The incredibles 2 ထြက္လာဖို႔ေစာင့္လိုက္ရတာ အေတာ္ၾကာခဲ့ပါၿပီ။ ပထမကားရဲ႕ ဇာတ္လမ္းအဆံုးမွာလည္း Underminer ကိုျပထားခဲ့ေသးတယ္မဟုတ္လား။ Underminer နဲ႔ Parr မိသားစုရဲ႔ ေနာက္ဆက္တြဲ စြန္႔စားခန္းေတြက ဘာေတြမ်ားျဖစ္လာမလဲေပါ့။ လြန္ခဲ့တဲ့ ၁၄ ႏွစ္ေလာက္ေစာင့္ခဲ့ရတဲ့ ရုပ္ရွင္တစ္ကားက ဒီအခ်ိန္မွာ ဘာေတြမ်ားပါလာမလဲ တစ္ခ်က္ေလာက္ၾကည့္ရေအာင္ဗ်ာ။
Pixer Animation က 2014 ေလာက္မွာ The incredible 2 အတြက္ စတင္ေနၿပီလို႔ေျပာခဲ့ေပမယ့္ 2019 ေလာက္မွပဲ ရံုတင္နိုင္မယ္လို႔ သတင္းေတြထြက္ခဲ့ပါေသးတယ္။ အခုအခ်ိန္မွာေတာ့ လာမယ့္ 2018 June 15 ရက္ဆိုရင္ ရံုတင္မွာျဖစ္တဲ့ အေၾကာင္း ေၾကာျငာခဲ့ပါတယ္။ ဒီၾကားထဲမွာေတာ့ teaser ေတြကိုၾကည့္ၿပီးသားျဖစ္ၾကပါလိမ့္မယ္။ အစကေတာ့ Toy Story 4 ကအရင္ထြက္ၿပီး Incredibles 2 က 2019 လို႔ေျပာထားခဲ့တာပါ။ အခုေတာ့ ေျပာင္းျပန္ေပါ့။ Toy Story 4 ကေနာက္ေရႊ႕သြားတယ္ေလ။
Rated?
အရင္ကားတုန္းကေတာ့ PG rated ျဖစ္ခဲ့ပါတယ္။ ပါဝင္တဲ့ တိုက္ခိုက္မွုေတြက ကေလးေတြအတြက္ ၾကမ္းတမ္းတဲ့အတြက္ျဖစ္ပါလိမ့္မယ္။ ဒီႏွစ္ေတြအတြင္းမွာလည္း animation studio အေတာ္မ်ားမ်ားကထြက္တဲ့ ကားအမ်ားစုက PG rated ေတြျဖစ္ေနၾကတာမ်ားပါတယ္။ ထင္တာေတာ့ ဒီတစ္ေခါက္မွာလည္း အနည္းဆံုးေတာ့ PG rated နဲ႔ပဲဆက္သြားမယ္ထင္ပါတယ္။
Actors?
Director အေနနဲ႔ကေတာ့ အရင္ incredibles ရဲ႕ Director လည္းျဖစ္ Iron Giant, Ratatouille အျပင္ Mission Impossible : Ghost Protocal နဲ႔ Tomorrowland တို႔ရဲ႔ဖန္တီးရွင္ Brad Bird ပဲျဖစ္ပါတယ္။ အသံသရုပ္ေဆာင္ေတြကေတာ့ အမ်ားစုကေျပာင္းလဲသြားတာမေတြ႔ရပဲ အငယ္ေကာင္ေလး Dash ေနရာမွာသာေျပာင္းလဲတာကိုသတိထားမိပါတယ္။ ၿပီးေတာ့ Edna Mode ေနရာမွာ Director ျဖစ္တဲ့ Brad Bird ကို္ယ္တိုင္သရုပ္ေဆာင္ေပးထားတာျဖစ္ပါတယ္။ ဒီအတြက္ ဟာသျဖစ္မယ့္ teaser ကိုလည္းထည့္ေပးလိုက္ပါတယ္။
Plot?
Teaser ကိုၾကည့္ရတာေတာ့ Elasti Girl ကဓိကျဖစ္ပံုရၿပီး Mr.Incredible ကေတာ့ ကေလးထိန္းရင္း စိတ္ေတြပ်က္ေနတာေတြ႔ရပါတယ္။ Jack Jack မွာလည္း power ေတြတိုးလာတာေတြ႔ရၿပီး တစ္ျခား Superhero ေတြလည္း အမ်ားႀကီးထပ္ေပါင္းလာမယ့္လို႔သိရပါတယ္။ ဒါေပမယ့္ The Incredibles 2 ကဘယ္လိုစြန္႔စားခန္းေတြဖြင့္ဦးမလဲဆိုတာကေတာ့ June 15 ရက္ကိုေစာင့္ၾကတာေပါ့ဗ်ာ။
[unicode]
The incredibles 2 ထွက်လာဖို့စောင့်လိုက်ရတာ အတော်ကြာခဲ့ပါပြီ။ ပထမကားရဲ့ ဇာတ်လမ်းအဆုံးမှာလည်း Underminer ကိုပြထားခဲ့သေးတယ်မဟုတ်လား။ Underminer နဲ့ Parr မိသားစုရဲ့ နောက်ဆက်တွဲ စွန့်စားခန်းတွေက ဘာတွေများဖြစ်လာမလဲပေါ့။ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်စောင့်ခဲ့ရတဲ့ ရုပ်ရှင်တစ်ကားက ဒီအချိန်မှာ ဘာတွေများပါလာမလဲ တစ်ချက်လောက်ကြည့်ရအောင်ဗျာ။
Pixer Animation က 2014 လောက်မှာ The incredible 2 အတွက် စတင်နေပြီလို့ပြောခဲ့ပေမယ့် 2019 လောက်မှပဲ ရုံတင်နိုင်မယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ လာမယ့် 2018 June 15 ရက်ဆိုရင် ရုံတင်မှာဖြစ်တဲ့ အကြောင်း ကြောငြာခဲ့ပါတယ်။ ဒီကြားထဲမှာတော့ teaser တွေကိုကြည့်ပြီးသားဖြစ်ကြပါလိမ့်မယ်။ အစကတော့ Toy Story 4 ကအရင်ထွက်ပြီး Incredibles 2 က 2019 လို့ပြောထားခဲ့တာပါ။ အခုတော့ ပြောင်းပြန်ပေါ့။ Toy Story 4 ကနောက်ရွှေ့သွားတယ်လေ။
Rated?
အရင်ကားတုန်းကတော့ PG rated ဖြစ်ခဲ့ပါတယ်။ ပါဝင်တဲ့ တိုက်ခိုက်မှုတွေက ကလေးတွေအတွက် ကြမ်းတမ်းတဲ့အတွက်ဖြစ်ပါလိမ့်မယ်။ ဒီနှစ်တွေအတွင်းမှာလည်း animation studio အတော်များများကထွက်တဲ့ ကားအများစုက PG rated တွေဖြစ်နေကြတာများပါတယ်။ ထင်တာတော့ ဒီတစ်ခေါက်မှာလည်း အနည်းဆုံးတော့ PG rated နဲ့ပဲဆက်သွားမယ်ထင်ပါတယ်။
Actors?
Director အနေနဲ့ကတော့ အရင် incredibles ရဲ့ Director လည်းဖြစ် Iron Giant, Ratatouille အပြင် Mission Impossible : Ghost Protocal နဲ့ Tomorrowland တို့ရဲ့ဖန်တီးရှင် Brad Bird ပဲဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ အများစုကပြောင်းလဲသွားတာမတွေ့ရပဲ အငယ်ကောင်လေး Dash နေရာမှာသာပြောင်းလဲတာကိုသတိထားမိပါတယ်။ ပြီးတော့ Edna Mode နေရာမှာ Director ဖြစ်တဲ့ Brad Bird ကိုယ်တိုင်သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ ဒီအတွက် ဟာသဖြစ်မယ့် teaser ကိုလည်းထည့်ပေးလိုက်ပါတယ်။
Plot?
Teaser ကိုကြည့်ရတာတော့ Elasti Girl ကဓိကဖြစ်ပုံရပြီး Mr.Incredible ကတော့ ကလေးထိန်းရင်း စိတ်တွေပျက်နေတာတွေ့ရပါတယ်။ Jack Jack မှာလည်း power တွေတိုးလာတာတွေ့ရပြီး တစ်ခြား Superhero တွေလည်း အများကြီးထပ်ပေါင်းလာမယ့်လို့သိရပါတယ်။ ဒါပေမယ့် The Incredibles 2 ကဘယ်လိုစွန့်စားခန်းတွေဖွင့်ဦးမလဲဆိုတာကတော့ June 15 ရက်ကိုစောင့်ကြတာပေါ့ဗျာ။