[zawgyi]
Android နဲ႔ iOS ဆိုတာက game ေတြမွာဆိုရင္ သူေနာက္က်လိုက္ကိုယ္ေနာက္က်လို္က္ပါပဲ၊ ဒါေပမယ့္ သတိထားမိသေလာက္ နဲ႔ data ေတြအရကေတာ့ high-profile ျဖစ္တဲ့ဂိမ္းေတြဆိုရင္ေတာ့ android မွာ အနည္းငယ္ေနာက္က်တတ္ပါတယ္။ အခုဆိုရင္လည္း android မွာ Fortnite : Battleroyale ကိုရရွိနိုင္ေတာ့မွာျဖစ္ေၾကာင္း Epic ကေၾကျငာခဲ့ပါတယ္။ Epic Game site မွာေတာ့ mobile version အတြက္လာမယ့္ အေျပာင္းအလဲေလးေတြကိုတင္ထားတာေတြ႔ရပါတယ္။ မၾကာခင္အခ်ိန္အတြင္းမွာ android အတြက္ update လုပ္ထားတဲ့ HUD နဲ႔ voice chat တို႔ပါဝင္တဲ့ mobile version အသစ္ကိုရရွိနိုင္ေတာ့မွာျဖစ္ေၾကာင္း ေၾကာျငာထားပါတယ္။
iOS အတြက္ Fortnite ကိုလြန္ခဲ့တဲ့ March ကထုတ္လုပ္ျဖန္႔ခ်ိခဲ့ၿပီး အဲ့အခ်ိန္ကတည္းက Android အတြက္ စကားမစခဲ့ပါဘူး။ ဒါေၾကာင့္လည္း အလားတူ battle royale game ေတြအမ်ား ႀကီးရွိေနတဲ့ android gamer ေတြအေနနဲ႔ Fortnite ကိုလံုးဝနီးပါး စိတ္ဝင္စားမွုမရွိတာလည္းျဖစ္နိုင္ပါတယ္။ Epic ကေန twitter မွာတင္လိုက္တဲ့ tweet ေတြထဲအမွာ Call of Duty ရဲ႔ ကိုယ္ပိုင္ battle royale mode ျဖစ္တဲ့ Blackout အေၾကာင္းကိုလူပိုစိတ္ဝင္စားၾကပါတယ္။
မၾကာခင္ထြက္လာမယ္ဆိုတာကလြဲရင္ version အသစ္အေၾကာင္းဘာမွ ေသေသခ်ာခ်ာမေျပာနိုင္ေသးတဲ့ Epic က gamer ေတြလက္ထဲမထည့္ခင္ Fortnite ကို android ေပၚမွာ beta ေတြ စမ္းေနတာလည္းျဖစ္နိုင္ပါတယ္။ iOS အတြက္ Appstore မွာျဖန္႔တုန္းကေတာ့ ပထမလမွာပဲ $25 million ($ ၂၅သန္းေက်ာ္) ရရွိခဲ့ပါတယ္။ ဒါေပမယ့္ Reddit နဲ႔ Tweet ေတြအရေတာ့ Android gamer အမ်ားစုကသိပ္ရင္မခုန္ဘူးဆိုတာပါပဲ။
[unicode]
Android နဲ့ iOS ဆိုတာက game တွေမှာဆိုရင် သူနောက်ကျလိုက်ကိုယ်နောက်ကျလိုက်ပါပဲ၊ ဒါပေမယ့် သတိထားမိသလောက် နဲ့ data တွေအရကတော့ high-profile ဖြစ်တဲ့ဂိမ်းတွေဆိုရင်တော့ android မှာ အနည်းငယ်နောက်ကျတတ်ပါတယ်။ အခုဆိုရင်လည်း android မှာ Fortnite : Battleroyale ကိုရရှိနိုင်တော့မှာဖြစ်ကြောင်း Epic ကကြေငြာခဲ့ပါတယ်။ Epic Game site မှာတော့ mobile version အတွက်လာမယ့် အပြောင်းအလဲလေးတွေကိုတင်ထားတာတွေ့ရပါတယ်။ မကြာခင်အချိန်အတွင်းမှာ android အတွက် update လုပ်ထားတဲ့ HUD နဲ့ voice chat တို့ပါဝင်တဲ့ mobile version အသစ်ကိုရရှိနိုင်တော့မှာဖြစ်ကြောင်း ကြောငြာထားပါတယ်။
iOS အတွက် Fortnite ကိုလွန်ခဲ့တဲ့ March ကထုတ်လုပ်ဖြန့်ချိခဲ့ပြီး အဲ့အချိန်ကတည်းက Android အတွက် စကားမစခဲ့ပါဘူး။ ဒါကြောင့်လည်း အလားတူ battle royale game တွေအများ ကြီးရှိနေတဲ့ android gamer တွေအနေနဲ့ Fortnite ကိုလုံးဝနီးပါး စိတ်ဝင်စားမှုမရှိတာလည်းဖြစ်နိုင်ပါတယ်။ Epic ကနေ twitter မှာတင်လိုက်တဲ့ tweet တွေထဲအမှာ Call of Duty ရဲ့ ကိုယ်ပိုင် battle royale mode ဖြစ်တဲ့ Blackout အကြောင်းကိုလူပိုစိတ်ဝင်စားကြပါတယ်။
မကြာခင်ထွက်လာမယ်ဆိုတာကလွဲရင် version အသစ်အကြောင်းဘာမှ သေသေချာချာမပြောနိုင်သေးတဲ့ Epic က gamer တွေလက်ထဲမထည့်ခင် Fortnite ကို android ပေါ်မှာ beta တွေ စမ်းနေတာလည်းဖြစ်နိုင်ပါတယ်။ iOS အတွက် Appstore မှာဖြန့်တုန်းကတော့ ပထမလမှာပဲ $25 million ($ ၂၅သန်းကျော်) ရရှိခဲ့ပါတယ်။ ဒါပေမယ့် Reddit နဲ့ Tweet တွေအရတော့ Android gamer အများစုကသိပ်ရင်မခုန်ဘူးဆိုတာပါပဲ။