[zawgyi]
“Live life one quarter mile at a time” ဆိုတဲ့စကားနဲ႔စခဲ့တဲ့ Fast and Furious ကေတာ့ animated series ထြက္လာေတာ့မယ္လို့သိရပါတယ္။ Streaming giant ျဖစ္တဲ့ Netflix နဲ႔ ကမ႓ာေက်ာ္ animation ကုပၼဏီျဖစ္တဲ့ Dreamworks ႏွစ္ခုေပါင္းၿပီး ထုတ္လုပ္မယ္လို႔ေျပာပါတယ္။
ဇာတ္လမ္းသေဘာကေတာ့ Dom ရဲ႕ ဝမ္းကြဲညီတစ္ဦးျဖစ္တဲ့ Tony Torretto က Dom ရဲ႕ေျခရာကိုနင္းတဲ့ ညီတစ္ေယာက္ေပါ့။ Racing လိုင္းထဲမွာပဲ သူနဲ႕ အေပါင္းအပါေတြက အစိုးရအဖြဲ႔အစီးတစ္ခုရဲ႕ သိမ္းသြင္းမွုကိုခံရၿပီး ကမၻာကို အုပ္စီးဖို႔ႀကံေနတဲ့ အဖြဲ႔တစ္ခုကိုႏွိမ္ႏွင္းၾကမယ္လို႔ေတာ့ အၾကမ္းသိရပါတယ္။ ဝမ္းကြဲညီဆိုတာ Fast 8 တုန္းက Fernando ကိုေျပာတာမဟုတ္ပါဘူး။ Tony Torretto လို႔ပဲသိရပါတယ္။ ဆယ္ေက်ာ္သက္လို႔ေျပာပါတယ္။
ဒီ animated series ကို Vin Diesel, Neal Moritz နဲ႔ Chris Morgan တို႕က executive producer ေတြအေနနဲ႔ပါဝင္ေနဦးမွာပါ။
လက္ရွိ အခ်ိန္မွာတင္ Dwayne “The Rock” Johnson နဲ႔ Jason Statham ဦးေဆာင္တဲ့ Fast နဲ႔ဆက္နြယ္ေနတဲ့ spin-off တစ္ကားကိုရိုက္လက္စ ရွိေနပါတယ္။ ဒီၾကားထဲမွာ အခုလို animated series ထြက္ရွိလာတာဆိုေတာ့ ဒီလို brand ကိုေနာက္ႏွစ္အမ်ားႀကီးၾကာေအာင္ franchise ေတြနဲ႔ဆက္ထိန္းထားနိုင္ေအာင္ ႀကိဳးစားတယ္ထင္ပါတယ္။
Netflix နဲ႔ Dreamworks ဆိုတာကလည္း Trollhunters, Spirit Riding Free နဲ႔ All hail King Julien တို႔မွာတြဲခဲ့ၿပီးသားမဟုတ္ပါလား။
Animated series နဲ႔ပတ္သတ္လို႔တစ္ျခား အေသးစိတ္ေတြမသိရေသးေပမယ့္ ၊ Hobbs (The Rock) နဲ႔ Shaw (Jason Statham) တို႔ရဲ႕ သီးျခား spin-off ရုပ္ရွင္ကေတာ့ July 2019 မွာထြက္ရွိမွာျဖစ္ၿပီး၊ FF 9 နဲ႔ 10 ကေတာ့ April 2020 နဲ႔ April 2021 မွာထြက္ရွိနိုင္မယ္လို႔ေၾကျငာထားပါတယ္။
[unicode]
“Live life one quarter mile at a time” ဆိုတဲ့စကားနဲ့စခဲ့တဲ့ Fast and Furious ကတော့ animated series ထွက်လာတော့မယ်လို့သိရပါတယ်။ Streaming giant ဖြစ်တဲ့ Netflix နဲ့ ကမ္ဘာကျော် animation ကုပ္မဏီဖြစ်တဲ့ Dreamworks နှစ်ခုပေါင်းပြီး ထုတ်လုပ်မယ်လို့ပြောပါတယ်။
ဇာတ်လမ်းသဘောကတော့ Dom ရဲ့ ဝမ်းကွဲညီတစ်ဦးဖြစ်တဲ့ Tony Torretto က Dom ရဲ့ခြေရာကိုနင်းတဲ့ ညီတစ်ယောက်ပေါ့။ Racing လိုင်းထဲမှာပဲ သူနဲ့ အပေါင်းအပါတွေက အစိုးရအဖွဲ့အစီးတစ်ခုရဲ့ သိမ်းသွင်းမှုကိုခံရပြီး ကမ္ဘာကို အုပ်စီးဖို့ကြံနေတဲ့ အဖွဲ့တစ်ခုကိုနှိမ်နှင်းကြမယ်လို့တော့ အကြမ်းသိရပါတယ်။ ဝမ်းကွဲညီဆိုတာ Fast 8 တုန်းက Fernando ကိုပြောတာမဟုတ်ပါဘူး။ Tony Torretto လို့ပဲသိရပါတယ်။ ဆယ်ကျော်သက်လို့ပြောပါတယ်။
ဒီ animated series ကို Vin Diesel, Neal Moritz နဲ့ Chris Morgan တို့က executive producer တွေအနေနဲ့ပါဝင်နေဦးမှာပါ။
လက်ရှိ အချိန်မှာတင် Dwayne “The Rock” Johnson နဲ့ Jason Statham ဦးဆောင်တဲ့ Fast နဲ့ဆက်နွယ်နေတဲ့ spin-off တစ်ကားကိုရိုက်လက်စ ရှိနေပါတယ်။ ဒီကြားထဲမှာ အခုလို animated series ထွက်ရှိလာတာဆိုတော့ ဒီလို brand ကိုနောက်နှစ်အများကြီးကြာအောင် franchise တွေနဲ့ဆက်ထိန်းထားနိုင်အောင် ကြိုးစားတယ်ထင်ပါတယ်။
Netflix နဲ့ Dreamworks ဆိုတာကလည်း Trollhunters, Spirit Riding Free နဲ့ All hail King Julien တို့မှာတွဲခဲ့ပြီးသားမဟုတ်ပါလား။
Animated series နဲ့ပတ်သတ်လို့တစ်ခြား အသေးစိတ်တွေမသိရသေးပေမယ့် ၊ Hobbs (The Rock) နဲ့ Shaw (Jason Statham) တို့ရဲ့ သီးခြား spin-off ရုပ်ရှင်ကတော့ July 2019 မှာထွက်ရှိမှာဖြစ်ပြီး၊ FF 9 နဲ့ 10 ကတော့ April 2020 နဲ့ April 2021 မှာထွက်ရှိနိုင်မယ်လို့ကြေငြာထားပါတယ်။