[zawgyi]
April 22 ရက္ေရာက္ဖို႔ေစာင့္ခဲ့ရတဲ့ သူေတြရွိမွာပါ။ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ေပါ့၊ gamer တစ္ခ်ိဳ႕ကေတာ့ God of war ထြက္မယ့္ရက္အျဖစ္ ေစာင့္ခဲ့ၾကတဲ့ သူေတြပါပါလိမ့္မယ္။
SONY Santa Monica အတြက္ေတာ့ ဂုဏ္ျပဳခ်ီးက်ဴးစကားေတြအမ်ားႀကီး ရလိုက္တဲ့ ရက္ျဖစ္ပါတယ္။
Isomniac , Naughty Dog, Bio Ware, Bethesda, CD Projekt RED စတဲ့ Game Studio ႀကီးေတြက သူတို႔ရဲ႕ twitter မွာ အင္တိုက္အားတိုက္ ဂုဏ္ျပဳစကားဆိုခဲ့ၾကပါတယ္။ Review ေတြမွာလည္း အေတာ္ေလး အမွတ္ေကာင္းေတြရခဲ့တဲ့ အတြက္ game director ျဖစ္သူ Cory Barlog ကသူ႔ရဲ႕ ေက်းဇူးတင္စကားကို video တစ္ခုနဲ႕ ထုတ္ျပန္ခဲ့ပါေသးတယ္။
PS4 မွာဝယ္ျဖစ္တဲ့သူေတြအတြက္ကေတာ့ ဒီတစ္ခါ God of war ကအရင္ဂိမ္းေတြနဲ႕လံုးဝမတူေတာ့ပဲ အေျပာင္းအလဲေတြမ်ားပါတယ္။
အစပိုင္းမွာ linear ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ ေျမပံုမွာက်ယ္သြားၿပီးတစ္ျခား RPG ေတြလို main story ကိုပစ္ထားၿပီးXP နဲ႔တစ္ျခား item ေကာင္းေတြရနိုင္မယ့္ side quest ေတြပါလာပါတယ္။ ေနာက္တစ္ခုက အျမင္မတူေတာ့ပါဘူး။ ပခံုးေပၚကေက်ာ္ၾကည့္ရသလိုျဖစ္တဲ့အတြက္ ရန္သူအမ်ားနဲ႔ ရင္ဆိုင္တဲ့ အခါ quick turn ကိုမေမ့ထားသင့္ပါဘူး။ (quick turn button ကိုေတာ့ကုိယ့္စိတ္ႀကိုက္ေျပာင္းဖို႔လိုပါလိမ့္မယ္)
အစပိုင္းမွာေတာ့ ရတဲ့ XP ကနည္းတဲ့အျပင္ သြားစရာေနရာကလည္းရွားတဲ့အတြက္ skill upgrade လုပ္တဲ့အခါ ေရြးရနည္းနည္းခက္နိုင္ပါတယ္။ enemy group ေတြအတြက္ကေတာ့ grinding storm တို႔ guardian sweep တို႔က အလုပ္ျဖစ္နိုင္ၿပီး high damage သမားေတြအတြက္ကေတာ့ Rage Combat ဘက္ျခမ္းကိုပိုၿပီး အာရံုစိုက္ရမယ္ထင္ပါတယ္။ ေနာက္ပိုင္းရတဲ့ XP မ်ားလာမွာျဖစ္တဲ့အတြက္ skill ေတြကိုupgrade လုပ္လို႔ရလာပါလိမ့္မယ္။ ေနာက္တစ္ခု ကေတာ့ combat system မွာ combo ေတြအမ်ားႀကီးပါလာတာပါပဲ။ ၿပီးေတာ့ playstyle ဒါကေတာ့ တစ္ဦးခ်င္းနဲ႔ပဲဆိုင္တဲ့အတြက္ ထားပါေတာ့ ။ ဒီမွာေတာ့ အရင္လို tank တစ္ေကာင္ျဖစ္ေနလည္းရပါတယ္။ ဒါမွမဟုတ္ runic ေတြသံုးၿပီး battle mage ပံုစံလည္းကစားလို႔ရမယ္ထင္ပါတယ္။ ေနာက္ဆံုးတစ္ခုကေတာ့ equipments အသစ္ေတြရတဲ့အခါ အေဟာင္းထဲက enchantments ေတြကို ျပန္ယူဖို႔ပါပဲ။ က်န္ခဲ့ရင္နွေျမာစရာေပါ့။
ကဲ..ဒီေတာ့ Leviathan Axe ကိုစိတ္ထင္တိုင္းလႊဲနိုင္ပါေစဗ်ာ။
ေအာက္မွာေတာ့ တစ္ျခား game studio မ်ားရဲ႕ ဂုဏ္ျပဳထားတဲ့ tweet ေတြထဲကတစ္ခ်ို႕ကိုထည့္ေပးလိုက္ပါတယ္။
Congratulations to our friends at @SonySantaMonica on the launch of #GodofWar
We’re looking forward to go hunting with Atreus and Kratos today! 🏹 pic.twitter.com/Dqs9zr8gAm
— Guerrilla (@Guerrilla) April 20, 2018
From everyone here at Naughty Dog, congrats to our friends at @SonySantaMonica on the launch of #GodofWar! pic.twitter.com/x6k4s1Xz8D
— Naughty Dog (@Naughty_Dog) April 20, 2018
A huge shoutout to @SonySantaMonica on their launch of God of War on PS4. You know what we will all be doing this weekend. pic.twitter.com/0T60CNRHQ8
— Insomniac Games (@insomniacgames) April 20, 2018
Congratulations to @SonySantaMonica on the launch of #GodofWar. Think Kratos would be willing to take care of an old elven god for us?
— BioWare (@bioware) April 20, 2018
Good luck Kratos & massive congrats to @SonySantaMonica on launch. We're very excited to play #GodofWar https://t.co/FdqLv9pJMu
— Bethesda Game Studios (@BethesdaStudios) April 20, 2018
Congratz @SonySantaMonica on the successful launch of #GodOfWar!
Always good to teach the kids early ⚔️ pic.twitter.com/bepbgnVW3I
— CD PROJEKT RED (@CDPROJEKTRED) April 20, 2018
[unicode]
April 22 ရက်ရောက်ဖို့စောင့်ခဲ့ရတဲ့ သူတွေရှိမှာပါ။ အကြောင်းအမျိုးမျိုးနဲ့ပေါ့၊ gamer တစ်ချို့ကတော့ God of war ထွက်မယ့်ရက်အဖြစ် စောင့်ခဲ့ကြတဲ့ သူတွေပါပါလိမ့်မယ်။
SONY Santa Monica အတွက်တော့ ဂုဏ်ပြုချီးကျူးစကားတွေအများကြီး ရလိုက်တဲ့ ရက်ဖြစ်ပါတယ်။
Isomniac , Naughty Dog, Bio Ware, Bethesda, CD Projekt RED စတဲ့ Game Studio ကြီးတွေက သူတို့ရဲ့ twitter မှာ အင်တိုက်အားတိုက် ဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။ Review တွေမှာလည်း အတော်လေး အမှတ်ကောင်းတွေရခဲ့တဲ့ အတွက် game director ဖြစ်သူ Cory Barlog ကသူ့ရဲ့ ကျေးဇူးတင်စကားကို video တစ်ခုနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။
PS4 မှာဝယ်ဖြစ်တဲ့သူတွေအတွက်ကတော့ ဒီတစ်ခါ God of war ကအရင်ဂိမ်းတွေနဲ့လုံးဝမတူတော့ပဲ အပြောင်းအလဲတွေများပါတယ်။
အစပိုင်းမှာ linear ဖြစ်ပေမယ့် နောက်ပိုင်းမှာ မြေပုံမှာကျယ်သွားပြီးတစ်ခြား RPG တွေလို main story ကိုပစ်ထားပြီးXP နဲ့တစ်ခြား item ကောင်းတွေရနိုင်မယ့် side quest တွေပါလာပါတယ်။ နောက်တစ်ခုက အမြင်မတူတော့ပါဘူး။ ပခုံးပေါ်ကကျော်ကြည့်ရသလိုဖြစ်တဲ့အတွက် ရန်သူအများနဲ့ ရင်ဆိုင်တဲ့ အခါ quick turn ကိုမမေ့ထားသင့်ပါဘူး။ (quick turn button ကိုတော့ကိုယ့်စိတ်ကြိုက်ပြောင်းဖို့လိုပါလိမ့်မယ်)
အစပိုင်းမှာတော့ ရတဲ့ XP ကနည်းတဲ့အပြင် သွားစရာနေရာကလည်းရှားတဲ့အတွက် skill upgrade လုပ်တဲ့အခါ ရွေးရနည်းနည်းခက်နိုင်ပါတယ်။ enemy group တွေအတွက်ကတော့ grinding storm တို့ guardian sweep တို့က အလုပ်ဖြစ်နိုင်ပြီး high damage သမားတွေအတွက်ကတော့ Rage Combat ဘက်ခြမ်းကိုပိုပြီး အာရုံစိုက်ရမယ်ထင်ပါတယ်။ နောက်ပိုင်းရတဲ့ XP များလာမှာဖြစ်တဲ့အတွက် skill တွေကိုupgrade လုပ်လို့ရလာပါလိမ့်မယ်။ နောက်တစ်ခု ကတော့ combat system မှာ combo တွေအများကြီးပါလာတာပါပဲ။ ပြီးတော့ playstyle ဒါကတော့ တစ်ဦးချင်းနဲ့ပဲဆိုင်တဲ့အတွက် ထားပါတော့ ။ ဒီမှာတော့ အရင်လို tank တစ်ကောင်ဖြစ်နေလည်းရပါတယ်။ ဒါမှမဟုတ် runic တွေသုံးပြီး battle mage ပုံစံလည်းကစားလို့ရမယ်ထင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ equipments အသစ်တွေရတဲ့အခါ အဟောင်းထဲက enchantments တွေကို ပြန်ယူဖို့ပါပဲ။ ကျန်ခဲ့ရင်နှမြောစရာပေါ့။
ကဲ..ဒီတော့ Leviathan Axe ကိုစိတ်ထင်တိုင်းလွှဲနိုင်ပါစေဗျာ။
အောက်မှာတော့ တစ်ခြား game studio များရဲ့ ဂုဏ်ပြုထားတဲ့ tweet တွေထဲကတစ်ချို့ကိုထည့်ပေးလိုက်ပါတယ်။