[unicode]
Doom Movie ကိုမှတ်မိကြသေးရဲ့လား။ 2004 တုန်းက Gamer တစ်ချို့စိတ်ပျက်ခဲ့ရတဲ့ Dwayne “The Rock” Johnson နဲ့ Karl Urban တို့ရဲ့ရုပ်ရှင်တစ်ခုပေါ့လေ။ နောက်ထပ် အသစ်တစ်ခု လာဖို့ရှိနေတယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ Universal 1440 Entertainment ကနေထုတ်လုပ်မယ်ဆိုတာရယ် အဆိုတော်မင်းသမီး Nina Bergman ပါဝင်ရုပ်ဆောင်မယ်ဆိုတာကလွဲရင် ကျန်တာတွေတော့သိပ်မသိရသေးပါဘူး။ သေချာတာကတော့ အရင်ကားထက်အများကြီးကောင်းရမယ်လို့ပြောနေတာပါပဲ။ နောက်တစ်ခုက Universal 1440 ကထုပ်လုပ်မယ်ဆိုတော့ ကျွန်တော်နားလည်သလောက်က Netflix တို့လို digital platform ကနေ direct ပြမယ့် ကားတစ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အဲ့တော့.. အများကြီးလည်း မျော်လင့်မထားရဲပြန်ဘူး။
အလားတူပဲရှိနေတာက John Cena ကြီးပါဝင်မယ့် Duke Nukem ပဲဖြစ်ပါတယ်။ ပါဝင်မယ်ပြောထားပေမယ့်လည်း Cena အနေနဲ့ script (ဇာတ်ညွှန်း) မဖတ်ရသေးတဲ့အတွက် သူမကြိုက်ခဲ့ရင် ထွက်သွားနိုင်ပါတယ်။ နောက်တစ်ခုက Duke Nukem ဆိုတာ Doom လိုပဲ old school gamer တွေရဲ့ Hero ဖြစ်တဲ့အတွက် လက်ရှိ Deadpool လိုမျိုး အံဝင်ခွင်ကျ မဖြစ်ခဲ့ရင် ဆိုတဲ့မေးခွန်းရှိနေပါတယ်။ ထုတ်လုပ်သူကတော့ Nukem ရဲ့ အရိပ်အသက်ကို ပေါ်အောင်မရိုက်နိုင်ရင် ဒီရုပ်ရှင်ကို မရိုက်ဘူးလို့ဖြေထားပါတယ်။
ဆိုတော့က… ဒီနှစ်ကားထဲမှာ Doom ကတော့ တကယ်ဖြစ်လာဖို့ ပိုနီးစပ်တယ်ပြောရမလားပဲ။ စိတ်ထဲမှာတော့ Dead Space ကိုလည်း တစ်ဝဲလည်လည်မဖြစ်ပဲ ရုပ်ရှင်ကောင်းကောင်းလေးတစ်ခုလောက် ဖြစ်စေချင်သား…