[zawgyi]
[unicode]
PUBG mobile ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်ကမ္ဘာလုံးကိုဖြန့်ခဲ့ပါတယ်။ list ထဲမှာမပါတဲ့ အိမ်နီးနားချင်းနိုင်ငံတွေလည်း server တွေရဲ့တန်ခိုးနဲ့ဆော့လို့ရခဲ့ကြပါတယ်။ ping တော့များလိမ့်မယ်ထင်ပါတယ်။ တကယ်လည်းကောင်းတဲ့ဂိမ်းတစ်ခုလို့ အများစုလက်ခံပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းအများစုရဲ့ social wall ပေါ်မှာ chicken dinner တွေအများကြီးတွေ့ရလို့ပါပဲ။ PC မှာ စွန်း “ဂွမ်း” နေတဲ့ သူတောင်မှ chicken dinner ရတယ်လို့ပြောလာတဲ့အခါ….
PUBG mobile ဆိုတဲ့ဂိမ်းက iOS မှာရော Android မှာပါရောက်လာအောင် PC ကနေ port လုပ်လာတဲ့ဂိမ်းတစ်ခုပါ။ ဒါပေမယ့် ကျွန်တော် ဒီနေ့မှ mobile မှာစဆော့ဖြစ်ပါတယ်။ control ကတစ်ခြား clone လို့ခေါ်နေတဲ့ Battle Royale တွေထက်စာရင်တော့ နှေးတယ်လို့ခံစားရတာတကယ်ပါ။ တစ်ခြား BR တွေက ပိုပြီး fast pace နဲ့ aggressive ဖြစ်ပါတယ်။ ဒီမှာစိတ်ထဲထင့်လာတာက ဘာလို့ အခုမှစဆော့တဲ့သူတွေက Chicken dinner ကို အငမ်းမရ တွေရနေတာလဲပေါ့?
FB မှာရော Twitter မှာရော instagram မှာပါ “ကြက်ကင်စားဦးမလား” တွေ့လာရပါတယ်။ “I am damn good at PUBG” လို့ဖြစ်လာတယ်ပေါ့။
ဂိမ်းဆော့တဲ့ သက်တမ်းတစ်ခုရောက်လာရင်တော့ ဒါကို သတိထားမိလာပါလိမ့်မယ်။ ဂိမ်းတစ်ခုရဲ့ အစောပိုင်းမှာတွေ့ရတဲ့ ပြိုင်ဘက်တွေဆိုတာ Bot တွေဖြစ်နေတဲ့ အကြောင်းလေးပေါ့။ PC ပေါ်မှာရှိတဲ့ PUBG မှာ Bot တွေမရှိပါဘူး။ ဒါကို Bluehole ကိုယ်တိုင်ကလည်းပြောထားပါတယ်။ mobile မှာတော့ ဒါကို ဘာမှမပြောထားပါဘူး။ ကျွန်တော်ကိုယ်တိုင် ပထမဆုံးပွဲမှာ အင်္ကျ ီနီတွေအများကြီးတွေ့ရပြီး ဒဲ့လာပစ်ပြီး ပတ်ပြေးနေတဲ့ သူနဲ့စတွေ့ရတာပါပဲ။
Bot တွေရဲ့ရည်ရွယ်ချက်ကတော့ ပထမဆုံး စဆော့တဲ့သူတွေအတွက် tutorial သဘောမျိုးလို့ပြောပါတယ်။ control တွေနဲ့ရင်းနှီးလာအောင်ဖြစ်ပါတယ်။ ကိုယ်က ဂိမ်းနဲ့ရင်နှီးလာတာနဲ့အမျှ ကိုယ့် round ထဲက Bot တွေလည်း လျှော့သွားပါလိမ့်မယ်။
ဒီတော့ စစဆော့ချင်းမှာ တစ်ခြား Player အများစုက Bot တွေဖြစ်နေတာက ကောင်းတဲ့ အချက်တွေလည်းရှိပါတယ်။ တစ်ခါတည်းစိတ်ပျက်ပြီးတော့ ထွက်မသွားတော့ဘူးပေါ့လေ။ Reddit မှာတော့ PUBG ကရေးထားတာရှိပါတယ်။ “ပထမဆုံးအနိုင်ရရင် အကူအညီကောင်းကောင်းရလို့ပါ” လို့ပြောထားတာကိုး။
ဒီလောက်တောင် crate တွေကနေ အဝတ်အစားတွေ gear တွေရရဲ့သားနဲ့ အများစုက ဆင်တူတွေဝတ်ပြီး ငါ့ကို shotgun ကြီးနဲ့ လိုက်ပစ်နေလဲလို့ ထင်မိမှာပေါ့။ တစ်ချက်မှလည်းမထိကြဘူးလေ။ ပထမဆုံးပွဲမှာတင် 18 လောက်ကနေ 30 လောက်အထိ Kill ရပြီး first ရရင်ရ မရရင် 3rd place ကတော့ တန်းနေပါလိမ့်မယ်။ ဒါပေမယ့် ၁၀ပွဲလောက်ကစားပီးတဲ့ အချိန်မှာတော့အခြေအနေတွေက တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ စည်းစည်းပိုင်ပိုင်ဖြစ်လာတယ်ပေါ့။ တစ်ဘက်က “လူ”ဆိုတာသေချာတဲ့ “feel” တစ်ခုရလာပါလိမ့်မယ်။ ခက်လာတယ်။ ပထမပိုင်းပွဲတွေမှာ ကိုယ်က ကျည်ပြီးခဲ့သမျှ အဲ့ဒီအချိန်မှာ “ပစ်မလွဲကြီး” ဖြစ်လာတော့တာပဲ။ အဝတ်အစားတွေလည်းသိသာလာပါလိမ့်မယ်။ ဒီတော့မှ တကယ် Chicken dinner ရရင် ထိုက်တန်တယ်လို့သတ်မှတ်ပြီး တစ်ခြား 99 ယောက်ကတော့ “feel” နေပြီလို့စိတ်ချလိုက်တာပေါ့။ တစ်ချို့က ရှုံးရင်မကြိုက်ကြဘူးမဟုတ်လား။
အခုမှစဆော့ပြီး ပထမဆုံးပွဲနည်းနည်းလေးမှာ Chicken dinner တွေ ရလာရင်တော့ သိပ်မကြွားမိစေနဲ့ဦးပေါ့။ ကိုယ်က bot killer ဖြစ်နေမှာမဟုတ်လား။