ခံစားရမယ်ထင်တယ်။ ကြေးစားစစ်သားတွေကို ဆယ်လီ rocker ကြီးတွေလိုသဘောထားတဲ့နေရာကိုသွားချင်ရင်တော့ Shadowgun legends ပဲဖြစ်ပါလိမ့်မယ်။
ANIMUS : STAND ALONE
“မျှော်လင့်ချက်တွေရဲ့ အတက်အကျတွေတိုင်းဟာ နောက်ဆုံးတော့လည်း ဖုန်ဆိုးမြေတွေထဲမှာပျောက်ကွယ်သွားကြတယ်၊ သူရဲကောင်းတွေရဲ့ ခေတ်ကုန်ဆုံးပြီးတဲ့နောက် အရာရာဟာ မကောင်းဆိုးဝါးတွေရဲ့ အမှောင်ထုထဲမှာပဲ ပိတ်မိနေကြတုန်း….ဒါပေမယ့် ဒီဒေသ ဒီနယ်မြေကို အဆုံးအထိဖြတ်သန်းသွားမယ့် ဒါမှမဟုတ် အရိပ်ဆိုးတွေကို အဆုံးသတ်ပေးမယ့် သူတစ်ယောက်တော့ကျန်သေးတယ်…” ဇာတ်လမ်းကတော့ ဒီလိုလေးစထားပါတယ်။ Ire Blood Memory ကိုကောင်းကောင်းဆော့ခဲ့ဖူးတဲ့သူတွေအတွက်ကတော့ ဒီတစ်ခါလည်း အကောင်းဆုံး combat ကိုတွေ့မြင်ကြရဦးမှာပါ။ အမြဲတမ်း combat system တွေမှာ နံပါတ်တွေနဲ့ရှု့ပ်နေတဲ့ screen ကိုမတွေ့ရပဲ တကယ့် တိုက်ခိုက်ရေးစစ်စစ် ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ 2.1GB လောက်နဲ့ $8 တန်အပြင် in-game မှာလည်း gems တွေဝယ်ပြီး upgrade တွေလုပ်လို့ရပါသေးတယ်။
MASTER OF ETERNITY
SRPG ဂိမ်းတစ်ခုပဲဆိုပါတော့။ game ကိုမြင်ရမှာတော့ pixel style ပဲဖြစ်ပါတယ်။ တစ်ဘက်မှာ comic ကိုအခြေခံတဲ့ visual comic လိုဖြစ်ပြီး တစ်ဘက်မှာတော့ turn-based strategy ဖြစ်ပါတယ်။ gacha system မှာတော့ pilot တွေကသူတို့မောင်းတဲ့ mecha တွေကိုစုရတဲ့ပုံစံဖြစ်ပါတယ်။ တစ်ခုပဲ moe မကြိုက်တဲ့သူတွေအတွက်တော့ မဆော့တာအကောင်းဆုံးပဲ။
RUNVENTURE
ပျော်စရာဂိမ်းလေးတစ်ခုပါ။ အချိန်ဖြုန်းလို့ကောင်းတဲ့ဂိမ်းတစ်ခုပေါ့။
Chicken dinner တွေရပါစေဗျာ….