[zawgyi]
Call of Duty : Black Ops 4 ကဒီနွစ္ထဲမွာထြက္လာဖို႔ရွိေနပါတယ္။ Battle Royale mode ေတြေခတ္ထေနတဲ့ အခ်ိန္မွာ COD:Black Ops 4 ရဲ႔ထုတ္လုပ္သူ Treyarch အေနနဲ႔လည္း Blackout ဆိုတဲ့ battle royale mode တစ္ခုကိုထည့္သြင္းလာပါတယ္။ ဒါေပမယ့္ ဒီ game mode အေၾကာင္းကိုေတာ့ အနည္းအက်င္းပဲသိနိုင္ပါေသးတယ္။ ဆက္လက္ေဖာ္ျပမွာကေတာ့ အၾကမ္းသိရသေလာက္ အေျခအေနပဲျဖစ္ပါတယ္။
Characters
Franchise ေတြအမ်ားႀကီးထြက္ရွိထားတာၾကာၿပီျဖစ္တဲ့ COD လို game မ်ိဳးမွာ အမွတ္ရစရာ character ေတြအမ်ားႀကီးရွိပါတယ္။ Activision အေနနဲ႔ Zombie mode က character ေတြ၊ တစ္ျခား specialist ေတြအျပင္ fan ေတြအမ်ားစုသေဘာက်တဲ့ Black Ops II ထဲက Alex Mason တုိ႔ Raul Menendez တို႔လို character ေတြလည္းပါဝင္လာနိုင္ပါတယ္။ ေနာက္ဆံုး World at war ထဲက character ေတြေတာင္ပါလာနိုင္ေသးတယ္မဟုတ္လား။
Vehicles
ကုန္းေျမ၊ ေရ နဲ႔ ေလထဲမွာပါ သြားလာနိုင္မယ္ေျပာထားတဲ့အတြက္ ေသခ်ာတာကေတာ့ ယာဥ္အမ်ိဳးမ်ိဳးပါလာနိုင္ပါတယ္။ COD series ေတြထဲမွာ အသံုးျပဳခဲ့ဖူးတဲ့ ယာဥ္ေတြအေတာ္မ်ားမ်ား ရွိေနၿပီးသားျဖစ္ပါတယ္။
Map
ေျမပံုကလည္း Treyarch အေနနဲ႔ ဖန္တီးထားခဲ့သမွ်ေတြထဲမွာ အႀကီးဆံုးေြျဖစ္မယ္လို႔ေျပာထားပါတယ္။ Player ေတြအမ်ားႀကီးပါဝင္လာမွာျဖစ္တဲ့အတြက္ Player အားလံုး ပုန္းခို ရာေနရာေတြ၊ snipe လုပ္လို႔ေကာင္းမယ့္ေနရာေတြ၊ ကြင္းျပင္ေတြပါဝင္လာမွာျဖစ္ပါတယ္။ ျဖစ္နိုင္ေျခေတြကေတာ့ အရင္ COD game ေတြမွာပါဝင္ခဲ့တဲ့ map ေတြထဲက structure ေတြလည္းျပန္လည္ပါဝင္လာနိုင္ပါတယ္။
Weapons
COD game ေတြထဲမွာ အားအရဆံုးပစၥည္းေတြက သူ႔မွာပါဝင္တဲ့ လက္နက္ေတြပဲျဖစ္မွာပါ။ M1911 pistol ကေန Atlas 45 အထိ၊ HBRa3 ကေန AK74u အထိ၊ ေနာက္ဆံုး snipe ေတြျပင္ rocket launcher ေတြအထိ ပါဝင္ခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ Blackout မွာေတာ့ လက္နက္ပစၥည္းဘယ္ေလာက္ သယ္လို႔ရနိုင္မလဲ၊ ဘာေတြသံုးလို႔ရနိုင္မလဲကေတာ့ ေစာင့္ရဦးမွာပါ။ လက္နက္ပစၥည္းေတြထဲမွာ close combat ေတြအတြက္လည္း အေရးပါတာဆိုေတာ့ ဒါးေတြအျပင္ ပုဆိန္ေတြဘာေတြလည္းျပန္ပါလာနိုင္ပါေသးတယ္။ ေနာက္ဆံုးကေတာ့ Air strikes ေတြကိစၥပါပဲ။ Drone ေတြပါလာၿပီဆိုတာနဲ႔ ရန္သူအမ်ားႀကီးကို တစ္ျပိဳင္တည္း အျပဳတ္ျဖဳတ္လို႔ရလာနိုင္ပါတယ္။ ဒါ့အျပင္ scout ေတြပါလာနိုင္ဦးမလားေပါ့။ စက္ရုပ္ေတြ၊ R/C ကားေတြ၊ ၿပီးေတာ့ Riley တို႔လို K9 အုပ္စုေတြလည္းပါလာနိုင္ပါေသးတယ္။
Update & Support
ေနာက္ဆံုးတစ္ခုကေတာ့ player ေတြအတြက္ အေရးအႀကီးဆံုးျဖစ္တဲ့ update and support ေတြပါပဲ။ EPIC နဲ႔ Bluehole တုိ႔က သူတို႔ Battle Royale ေတြကို player ေတြနဲ႔ မ်က္ေျခအျပတ္အခံပဲ အျမဲတမ္း update တစ္ခုၿပီးတစ္ခုထုတ္လုပ္တတ္ၾကပါတယ္။ ဒီေတာ့ Blackout အေနနဲ႔လည္း ေရရွည္ရပ္တည္ဖို႔အတြက္ update & Support ကေတာ့ မျပတ္ေပးနိုင္မွရလိမ့္မယ္ထင္ပါတယ္။
COD player ေတြၾကားမွာ အလြန္ သတင္းႀကီးေနတဲ့ Blackout ကေတာ့ လာမယ့္ October 12 ရက္မွာထြက္ရွိမယ့္ Call of Duty : Black Ops 4 မွာ battle royale mode အျဖစ္ Xbox One, PS4 နဲ႔ PC မွာရနိုင္ပါလိမ့္မယ္။
[unicode]
Call of Duty : Black Ops 4 ကဒီနှစ်ထဲမှာထွက်လာဖို့ရှိနေပါတယ်။ Battle Royale mode တွေခေတ်ထနေတဲ့ အချိန်မှာ COD:Black Ops 4 ရဲ့ထုတ်လုပ်သူ Treyarch အနေနဲ့လည်း Blackout ဆိုတဲ့ battle royale mode တစ်ခုကိုထည့်သွင်းလာပါတယ်။ ဒါပေမယ့် ဒီ game mode အကြောင်းကိုတော့ အနည်းအကျင်းပဲသိနိုင်ပါသေးတယ်။ ဆက်လက်ဖော်ပြမှာကတော့ အကြမ်းသိရသလောက် အခြေအနေပဲဖြစ်ပါတယ်။
Characters
Franchise တွေအများကြီးထွက်ရှိထားတာကြာပြီဖြစ်တဲ့ COD လို game မျိုးမှာ အမှတ်ရစရာ character တွေအများကြီးရှိပါတယ်။ Activision အနေနဲ့ Zombie mode က character တွေ၊ တစ်ခြား specialist တွေအပြင် fan တွေအများစုသဘောကျတဲ့ Black Ops II ထဲက Alex Mason တို့ Raul Menendez တို့လို character တွေလည်းပါဝင်လာနိုင်ပါတယ်။ နောက်ဆုံး World at war ထဲက character တွေတောင်ပါလာနိုင်သေးတယ်မဟုတ်လား။
Vehicles
ကုန်းမြေ၊ ရေ နဲ့ လေထဲမှာပါ သွားလာနိုင်မယ်ပြောထားတဲ့အတွက် သေချာတာကတော့ ယာဉ်အမျိုးမျိုးပါလာနိုင်ပါတယ်။ COD series တွေထဲမှာ အသုံးပြုခဲ့ဖူးတဲ့ ယာဉ်တွေအတော်များများ ရှိနေပြီးသားဖြစ်ပါတယ်။
Map
မြေပုံကလည်း Treyarch အနေနဲ့ ဖန်တီးထားခဲ့သမျှတွေထဲမှာ အကြီးဆုံးေွဖြစ်မယ်လို့ပြောထားပါတယ်။ Player တွေအများကြီးပါဝင်လာမှာဖြစ်တဲ့အတွက် Player အားလုံး ပုန်းခို ရာနေရာတွေ၊ snipe လုပ်လို့ကောင်းမယ့်နေရာတွေ၊ ကွင်းပြင်တွေပါဝင်လာမှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတွေကတော့ အရင် COD game တွေမှာပါဝင်ခဲ့တဲ့ map တွေထဲက structure တွေလည်းပြန်လည်ပါဝင်လာနိုင်ပါတယ်။
Weapons
COD game တွေထဲမှာ အားအရဆုံးပစ္စည်းတွေက သူ့မှာပါဝင်တဲ့ လက်နက်တွေပဲဖြစ်မှာပါ။ M1911 pistol ကနေ Atlas 45 အထိ၊ HBRa3 ကနေ AK74u အထိ၊ နောက်ဆုံး snipe တွေပြင် rocket launcher တွေအထိ ပါဝင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် Blackout မှာတော့ လက်နက်ပစ္စည်းဘယ်လောက် သယ်လို့ရနိုင်မလဲ၊ ဘာတွေသုံးလို့ရနိုင်မလဲကတော့ စောင့်ရဦးမှာပါ။ လက်နက်ပစ္စည်းတွေထဲမှာ close combat တွေအတွက်လည်း အရေးပါတာဆိုတော့ ဒါးတွေအပြင် ပုဆိန်တွေဘာတွေလည်းပြန်ပါလာနိုင်ပါသေးတယ်။ နောက်ဆုံးကတော့ Air strikes တွေကိစ္စပါပဲ။ Drone တွေပါလာပြီဆိုတာနဲ့ ရန်သူအများကြီးကို တစ်ပြိုင်တည်း အပြုတ်ဖြုတ်လို့ရလာနိုင်ပါတယ်။ ဒါ့အပြင် scout တွေပါလာနိုင်ဦးမလားပေါ့။ စက်ရုပ်တွေ၊ R/C ကားတွေ၊ ပြီးတော့ Riley တို့လို K9 အုပ်စုတွေလည်းပါလာနိုင်ပါသေးတယ်။
Update & Support
နောက်ဆုံးတစ်ခုကတော့ player တွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ update and support တွေပါပဲ။ EPIC နဲ့ Bluehole တို့က သူတို့ Battle Royale တွေကို player တွေနဲ့ မျက်ခြေအပြတ်အခံပဲ အမြဲတမ်း update တစ်ခုပြီးတစ်ခုထုတ်လုပ်တတ်ကြပါတယ်။ ဒီတော့ Blackout အနေနဲ့လည်း ရေရှည်ရပ်တည်ဖို့အတွက် update & Support ကတော့ မပြတ်ပေးနိုင်မှရလိမ့်မယ်ထင်ပါတယ်။
COD player တွေကြားမှာ အလွန် သတင်းကြီးနေတဲ့ Blackout ကတော့ လာမယ့် October 12 ရက်မှာထွက်ရှိမယ့် Call of Duty : Black Ops 4 မှာ battle royale mode အဖြစ် Xbox One, PS4 နဲ့ PC မှာရနိုင်ပါလိမ့်မယ်။