[zawgyi]
Bathesda ကထုတ္တဲ့ Skyrim နဲ႔ Fallout series ေတြက ကြၽန္ေတာ္ကိုယ္တိုင္ အခ်ိန္အမ်ားဆံုးေဆာ့ျဖစ္တဲ့ RPG ေတြပါ။ ဒီနွစ္ E3 မတိုင္ခင္မွာပဲ Bethesda အေနနဲ႔ ေနာက္ထပ္ Fallout တစ္ခုျဖစ္တဲ့ fallout 76 ကို ထုတ္ျပခဲ့ပါတယ္။ fan တစ္ေယာက္အတြက္ေတာ့ အမိုက္ဆံုးအခ်ိန္ေတြေပါ့။ Bethesda ရဲ႕ boss ျဖစ္သူ Todd Howard ကေတာ့ ဒီ tease ကအစမ္းသေဘာမ်ိဳးျပတာပဲ ျဖစ္ၿပီး E3 ပြဲေရာက္မွ ဒီထက္ေသခ်ာတာေတြကို ထပ္ျပသြားမယ္ေျပာပါတယ္။ ေရာင္းမယ့္ရက္ကို မေၾကျငာေသးေပမယ့္ teaser ကိုၾကည့္ၿပီးေတာ့ သိနိုင္တာေတြကေတာ့ မ်ားမယ္ထင္ပါတယ္။ တစ္ျခား ထင္ေၾကးေပးထားတဲ့ သူေတြလည္းအမ်ားႀကီးရွိေနၿပီပဲ။ Bethesda ကိုႀကိဳက္တဲ့ အခ်က္ေတြထဲမွာ သူတို႔ထုတ္လုပ္မယ့္ တစ္ခုခုက အရမ္းအလွမ္းေးေနေသးရင္ ခ်မျပေသးပဲ အခ်ိန္နီးမွ ကပ္ေျပာတတ္တဲ့ အက်င့္ပါ။ ဆိုလိုတာက Fallout 76 နဲ႔ရင္းနွီးခြင့္က သိပ္မၾကာနိုင္ဘူး ထင္တာပဲ။
Platform အေနနဲ႔ PC, PS4 နဲ႔ Xbox One ကိုလာမယ္လို႔ ေသခ်ာေျပာထားပါတယ္။ Nintendo Switch ပိုင္ရွင္ေတြကေတာ့ နည္းနည္းေစာင့္ရလိမ့္မယ္ထင္တယ္။ Skyrim လည္း Switch ကိုေရာက္ေနၿပီဆိုေတာ့ Fallout series တစ္ခ်ို႕လည္း အေနွးနဲ႔ အျမန္ေတာ့ ေရာက္လာေတာ့မယ္ထင္ပါတယ္။ ဒါေပမယ့္ Switch ကို္င္တဲ့ သူအမ်ားစုကတစ္ျခား console ေကာင္းေကာင္း ရွိၿပီးသားလည္းျဖစ္နို္ငပါတယ္။
Bethesda က fallout 3 နဲ႔ 4 ကိုလုပ္ခဲ့ၿပီးေတာ့ Fallout New Vegas ကေတာ့ Obsidian ကထုတ္လုပ္တာပါ။ ဒီတစ္ခါမွာေတာ့ Obsidian ပါဝင္တာမေတြ႔ရပါဘူး။
Fallout 76 ကေတာ့ ခုနွစ္ 2102 မွာအစပ်ိဳးထားတယ္ထင္ပါတယ္။ (teaser ထဲက Pipboy မွာေတြ႔ပါလိမ့္မယ္)။ Fallout series ေတြရဲ႕ timeline အရဆိုရင္ေတာ့ နူကလိယဗံုးေတြက်တာက 2077၊ ပထမဆံုး fallout ကေတာ့ 2161၊ Fallout 2 က 2241၊ Fallout 3 မွာေတာ့ 2277 နဲ႔ New Vegas က 2281 မွာျဖစ္ခဲ့ၿပီးေတာ့ fallout 4 ကေတာ့ 2287 မွာအသီးသီးေနရာယူခဲ့ၾကတာကို ေတြ႕ပါလိမ့္မယ္။ ဒီလိုသာဆိုရင္ အခုထြက္လာမယ့္ Fallout 76 ကဟိုး အေစာႀကီးကိုျပန္ေရာက္သြားမွာပါ။

Fallout 76 ဆိုေတာ့ Vault 76 ကိုရည္ညႊန္းလိုက္တာပါပဲ။ အရင္ fallout series ေတြကို ေကာင္းေကာင္းေဆာ့ဖူးတဲ့ သူေတြကေတာ့ Vault 76 ကိုဟိုတစ္စ ဒီတစ္စ မွတ္မိမယ္ထင္ပါတယ္။ Fallout 3 နဲ႔ 4 မွာ reference လုပ္ထားတာကို ေတြ႔မွာပါ။ လူ 500 ေလာက္ရွိေနၿပီးေတာ့ control group တစ္ခုအေနနဲ႔ ထားခဲ့တယ္လို႔သိပါလိမ့္မယ္။ ၿပီးေတာ့ စစ္ပြဲအၿပီး အႏွစ္ ၂၀ မွာ ျပန္ဖြင့္ဖို႔ပါ။ သူတို႔က ႏွစ္ ၂၀ မွာအျပင္ျပန္ထြက္ၿပီး ျပန္လည္းထူေထာင္ေရး ကိုဦးေဆာင္ဖို႔ ေရြးထားခဲ့တဲ့ သူေတြပါ။ Teaser ထဲမွာ 2076 ဆိုၿပီး US ရဲ႔ အႏွစ္ 300 ျပည့္ poster ကိုလည္းေတြ႔လိုက္ပါလိမ့္မယ္။ ထားပါေတာ့၊ ဒါေပမယ့္ teaser မွာပါတဲ့ reclamation day ျပင္ထားတဲ့ အခမ္းအနားမွာက်ေတာ့ vault က 25 နွစ္ျပည့္ျဖစ္ေနတယ္။ ဘယ္လိုလဲေတာ့ မသိဘူး။
ေနာက္ဆံုးတစ္ခုသတိထားမိတာကေတာ့ သီခ်င္းပါပဲ။ John Denver ရဲ႔ country road သီခ်င္းကို ေကာင္းေကာင္းသိၾကမွာပါ။ အဲ့ဒီ သီခ်င္းက US ရဲ႕ West Virginia ကိုျပန္တဲ့ အေၾကာင္းမဟုတ္လား။ ဒီေနရာက Vault 76 ရွိတဲ့ ျပည္နယ္လည္းျဖစ္နိုင္တာပဲ။
E3 မလာခင္အခ်ိန္ထိကေတာ့ ဒီလိုပဲ ရမ္းမွန္းေလွ်ာက္ေျပာေနရတာ အရသာတစ္ခုလိုပါပဲ။ တစ္ျခား ထင္တာျမင္တာေတြရွိလည္း sharing လုပ္ၾကေပါ့ဗ်ာ။ ဘာပဲျဖစ္ျဖစ္ ေနာက္ထပ္ ေစာင့္ရမယ့္ ဂိမ္းတစ္ခုျဖစ္နိုင္ပါတယ္။ Pipboy ကေန႔စြဲအရဆိုရင္ေတာ့ October လထဲမွာထြက္ေကာင္း ထြက္လာနိုင္ေသးတယ္။
[unicode]
Bathesda ကထုတ်တဲ့ Skyrim နဲ့ Fallout series တွေက ကျွန်တော်ကိုယ်တိုင် အချိန်အများဆုံးဆော့ဖြစ်တဲ့ RPG တွေပါ။ ဒီနှစ် E3 မတိုင်ခင်မှာပဲ Bethesda အနေနဲ့ နောက်ထပ် Fallout တစ်ခုဖြစ်တဲ့ fallout 76 ကို ထုတ်ပြခဲ့ပါတယ်။ fan တစ်ယောက်အတွက်တော့ အမိုက်ဆုံးအချိန်တွေပေါ့။ Bethesda ရဲ့ boss ဖြစ်သူ Todd Howard ကတော့ ဒီ tease ကအစမ်းသဘောမျိုးပြတာပဲ ဖြစ်ပြီး E3 ပွဲရောက်မှ ဒီထက်သေချာတာတွေကို ထပ်ပြသွားမယ်ပြောပါတယ်။ ရောင်းမယ့်ရက်ကို မကြေငြာသေးပေမယ့် teaser ကိုကြည့်ပြီးတော့ သိနိုင်တာတွေကတော့ များမယ်ထင်ပါတယ်။ တစ်ခြား ထင်ကြေးပေးထားတဲ့ သူတွေလည်းအများကြီးရှိနေပြီပဲ။ Bethesda ကိုကြိုက်တဲ့ အချက်တွေထဲမှာ သူတို့ထုတ်လုပ်မယ့် တစ်ခုခုက အရမ်းအလှမ်းေးနေသေးရင် ချမပြသေးပဲ အချိန်နီးမှ ကပ်ပြောတတ်တဲ့ အကျင့်ပါ။ ဆိုလိုတာက Fallout 76 နဲ့ရင်းနှီးခွင့်က သိပ်မကြာနိုင်ဘူး ထင်တာပဲ။
Platform အနေနဲ့ PC, PS4 နဲ့ Xbox One ကိုလာမယ်လို့ သေချာပြောထားပါတယ်။ Nintendo Switch ပိုင်ရှင်တွေကတော့ နည်းနည်းစောင့်ရလိမ့်မယ်ထင်တယ်။ Skyrim လည်း Switch ကိုရောက်နေပြီဆိုတော့ Fallout series တစ်ချို့လည်း အနှေးနဲ့ အမြန်တော့ ရောက်လာတော့မယ်ထင်ပါတယ်။ ဒါပေမယ့် Switch ကိုင်တဲ့ သူအများစုကတစ်ခြား console ကောင်းကောင်း ရှိပြီးသားလည်းဖြစ်နိုငပါတယ်။
Bethesda က fallout 3 နဲ့ 4 ကိုလုပ်ခဲ့ပြီးတော့ Fallout New Vegas ကတော့ Obsidian ကထုတ်လုပ်တာပါ။ ဒီတစ်ခါမှာတော့ Obsidian ပါဝင်တာမတွေ့ရပါဘူး။
Fallout 76 ကတော့ ခုနှစ် 2102 မှာအစပျိုးထားတယ်ထင်ပါတယ်။ (teaser ထဲက Pipboy မှာတွေ့ပါလိမ့်မယ်)။ Fallout series တွေရဲ့ timeline အရဆိုရင်တော့ နူကလိယဗုံးတွေကျတာက 2077၊ ပထမဆုံး fallout ကတော့ 2161၊ Fallout 2 က 2241၊ Fallout 3 မှာတော့ 2277 နဲ့ New Vegas က 2281 မှာဖြစ်ခဲ့ပြီးတော့ fallout 4 ကတော့ 2287 မှာအသီးသီးနေရာယူခဲ့ကြတာကို တွေ့ပါလိမ့်မယ်။ ဒီလိုသာဆိုရင် အခုထွက်လာမယ့် Fallout 76 ကဟိုး အစောကြီးကိုပြန်ရောက်သွားမှာပါ။

Fallout 76 ဆိုတော့ Vault 76 ကိုရည်ညွှန်းလိုက်တာပါပဲ။ အရင် fallout series တွေကို ကောင်းကောင်းဆော့ဖူးတဲ့ သူတွေကတော့ Vault 76 ကိုဟိုတစ်စ ဒီတစ်စ မှတ်မိမယ်ထင်ပါတယ်။ Fallout 3 နဲ့ 4 မှာ reference လုပ်ထားတာကို တွေ့မှာပါ။ လူ 500 လောက်ရှိနေပြီးတော့ control group တစ်ခုအနေနဲ့ ထားခဲ့တယ်လို့သိပါလိမ့်မယ်။ ပြီးတော့ စစ်ပွဲအပြီး အနှစ် ၂၀ မှာ ပြန်ဖွင့်ဖို့ပါ။ သူတို့က နှစ် ၂၀ မှာအပြင်ပြန်ထွက်ပြီး ပြန်လည်းထူထောင်ရေး ကိုဦးဆောင်ဖို့ ရွေးထားခဲ့တဲ့ သူတွေပါ။ Teaser ထဲမှာ 2076 ဆိုပြီး US ရဲ့ အနှစ် 300 ပြည့် poster ကိုလည်းတွေ့လိုက်ပါလိမ့်မယ်။ ထားပါတော့၊ ဒါပေမယ့် teaser မှာပါတဲ့ reclamation day ပြင်ထားတဲ့ အခမ်းအနားမှာကျတော့ vault က 25 နှစ်ပြည့်ဖြစ်နေတယ်။ ဘယ်လိုလဲတော့ မသိဘူး။
နောက်ဆုံးတစ်ခုသတိထားမိတာကတော့ သီချင်းပါပဲ။ John Denver ရဲ့ country road သီချင်းကို ကောင်းကောင်းသိကြမှာပါ။ အဲ့ဒီ သီချင်းက US ရဲ့ West Virginia ကိုပြန်တဲ့ အကြောင်းမဟုတ်လား။ ဒီနေရာက Vault 76 ရှိတဲ့ ပြည်နယ်လည်းဖြစ်နိုင်တာပဲ။
E3 မလာခင်အချိန်ထိကတော့ ဒီလိုပဲ ရမ်းမှန်းလျှောက်ပြောနေရတာ အရသာတစ်ခုလိုပါပဲ။ တစ်ခြား ထင်တာမြင်တာတွေရှိလည်း sharing လုပ်ကြပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် စောင့်ရမယ့် ဂိမ်းတစ်ခုဖြစ်နိုင်ပါတယ်။ Pipboy ကနေ့စွဲအရဆိုရင်တော့ October လထဲမှာထွက်ကောင်း ထွက်လာနိုင်သေးတယ်။