[zawgyi]
ထိတ္လန္႔သည္းဖို႔ လို႔ေျပာရမယ့္ Thriller ရုပ္ရွင္ကားေတြၾကည့္ျဖစ္တယ္ ဆိုရင္ေတာ့ 2015 တုန္းကထြက္ထားတဲ့ Sicario ကိုမွတ္မိဦးမယ္ထင္ပါတယ္။ ရုိက္ခဲ့တဲ့ Director ကေတာ့ Denis Villeneuve ျဖစ္ပါတယ္။ သူဟာ Sicario ေၾကာင့္ပဲ Arrival နဲ႔ Blade Runner 2049 လို ရုပ္ရွင္ေတြဆီ ဆက္သြားနိုင္ခဲ့တယ္ထင္ပါတယ္။ Sicario ရဲ႕ အဆက္ျဖစ္တဲ့ Sicario : Day of the Soldado ကေတာ့ လာမယ့္ June မွာရံုတင္မွာျဖစ္ၿပီး အရင္ director ျဖစ္တဲ့ Villeneuve နဲ႔ မင္းသမီး Emily Blunt တို႔ေတာ့ ပါဝင္လာေတာ့မွာမဟုတ္ပါဘူး။ Josh Brolin ႀကီးနဲ႔ Benicio del Toro ကိုေတာ့ December တုန္းကထြက္ရွိခဲ့တဲ့ teaser မွာကတည္းကေတြ႔မိပါလိမ့္မယ္။
မေန႔ကပဲ trailer အသစ္ထြက္လာပါတယ္။ တကယ္ဆိုျပသြားတာ အေတာ္မ်ားတယ္ထင္တယ္။ ဘာမွသိပ္မသိခ်င္ေသးပဲ ရံုတင္မွၾကည့္မယ္ ဆိုတဲ့သူေတြအတြက္ကေတာ့ ေရွာင္တာေကာင္းမယ္ထင္တယ္။ ေအးေဆးပဲဆိုတဲ့သူေတြအတြက္ကေတာ့ ေအာက္မွာၾကည့္ၾကည့္ပါ။
Sicario : Day of the Soldado ကိုေတာ့ Director Stefano Sollima ကရိုက္ကူးေပးထားၿပီး၊ Isabela Moner (Transformers: The Last Knight), Catherine Keener (Get Out), Matthew Modine (Stranger Things), Manuel Garcia-Rulfo (The Magnificent Seven), နဲ႔ Jeffrey Donovan (Burn Notice) တုိ႔ပါဝင္သရုပ္ေဆာင္ထားပါတယ္။
Entertainment weekly နဲ႔ Del Toro တို႔ interview လုပ္ထားတာမွာေတာ့ သူနဲ႔ Josh Brolin ၂ဦးစလံုးက ဒီလိုေနရာေတြမွာ သရုပ္ေဆာင္ခဲ့ဖူၿပီးသား ျဖစ္တဲ့တြက္ ေသခ်ာပိုင္ပိုင္နိုင္နိုင္သရုပ္ေဆာင္ ျဖစ္ခဲ့ၾကတဲ့အၾကာင္းေတာ့ ေျပာထားပါတယ္။ ဒါရိုက္တာကို ခ်ီးက်ဴးထားရင္ေပါ့။ ဒီေတာ့ ကို္ယ္ရည္ေသြးတာလား အမွန္လားဆိုတာကေတာ့ Del Toro လိုမင္းသားႀကီးေတြအတြက္ ဘာမွသံသယျဖစ္စရာမလိုပါဘူး။ June ျမန္ျမန္ေရာက္ဖို႔ပဲလိုမွာပါ။
[unicode]
ထိတ်လန့်သည်းဖို့ လို့ပြောရမယ့် Thriller ရုပ်ရှင်ကားတွေကြည့်ဖြစ်တယ် ဆိုရင်တော့ 2015 တုန်းကထွက်ထားတဲ့ Sicario ကိုမှတ်မိဦးမယ်ထင်ပါတယ်။ ရိုက်ခဲ့တဲ့ Director ကတော့ Denis Villeneuve ဖြစ်ပါတယ်။ သူဟာ Sicario ကြောင့်ပဲ Arrival နဲ့ Blade Runner 2049 လို ရုပ်ရှင်တွေဆီ ဆက်သွားနိုင်ခဲ့တယ်ထင်ပါတယ်။ Sicario ရဲ့ အဆက်ဖြစ်တဲ့ Sicario : Day of the Soldado ကတော့ လာမယ့် June မှာရုံတင်မှာဖြစ်ပြီး အရင် director ဖြစ်တဲ့ Villeneuve နဲ့ မင်းသမီး Emily Blunt တို့တော့ ပါဝင်လာတော့မှာမဟုတ်ပါဘူး။ Josh Brolin ကြီးနဲ့ Benicio del Toro ကိုတော့ December တုန်းကထွက်ရှိခဲ့တဲ့ teaser မှာကတည်းကတွေ့မိပါလိမ့်မယ်။
မနေ့ကပဲ trailer အသစ်ထွက်လာပါတယ်။ တကယ်ဆိုပြသွားတာ အတော်များတယ်ထင်တယ်။ ဘာမှသိပ်မသိချင်သေးပဲ ရုံတင်မှကြည့်မယ် ဆိုတဲ့သူတွေအတွက်ကတော့ ရှောင်တာကောင်းမယ်ထင်တယ်။ အေးဆေးပဲဆိုတဲ့သူတွေအတွက်ကတော့ အောက်မှာကြည့်ကြည့်ပါ။
Sicario : Day of the Soldado ကိုတော့ Director Stefano Sollima ကရိုက်ကူးပေးထားပြီး၊ Isabela Moner (Transformers: The Last Knight), Catherine Keener (Get Out), Matthew Modine (Stranger Things), Manuel Garcia-Rulfo (The Magnificent Seven), နဲ့ Jeffrey Donovan (Burn Notice) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
Entertainment weekly နဲ့ Del Toro တို့ interview လုပ်ထားတာမှာတော့ သူနဲ့ Josh Brolin ၂ဦးစလုံးက ဒီလိုနေရာတွေမှာ သရုပ်ဆောင်ခဲ့ဖူပြီးသား ဖြစ်တဲ့တွက် သေချာပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် ဖြစ်ခဲ့ကြတဲ့အကြာင်းတော့ ပြောထားပါတယ်။ ဒါရိုက်တာကို ချီးကျူးထားရင်ပေါ့။ ဒီတော့ ကိုယ်ရည်သွေးတာလား အမှန်လားဆိုတာကတော့ Del Toro လိုမင်းသားကြီးတွေအတွက် ဘာမှသံသယဖြစ်စရာမလိုပါဘူး။ June မြန်မြန်ရောက်ဖို့ပဲလိုမှာပါ။