[zawgyi]
ဒီတစ္ပတ္အတြက္ေတာ့ တစ္ခ်ိဳ႔ game ေတြလြတ္မသြားရေအာင္ ၅ခုေလာက္ေတာ့စုေပးလိုက္ပါတယ္။ Gamer အမ်ားစုကေတာ့ ဒီ ၅ခုလံုးမလြတ္တမ္းေဆာ့ျဖစ္မယ္ထင္ပါတယ္။ တကယ္ေတာ့ ဒီတစ္ပတ္က Hogwarts မွာေက်ာင္းတက္ေနခဲ့ရတာ ၃ရက္ေလာက္ရွိၿပီမဟုတ္လား။ တစ္ခ်ိဳ႔ကအားမွာမဟုတ္ဘူးေလ။
HARRY POTTER : HOGWARTS MYSTARY
Harry Potter လိုပဲ Hogwarts မွာေက်ာင္းတက္ခ်င္ရင္ ျဖစ္နိုင္ပါၿပီ။ ၂၅ရက္ေန႔ကထြက္ရွိခဲ့တဲ့ Harry Potter : Hogwarts Mystery မွာဆိုရင္ေတာ့ ကိုယ္ပိုင္ဇာတ္ေကာင္တစ္ေကာင္ရဲ႕ ေနရာကေန Hogwarts ေက်ာင္းသားတစ္ေယာက္အျဖစ္ပါဝင္လို႔ရနို္င္ပါတယ္။ Narrative driven ျဖစ္တဲ့အတြက္ စာေတာ့ဖတ္ရပါလိမ့္မယ္။ ဒါေပမယ့္ သိပ္ခက္ခက္ခဲခဲေတာ့ မဟုတ္ပါဘူး။ fan ေတြအတြက္ကေတာ့ အႏွစ္ ၂၀ ေစာင့္ခဲ့ရတဲ့ ေက်ာင္းတစ္ခုေပါ့။
[AppStore] [PlayStore]
BREW TOWN
ကိုယ္အႀကိဳက္ဆံုး Beer ကို ကိုယ္တိုင္ေဖာက္ဖို႔ဆိုတာက ဘယ္အခ်ိန္ကတည္းကစိတ္ကူးမိတာလဲ။ ရွိမွာေပါ့ သူမ်ား Home brew ေကာင္းေၾကာင္းႀကြားခံခဲ့ရတဲ့အခ်ိန္ေတြမွာ။ Beer ကိုေသာက္ဖို႔ေလာက္ပဲ စိတ္ဝင္စားခဲ့တဲ့သူကအမ်ားစုဆိုပါေတာ့။ ဒီတစ္ခါေတာ့ ကိုယ္တိုင္ Beer ေဖာက္ဖို႔ ေျမေနရာအက်ယ္ႀကီးရနိုင္ပါၿပီ။ ပစၥည္းအစံုနဲ႔ေပါ့။ သိပ္ၿပီး ရွဳပ္ေထြးေအာင္မလုပ္ထားတဲ့ game developer ကိုေက်းဇူးတင္သင့္ပါတယ္။ ေအးေဆး beer ေလးေဖာက္ၿပီးသာယာခ်င္တဲ့ gamer ေတြအတြက္ျဖစ္ပါလိမ့္မယ္။
[Home page] ကိုသြားနိုင္ပါတယ္။
[Appstore] [Playstore]
SDORICA
တစ္ျခား f2p (free to play) game ေတြအားလံုးရဲ႕ အေျခခံအခ်က္အလက္ေတြ အကုန္လံုးကို မယုတ္မလြန္ကူးထားသလိုပါပဲ။ ဒီတစ္ခုက လူတိုင္းအတြက္ေတာ့ ရည္ရြယ္ပံုမရပါဘူး။ ဒါေပမယ့္ character အစံုကို အဖြဲ႕လိုက္ကိုင္တြယ္ရၿပီး game ရဲ႕ အခင္းအက်င္းက စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ (ထြက္ထားတာေတာ့ၾကာေနပါၿပီ။ အခုမွ update တစ္ခုတက္တာနဲ႔ ထည့္ေပးလိုက္တာပါ။)
CRAFTWARRIORS
Clash of Clans (COC) နဲ႔ Mindcraft ေပါင္းထားသလားထင္ရပါတယ္။ ဂိမ္းက tutorial မွာေတာ့လြယ္လြန္းပါတယ္။ တကယ္နင္လားငါလားျဖစ္လာတဲ့အခ်ိန္မွာ မရွဴနိုင္မကယ္နိုင္ျဖစ္တာကေတာ့ အဆန္းမဟုတ္ပါဘူးေလ။ သပ္ရပ္တဲ့ဂိမ္းတစ္ခုျဖစ္ၿပီး တစ္ခ်ိဳ႔ round ေတြမွာ game ထဲကျပန္ထြက္မရတဲ့ bug ေတာ့ရွိေနပါေသးတယ္။
[PlayStore]
DESTINY WARFARE
FPS sci-fi shooter ေတြက ပံုမွန္ဆိုရင္ေတာ့ ၂လကိုအသစ္တစ္ခု ေလာက္ထြက္လာေနပါတယ္။ ဒီတစ္ခါ ၂လျပည့္ၿပီထင္တယ္။ FPS ေတြရဲ႕ မေျပာင္းလဲတဲ့အခ်က္က အျမဲတမ္း fast pace ျဖစ္တာပါပဲ။ ေျချမန္လက္ျမန္နဲ႔ သြက္သြက္လက္လက္ မကစားနိုင္ရင္ multiplayer မွာက်န္ခဲ့မဲ့သေဘာေပါ့။ sci-fi shooter တစ္ခုအေနနဲ့ကေတာ့ graphic သပ္သပ္ရပ္ရပ္ရွိပါတယ္။ Game element အေနနဲ႔ကေတာ့ အသစ္အဆန္းဘာမွ သိပ္မေတြ႔ရပါဘူး။ Classic shooter တစ္ခုပါပဲ။ ဒါေပမယ့္ ေလာေလာဆယ္ တစ္ပတ္ေလာက္အတြင္းမွာပဲ player တစ္သန္းေက်ာ္ကစားသူရွိထားပါတယ္။ Multiplayer death match ေတြနဲ႕ေတာ့ ေပ်ာ္ဖို႔ေကာင္းပါတယ္။
ေနာက္တစ္ပတ္မွျပန္ဆံုၾကတာေပါ့ဗ်ာ။ Play good games and good luck.
[unicode]
ဒီတစ်ပတ်အတွက်တော့ တစ်ချို့ game တွေလွတ်မသွားရအောင် ၅ခုလောက်တော့စုပေးလိုက်ပါတယ်။ Gamer အများစုကတော့ ဒီ ၅ခုလုံးမလွတ်တမ်းဆော့ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ ဒီတစ်ပတ်က Hogwarts မှာကျောင်းတက်နေခဲ့ရတာ ၃ရက်လောက်ရှိပြီမဟုတ်လား။ တစ်ချို့ကအားမှာမဟုတ်ဘူးလေ။
HARRY POTTER : HOGWARTS MYSTARY
Harry Potter လိုပဲ Hogwarts မှာကျောင်းတက်ချင်ရင် ဖြစ်နိုင်ပါပြီ။ ၂၅ရက်နေ့ကထွက်ရှိခဲ့တဲ့ Harry Potter : Hogwarts Mystery မှာဆိုရင်တော့ ကိုယ်ပိုင်ဇာတ်ကောင်တစ်ကောင်ရဲ့ နေရာကနေ Hogwarts ကျောင်းသားတစ်ယောက်အဖြစ်ပါဝင်လို့ရနိုင်ပါတယ်။ Narrative driven ဖြစ်တဲ့အတွက် စာတော့ဖတ်ရပါလိမ့်မယ်။ ဒါပေမယ့် သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ fan တွေအတွက်ကတော့ အနှစ် ၂၀ စောင့်ခဲ့ရတဲ့ ကျောင်းတစ်ခုပေါ့။
[AppStore] [PlayStore]
BREW TOWN
ကိုယ်အကြိုက်ဆုံး Beer ကို ကိုယ်တိုင်ဖောက်ဖို့ဆိုတာက ဘယ်အချိန်ကတည်းကစိတ်ကူးမိတာလဲ။ ရှိမှာပေါ့ သူများ Home brew ကောင်းကြောင်းကြွားခံခဲ့ရတဲ့အချိန်တွေမှာ။ Beer ကိုသောက်ဖို့လောက်ပဲ စိတ်ဝင်စားခဲ့တဲ့သူကအများစုဆိုပါတော့။ ဒီတစ်ခါတော့ ကိုယ်တိုင် Beer ဖောက်ဖို့ မြေနေရာအကျယ်ကြီးရနိုင်ပါပြီ။ ပစ္စည်းအစုံနဲ့ပေါ့။ သိပ်ပြီး ရှုပ်ထွေးအောင်မလုပ်ထားတဲ့ game developer ကိုကျေးဇူးတင်သင့်ပါတယ်။ အေးဆေး beer လေးဖောက်ပြီးသာယာချင်တဲ့ gamer တွေအတွက်ဖြစ်ပါလိမ့်မယ်။
[Home page] ကိုသွားနိုင်ပါတယ်။
[Appstore] [Playstore]
SDORICA
တစ်ခြား f2p (free to play) game တွေအားလုံးရဲ့ အခြေခံအချက်အလက်တွေ အကုန်လုံးကို မယုတ်မလွန်ကူးထားသလိုပါပဲ။ ဒီတစ်ခုက လူတိုင်းအတွက်တော့ ရည်ရွယ်ပုံမရပါဘူး။ ဒါပေမယ့် character အစုံကို အဖွဲ့လိုက်ကိုင်တွယ်ရပြီး game ရဲ့ အခင်းအကျင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ (ထွက်ထားတာတော့ကြာနေပါပြီ။ အခုမှ update တစ်ခုတက်တာနဲ့ ထည့်ပေးလိုက်တာပါ။)
CRAFTWARRIORS
Clash of Clans (COC) နဲ့ Mindcraft ပေါင်းထားသလားထင်ရပါတယ်။ ဂိမ်းက tutorial မှာတော့လွယ်လွန်းပါတယ်။ တကယ်နင်လားငါလားဖြစ်လာတဲ့အချိန်မှာ မရှူနိုင်မကယ်နိုင်ဖြစ်တာကတော့ အဆန်းမဟုတ်ပါဘူးလေ။ သပ်ရပ်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး တစ်ချို့ round တွေမှာ game ထဲကပြန်ထွက်မရတဲ့ bug တော့ရှိနေပါသေးတယ်။
[PlayStore]
DESTINY WARFARE
FPS sci-fi shooter တွေက ပုံမှန်ဆိုရင်တော့ ၂လကိုအသစ်တစ်ခု လောက်ထွက်လာနေပါတယ်။ ဒီတစ်ခါ ၂လပြည့်ပြီထင်တယ်။ FPS တွေရဲ့ မပြောင်းလဲတဲ့အချက်က အမြဲတမ်း fast pace ဖြစ်တာပါပဲ။ ခြေမြန်လက်မြန်နဲ့ သွက်သွက်လက်လက် မကစားနိုင်ရင် multiplayer မှာကျန်ခဲ့မဲ့သဘောပေါ့။ sci-fi shooter တစ်ခုအနေနဲ့ကတော့ graphic သပ်သပ်ရပ်ရပ်ရှိပါတယ်။ Game element အနေနဲ့ကတော့ အသစ်အဆန်းဘာမှ သိပ်မတွေ့ရပါဘူး။ Classic shooter တစ်ခုပါပဲ။ ဒါပေမယ့် လောလောဆယ် တစ်ပတ်လောက်အတွင်းမှာပဲ player တစ်သန်းကျော်ကစားသူရှိထားပါတယ်။ Multiplayer death match တွေနဲ့တော့ ပျော်ဖို့ကောင်းပါတယ်။
နောက်တစ်ပတ်မှပြန်ဆုံကြတာပေါ့ဗျာ။ Play good games and good luck.