[zawgyi]
Far Cry 5 ကိုတစ္ခ်ိဳ႔ gamer ေတြေတာ့ ေဆာ့ၿပီးၾကေရာေပါ့။ 2004 ေလာက္မွာ FarCry စထြက္ကတည္းက တစ္စိုက္မတ္မတ္ေဆာ့ခဲ့ၾကတဲ့ fan ေတြအတြက္ကေတာ့ ဒီတစ္ခါမွာလည္း စိတ္မပ်က္ေစခဲ့ဘူးထင္ပါတယ္။ ဒီလိုပဲ gamer ေတြကလည္း Far Cry 5 ကိုထုတ္လုပ္ခဲ့တဲ့ Ubisoft ကို စိတ္ခ်မ္းသာေစပါလိမ့္မယ္။ သူ႔ရဲ႕ public ကိုခ်ျပတဲ့ annual sales report အရေတာ့ Far Cry 5 ရဲ႔ပထမပတ္ေရာင္းရေငြ $310 million ($ 310 သန္းေက်ာ္) ေရာင္းခ်ခဲ့ရၿပီး Ubisoft ကုမၺဏီရဲ႕ တစ္နွစ္စာ ေရာင္းရေငြအားလံုးေပါင္းကို $2 billion ေက်ာ္သြားေစခဲ့ပါတယ္။
Hollywood Reporter ရဲ႔သတင္းေတြအရဆိုရင္ေတာ့ အရင္ Far Cry 4 ထက္ေရာင္းအား ၂ဆေက်ာ္တိုးခဲ့တယ္လို႔ေျပာပါတယ္။ ပထမတစ္ပတ္အတြင္းရဲ႔ေရာင္းအားမွာေပါ့။ ဒါေပမယ့္လည္း Ubisoft အတြက္ေတာ့ သူ႔ရဲ႔ ထုတ္လုပ္သူသက္တမ္းတစ္ေလွ်ာက္ ေရာင္းအားအေကာင္းဆံုးဂိမ္းမဟုတ္ခဲ့ေသးပါဘူး။Ubisoft ရဲ႕Tom Clamcy’s The Division က 2016 မွာတစ္ပတ္အတြင္း $330 million (ကန္ေဒၚလာ ၃၃၀သန္း)နဲ႔ စံခ်ိန္တင္ထားခဲ့ပါတယ္။
တစ္ႏွစ္တာေရာင္အားစာရင္းေၾကျငာခါနီးအခ်ိန္မွာျဖန္႔ခ်ိခဲ့တဲ့ ဒီဂိမ္းအျပင္ Ubisoft ရဲ႔တစ္ျခားဂိမ္းေတြျဖစ္တဲ့ Assin’s Creed: Origins, Rainbow Six Siege နဲ႔ Ghost Recon Wildlands တို႔ ရဲ႔ေရာင္းအားအေထာက္အပံေတြလည္းပါဝင္ခဲ့လို႔ျဖစ္ပါတယ္။
Youtube နဲ႔ twitch မွာလည္း 117သန္းေလာက္ၾကည့္ရွုသူရွိခဲ့ပါတယ္။
ေရာင္းအားအေကာင္းဆံုးကေတာ့ PS4 version ျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ အမ်ားစုက North America ကျဖစ္ၾကပါတယ္။ သူ႔ website ကိုသြားၾကည့္ရင္ေတာ့ fallout shelter လိုပဲ player ေတြရဲ႔ နံပါတ္တစ္ခ်ိဳ႕နဲ႔ၾကြားထားတာေတြ႕ရပါလိမ့္မယ္။
[unicode]
Far Cry 5 ကိုတစ်ချို့ gamer တွေတော့ ဆော့ပြီးကြရောပေါ့။ 2004 လောက်မှာ FarCry စထွက်ကတည်းက တစ်စိုက်မတ်မတ်ဆော့ခဲ့ကြတဲ့ fan တွေအတွက်ကတော့ ဒီတစ်ခါမှာလည်း စိတ်မပျက်စေခဲ့ဘူးထင်ပါတယ်။ ဒီလိုပဲ gamer တွေကလည်း Far Cry 5 ကိုထုတ်လုပ်ခဲ့တဲ့ Ubisoft ကို စိတ်ချမ်းသာစေပါလိမ့်မယ်။ သူ့ရဲ့ public ကိုချပြတဲ့ annual sales report အရတော့ Far Cry 5 ရဲ့ပထမပတ်ရောင်းရငွေ $310 million ($ 310 သန်းကျော်) ရောင်းချခဲ့ရပြီး Ubisoft ကုမ္ဗဏီရဲ့ တစ်နှစ်စာ ရောင်းရငွေအားလုံးပေါင်းကို $2 billion ကျော်သွားစေခဲ့ပါတယ်။
Hollywood Reporter ရဲ့သတင်းတွေအရဆိုရင်တော့ အရင် Far Cry 4 ထက်ရောင်းအား ၂ဆကျော်တိုးခဲ့တယ်လို့ပြောပါတယ်။ ပထမတစ်ပတ်အတွင်းရဲ့ရောင်းအားမှာပေါ့။ ဒါပေမယ့်လည်း Ubisoft အတွက်တော့ သူ့ရဲ့ ထုတ်လုပ်သူသက်တမ်းတစ်လျှောက် ရောင်းအားအကောင်းဆုံးဂိမ်းမဟုတ်ခဲ့သေးပါဘူး။Ubisoft ရဲ့Tom Clamcy’s The Division က 2016 မှာတစ်ပတ်အတွင်း $330 million (ကန်ဒေါ်လာ ၃၃၀သန်း)နဲ့ စံချိန်တင်ထားခဲ့ပါတယ်။
တစ်နှစ်တာရောင်အားစာရင်းကြေငြာခါနီးအချိန်မှာဖြန့်ချိခဲ့တဲ့ ဒီဂိမ်းအပြင် Ubisoft ရဲ့တစ်ခြားဂိမ်းတွေဖြစ်တဲ့ Assin’s Creed: Origins, Rainbow Six Siege နဲ့ Ghost Recon Wildlands တို့ ရဲ့ရောင်းအားအထောက်အပံတွေလည်းပါဝင်ခဲ့လို့ဖြစ်ပါတယ်။
Youtube နဲ့ twitch မှာလည်း 117သန်းလောက်ကြည့်ရှုသူရှိခဲ့ပါတယ်။
ရောင်းအားအကောင်းဆုံးကတော့ PS4 version ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အများစုက North America ကဖြစ်ကြပါတယ်။ သူ့ website ကိုသွားကြည့်ရင်တော့ fallout shelter လိုပဲ player တွေရဲ့ နံပါတ်တစ်ချို့နဲ့ကြွားထားတာတွေ့ရပါလိမ့်မယ်။