[zawgyi]
Battle Royale….. Battle Royale….. Battle Royale… မႏွစ္ကထြက္ခဲ့တဲ့ PUBG နဲ႔ Fortnite ေၾကာင့္ ေနရာတကာမွာ Battle Royale ကသိပ္ကိုေခတ္စားလာပါတယ္။ ရွိသမွ် ႀကီးႀကီး ေသးေသး game studio ေတြအေတာ္မ်ားမ်ားက သူတို႔ရဲ႕ လက္ရွိဂိ္မ္းေတြမွာ ဒီ game mode ကိုထည့္လာၾကသလို၊ တစ္ျခား developer ေတြကလည္း Battle Royale အသစ္ေတြထုတ္ဖို႔ႀကိဳးစားလာတာေတြ႔ရမွာပါ။ အခုဆိုရင္ mod ေတြေတာင္အေတာ္မ်ားေနပါၿပီ။ ေနာက္ဆံုး Call of Duty နဲ႔ Battlefield တို႕ဆီေရာက္လာတဲ့အထိေပါ့။
ဒါေတြဘယ္ေတာ့ရပ္သြားမယ္ထင္သလဲ…. All good things… ဆိုတာေတြကသိတဲ့အတိုင္းပဲ တစ္ခ်ိန္မွာေတာ့ ရပ္ရမွာမဟုတ္လား။ တစ္ခ်ိန္ခ်ိန္မွာ Battle Royale Mode ဆိုတာ အရင္က death match ေတြလို ထြက္သမွ် game တိုင္းမွာ standard တစ္ခုျဖစ္သြားမလား.. ဒါမွမဟုတ္ တျဖည္းျဖည္းျငီးေငြ့လာၿပီးေပ်ာက္သြားနိုင္တာပဲ။
2018 မွာေတာ့ ထြက္ဖို႔ တာစူေနတဲ့ Battle Royale game ေတြအမ်ားႀကိးရွိေနပါေသးတယ္။ အားလံုးေတာ့မဟုတ္ဘူးေပါ့။ တစ္ခ်ိဳ႔က လက္ရွိမွာ early-access ျဖစ္တဲ့အတြက္ ဝင္ေဆာ့လို႔ရနိုင္ပါလိမ့္မယ္။
EUROPA
Tencent ဆိုတဲ့ ကုမၺဏီေနာက္မွာ developer ေတြအဖြဲ႔လိုက္ department လိုက္ႀကီးရွိေနတယ္ဆိုတာ gamer တိုင္းသိပါလိမ့္မယ္။ PUBG mobile ေနာက္မွာ သူ႔ရဲ႕ကိုယ္ပိုင္ ထြက္ရွိလာမယ့္ battle royale ျဖစ္ပါတယ္။ trailer အဆိုရင္ေတာ့ ပတ္ဝန္းက်င္က ပစၥည္းေတြကို ထိခိုက္လို႔ရေနပါတယ္။ တစ္ခုပဲ… တရုတ္ျပည္တြင္းပဲျဖစ္မလား၊ တစ္ကမ႓ာလံုးကိုေပးေဆာ့မလားေတာ့မသိဘူးေပါ့။ ေလာေလာဆယ္ steam မွာသြားၾကည့္လို႔ရပါလိမ့္မယ္။ PC တစ္မ်ိဳးပဲရနိုင္ပါလိမ့္မယ္။
EGRESS
Fazan ဆိုတဲ့ studio ကထုတ္လုပ္တာျဖစ္ၿပီး trailer အရေတာ့ melee-combat ကိုအသားေပးထားပံုရပါတယ္။ ဒီဇိုင္း..ကာလာ.. အေနအထားကေတာ့ RPG နည္းနည္းဆန္မယ္ထင္ပါတယ္။
MAELSTORM
ခုေရးထားတဲ့ list ထဲမွာ ဒီဂိမ္းက က်န္တာေတြဆီကေနေဖာက္ထြက္ထားပါတယ္။ သူလည္း early-access ပဲရွိပါေသးတယ္။ အဖြဲ႔လိုက္ပဲျဖစ္ျဖစ္ တစ္ဦးခ်င္းပဲျဖစ္ျဖစ္ ပင္လယ္ထဲမွာ တည္ထားတဲ့ battle royale ပါပဲ။ သေဘၤာေတြကေတာ့ အမ်ားႀကီးပါ။ NPC သေဘၤာေတြအျပင္ တစ္ျခား ပင္လယ္သတၱဝါႀကီးေတြနဲ႔လည္းတိုက္ခိုက္ရဦးမွာပါ။ ေပ်ာ္ဖို႕ေကာင္းပါတယ္။ glitch တစ္ခ်ိဳ႕ေတာ့ရွိေနပါေသးတယ္။
DARWIN PROJECT
မၾကာခင္က PC အတြက္ free-to-play ျဖစ္သြားတဲ့ဂိမ္းေပါ့။ Darwin Project ရဲ႔ေၾကာ္ျငာကလန္းတယ္။ ကိုယ္တိုင္ Director ျဖစ္ခ်င္သလားတဲ့။ အရင္တစ္ပတ္က Fortnite ကို streamer တစ္ေယာက္ အတြက္ တစ္ျပိဳင္တည္း ၾကည့္ရွဳသူ ၆သိန္းေက်ာ္ သြားတာမွတ္မိဦးမွာေပါ့။ ဒါကိုေျခရာလိုက္နင္းတယ္လို႔ထင္ပါတယ္။ Xbox အတြက္ေဆာ့ခ်င္ရင္ေတာ့ ဝယ္ရလိမ့္မယ္။
SOS
ဒီဂိမ္းကေတာ့ အငယ္ေတြထက္စာရင္ အေတြ႔အႀကံဳရွိၿပီးသား gamer ေတြအတြက္ပိုအဆင္ေျပမယ္ထင္တယ္။ Player 16 ေယာက္မွာ open-mic ျဖစ္တဲ့အျပင္ audience ေရာ၊ voting system ေရာပါတဲ့အတြက္ စိတ္ဝင္စားဖို႕ေကာင္းတယ္။ ဒါေပမယ့္ open-mic ဆိုေတာ့ သိတဲ့အတိုင္းပဲ toxic ေတြေတာ့ပါေနဦးမွာ။
MAVERICKS : PROVING GROUND
Project X ဆိုၿပီးအရင္ကသိခဲ့တဲ့သူေတြရွိပါလိမ့္မယ္။ Battle Royale game ေတြထဲမွာေတာ့ သူကရည္မွန္းခ်က္ႀကီးပံုရပါတယ္။ Player အေယာက္ 400 အထိပါဝင္ကစားလို႔ရမွာျဖစ္ၿပီးေတာ့ ေျမပံုက 12kmx12km ရွိမယ္ေျပာပါတယ္။ တစ္ျခား တရိစၧာန္ေတြပါဝင္လာၿပီးေတာ့ ပတ္ဝန္းက်င္ကိုလည္း ထိေတြ႔ လို႔ရမယ္ေျပာထားပါတယ္။ အရုပ္ေတြက dynamic ျဖစ္မယ္ေပါ့။ ဒါကို support လုပ္ဖို႔ SpatialOS cloud tech ကိုသံုးမယ္ေျပာထားပါတယ္။ closed beta ကို 2018 နွစ္လယ္ေလာက္မွာ ျမင္ရနိုင္ပါတယ္။ Official website ကိုသြားၾကည့္နိုင္ပါတယ္။
PALADINS : REALM ROYALE
Hi-Rez ကလြန္ခဲ့တဲ့ January တုန္းက Paladins:Battlegrounds ဆိုၿပီး ေရာေႏွာေနရာကေန အခုေတာ့ Paladins : Realm Royale ဆိုၿပီး Battle Royale သီးသန္႔ခြဲထုတ္လိုက္ပါတယ္။ ဘာကြာသြားလဲဆိုေတာ့ သူ႔မွာ forge zone ေတြပါလာတာပါ။ အဲဒီမွာ ေကာက္ရလာတဲ့ လက္နက္ပစၥည္းေတြကုိ ပိုေကာင္းသြားေအာင္ upgrade လုပ္လို႕ရလာပါတယ္။ ဒီေတာ့ အဲ့ဒီ zone ေတြက PvP သမားေတြအတြက္ေတာ့ hot-zone ေတြျဖစ္လာနိုင္မွာေပါ့။ အေပါက္ဝထိုင္ေစာင့္ေနတဲ့ ေကာင္ေတြေပါဦးမွာေပါ့။ Official website ကိုသြားၾကည့္နိုင္ပါတယ္။
PROXIMA ROYALE
ကုိယ့္ကိုယ္ကို စက္ရုပ္လို႔ထင္လာနိုင္တဲ့ဂိမ္းတစ္ခုျဖစ္ပါတယ္။ 5km x 5km ရွိတဲ့ ေျမပံုထဲမွာ အားလံုး player 60 ေလာက္ဝင္ကစားလို႔ရၿပီး … last robot standing လို႔ေျပာထားပါတယ္။ Proxima လို႔ေခၚတဲ့ ကမ႓ာနဲ႔သိပ္တူတဲ့ ၿဂိဳလ္တစ္ခုမွာအေျခခံထားပါတယ္။ ေလာေလာဆယ္ closed-alpha ေတာ့လုပ္ေပးေနတာေတြ႕ပါတယ္။ open early access ေတာ့ၾကာဦးမယ္ထင္တယ္။
ၿပီးခဲ့တဲ့ March လမွာ Player 45 သန္းေက်ာ္လာၿပီးတဲ့ေနာက္ အခ်ိန္မေရြး download လုပ္ၿပီးေဆာ့လို႔ရတာကေတာ့ Fortnite battle royale ျဖစ္ပါလိမ့္မယ္။ Gamer Cele ေတြလည္း streaming လုပ္လို႔သိပ္ေကာင္းေနတဲ့အခ်ိန္ေပါ့။ ေနာက္ထပ္တစ္ခ်က္ကေတာ့ PC, Mac, PS4, Xbox One အျပင္ iOS မွာပါရွိေနတာပါ။ ဒီေတာ့ ေနာက္ထပ္ထြက္လာမယ့္ Battle Royale ေတြကဘယ္လို အသစ္အသစ္ေသာ feature ေတြေပးနိုင္မလဲကေတာ့ early access ေတြဝင္ေဆာ့ရင္း အႀကံေတြေပးရင္း ဆက္လက္ေစာင့္ၾကည့္ၾကတာေပါ့ဗ်ာ။
Fortnite official website ကိုသြားနိုင္ပါတယ္။
[unicode]
Battle Royale….. Battle Royale….. Battle Royale… မနှစ်ကထွက်ခဲ့တဲ့ PUBG နဲ့ Fortnite ကြောင့် နေရာတကာမှာ Battle Royale ကသိပ်ကိုခေတ်စားလာပါတယ်။ ရှိသမျှ ကြီးကြီး သေးသေး game studio တွေအတော်များများက သူတို့ရဲ့ လက်ရှိဂိမ်းတွေမှာ ဒီ game mode ကိုထည့်လာကြသလို၊ တစ်ခြား developer တွေကလည်း Battle Royale အသစ်တွေထုတ်ဖို့ကြိုးစားလာတာတွေ့ရမှာပါ။ အခုဆိုရင် mod တွေတောင်အတော်များနေပါပြီ။ နောက်ဆုံး Call of Duty နဲ့ Battlefield တို့ဆီရောက်လာတဲ့အထိပေါ့။
ဒါတွေဘယ်တော့ရပ်သွားမယ်ထင်သလဲ…. All good things… ဆိုတာတွေကသိတဲ့အတိုင်းပဲ တစ်ချိန်မှာတော့ ရပ်ရမှာမဟုတ်လား။ တစ်ချိန်ချိန်မှာ Battle Royale Mode ဆိုတာ အရင်က death match တွေလို ထွက်သမျှ game တိုင်းမှာ standard တစ်ခုဖြစ်သွားမလား.. ဒါမှမဟုတ် တဖြည်းဖြည်းငြီးငွေ့လာပြီးပျောက်သွားနိုင်တာပဲ။
2018 မှာတော့ ထွက်ဖို့ တာစူနေတဲ့ Battle Royale game တွေအများကြိးရှိနေပါသေးတယ်။ အားလုံးတော့မဟုတ်ဘူးပေါ့။ တစ်ချို့က လက်ရှိမှာ early-access ဖြစ်တဲ့အတွက် ဝင်ဆော့လို့ရနိုင်ပါလိမ့်မယ်။
EUROPA
Tencent ဆိုတဲ့ ကုမ္ဗဏီနောက်မှာ developer တွေအဖွဲ့လိုက် department လိုက်ကြီးရှိနေတယ်ဆိုတာ gamer တိုင်းသိပါလိမ့်မယ်။ PUBG mobile နောက်မှာ သူ့ရဲ့ကိုယ်ပိုင် ထွက်ရှိလာမယ့် battle royale ဖြစ်ပါတယ်။ trailer အဆိုရင်တော့ ပတ်ဝန်းကျင်က ပစ္စည်းတွေကို ထိခိုက်လို့ရနေပါတယ်။ တစ်ခုပဲ… တရုတ်ပြည်တွင်းပဲဖြစ်မလား၊ တစ်ကမ္ဘာလုံးကိုပေးဆော့မလားတော့မသိဘူးပေါ့။ လောလောဆယ် steam မှာသွားကြည့်လို့ရပါလိမ့်မယ်။ PC တစ်မျိုးပဲရနိုင်ပါလိမ့်မယ်။
EGRESS
Fazan ဆိုတဲ့ studio ကထုတ်လုပ်တာဖြစ်ပြီး trailer အရတော့ melee-combat ကိုအသားပေးထားပုံရပါတယ်။ ဒီဇိုင်း..ကာလာ.. အနေအထားကတော့ RPG နည်းနည်းဆန်မယ်ထင်ပါတယ်။
MAELSTORM
ခုရေးထားတဲ့ list ထဲမှာ ဒီဂိမ်းက ကျန်တာတွေဆီကနေဖောက်ထွက်ထားပါတယ်။ သူလည်း early-access yဲရှိပါသေးတယ်။ အဖွဲ့လိုက်ပဲဖြစ်ဖြစ် တစ်ဦးချင်းပဲဖြစ်ဖြစ် ပင်လယ်ထဲမှာ တည်ထားတဲ့ battle royale ပါပဲ။ သင်္ဘောတွေကတော့ အများကြီးပါ။ NPC သင်္ဘောတွေအပြင် တစ်ခြား ပင်လယ်သတ္တဝါကြီးတွေနဲ့လည်းတိုက်ခိုက်ရဦးမှာပါ။ ပျော်ဖို့ကောင်းပါတယ်။ glitch တစ်ချို့တော့ရှိနေပါသေးတယ်။
DARWIN PROJECT
မကြာခင်က PC အတွက် free-to-play ဖြစ်သွားတဲ့ဂိမ်းပေါ့။ Darwin Project ရဲ့ကြော်ငြာကလန်းတယ်။ ကိုယ်တိုင် Director ဖြစ်ချင်သလားတဲ့။ အရင်တစ်ပတ်က Fortnite ကို streamer တစ်ယောက် အတွက် တစ်ပြိုင်တည်း ကြည့်ရှုသူ ၆သိန်းကျော် သွားတာမှတ်မိဦးမှာပေါ့။ ဒါကိုခြေရာလိုက်နင်းတယ်လို့ထင်ပါတယ်။ Xbox အတွက်ဆော့ချင်ရင်တော့ ဝယ်ရလိမ့်မယ်။
SOS
ဒီဂိမ်းကတော့ အငယ်တွေထက်စာရင် အတွေ့အကြုံရှိပြီးသား gamer တွေအတွက်ပိုအဆင်ပြေမယ်ထင်တယ်။ Player 16 ယောက်မှာ open-mic ဖြစ်တဲ့အပြင် audience ရော၊ voting system ရောပါတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမယ့် open-mic ဆိုတော့ သိတဲ့အတိုင်းပဲ toxic တွေတော့ပါနေဦးမှာ။
MAVERICKS : PROVING GROUND
Project X ဆိုပြီးအရင်ကသိခဲ့တဲ့သူတွေရှိပါလိမ့်မယ်။ Battle Royale game တွေထဲမှာတော့ သူကရည်မှန်းချက်ကြီးပုံရပါတယ်။ Player အယောက် 400 အထိပါဝင်ကစားလို့ရမှာဖြစ်ပြီးတော့ မြေပုံက 12kmx12km ရှိမယ်ပြောပါတယ်။ တစ်ခြား တရိစ္ဆာန်တွေပါဝင်လာပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ထိတွေ့ လို့ရမယ်ပြောထားပါတယ်။ အရုပ်တွေက dynamic ဖြစ်မယ်ပေါ့။ ဒါကို support လုပ်ဖို့ SpatialOS cloud tech ကိုသုံးမယ်ပြောထားပါတယ်။ closed beta ကို 2018 နှစ်လယ်လောက်မှာ မြင်ရနိုင်ပါတယ်။ Official website ကိုသွားကြည့်နိုင်ပါတယ်။
PALADINS : REALM ROYALE
Hi-Rez ကလွန်ခဲ့တဲ့ January တုန်းက Paladins:Battlegrounds ဆိုပြီး ရောနှောနေရာကနေ အခုတော့ Paladins : Realm Royale ဆိုပြီး Battle Royale သီးသန့်ခွဲထုတ်လိုက်ပါတယ်။ ဘာကွာသွားလဲဆိုတော့ သူ့မှာ forge zone တွေပါလာတာပါ။ အဲဒီမှာ ကောက်ရလာတဲ့ လက်နက်ပစ္စည်းတွေကို ပိုကောင်းသွားအောင် upgrade လုပ်လို့ရလာပါတယ်။ ဒီတော့ အဲ့ဒီ zone တွေက PvP သမားတွေအတွက်တော့ hot-zone တွေဖြစ်လာနိုင်မှာပေါ့။ အပေါက်ဝထိုင်စောင့်နေတဲ့ ကောင်တွေပေါဦးမှာပေါ့။ Official website ကိုသွားကြည့်နိုင်ပါတယ်။
PROXIMA ROYALE
ကိုယ့်ကိုယ်ကို စက်ရုပ်လို့ထင်လာနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ 5km x 5km ရှိတဲ့ မြေပုံထဲမှာ အားလုံး player 60 လောက်ဝင်ကစားလို့ရပြီး … last robot standing လို့ပြောထားပါတယ်။ Proxima လို့ခေါ်တဲ့ ကမ္ဘာနဲ့သိပ်တူတဲ့ ဂြိုလ်တစ်ခုမှာအခြေခံထားပါတယ်။ လောလောဆယ် closed-alpha တော့လုပ်ပေးနေတာတွေ့ပါတယ်။ open early access တော့ကြာဦးမယ်ထင်တယ်။
ပြီးခဲ့တဲ့ March လမှာ Player 45 သန်းကျော်လာပြီးတဲ့နောက် အချိန်မရွေး download လုပ်ပြီးဆော့လို့ရတာကတော့ Fortnite battle royale ဖြစ်ပါလိမ့်မယ်။ Gamer Cele တွေလည်း streaming လုပ်လို့သိပ်ကောင်းနေတဲ့အချိန်ပေါ့။ နောက်ထပ်တစ်ချက်ကတော့ PC, Mac, PS4, Xbox One အပြင် iOS မှာပါရှိနေတာပါ။ ဒီတော့ နောက်ထပ်ထွက်လာမယ့် Battle Royale တွေကဘယ်လို အသစ်အသစ်သော feature တွေပေးနိုင်မလဲကတော့ early access တွေဝင်ဆော့ရင်း အကြံတွေပေးရင်း ဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ။
Fortnite official website ကိုသွားနိုင်ပါတယ်။