[zawgyi]
POCKET RUN POOL
[Appstore]
[App Store]
SCALAK
[App Store]
[Play Store]
HORIZON
[App Store]
[App Store]
[Play Store]
IRE :BLOOD MEMORY
[App Store]
[Play Store]
[unicode]
ဒီတစ်ပတ် စမ်းဆော့ဖြစ်သမျှဂိမ်းတစ်ချို့ကိုစီပေးလိုက်ပါတယ်။ တစ်ချို့လွတ်သွားတာတွေတော့ ရှိနိုင်ပါတယ်။
POCKET RUN POOL
Zach Gage ကရေးထားတဲ့ pool arcade game တစ်ခုဖြစ်ပါတယ်။ အချိန်ကုန်လို့ကုန်မှန်းမသိအောင်ဆွဲဆောင်ထားနိုင်တဲ့ ဂိမ်းတစ်ခုပါ။ Control လည်းအဆင်ပြေပြီးတော့ offline mode ပါလာတာလည်းအားသာချက်တစ်ခုဖြစ်နိုင်ပါတယ်။
[Appstore]
DEPLOY & DESTROY : ASH VS ED
ASH VS EVIL DEAD နဲ့ Divergent character တွေပေါင်းစပ်ထားတဲ့ PVP FPS ပါပဲ။ ဒီလောက်တောင် PvP FPS တွေများနေတဲ့ အချိန်ဘာစိတ်ကူးနဲ့ ဒီလိုဂိမ်းမျိုးထပ်ရေးလည်းတော့မသိပါဘူးဗျာ။ Evil Dead ထဲက Ash, Kelly ဒါမှမဟုတ် Pablo အဖြစ်နဲ့ဆော့လို့ရပြီး Divergent ထဲက Tris, Eric, Edward ဒါမှမဟုတ် Max အဖြစ်နဲ့လည်းဆော့လို့ရပါလိမ့်မယ်။ Graphic အဆင်ပြေပါတယ်။ ဒါပေမယ့် ပျင်းဖို့ကောင်းမှာတော့ အမှန်ပဲ။
[App Store]
SCALAK
Minimalist puzzle game လို့ခေါ်မယ်ထင်တယ်။ ရှုပ်ထွေးနေတာမျိုးမဟုတ်ပဲ၊ ရှင်းရှင်းလင်းလင်းနဲ့ ဆော့လို့ကောင်းတဲ့ puzzler တစ်ခုဖြစ်ပါတယ်။ သေချာတာက puzzle မကြိုက်တဲ့သူကတော့ ဘယ်လိုမှဆော့လို့အဆင်ပြေမှာ မဟုတ်ဘူး။ $2 နဲ့ App Store မှာရနိုင်ပါတယ်။
[App Store]
[Play Store]
HORIZON
Endless runner game တစ်ခုပါပဲ။ ဒါပေမယ့် control မရင်းနှီးသေးတဲ့ အချိန်မှာတော့ ထိန်းရခက်နိုင်ပါတယ်။
[App Store]
FARAWAY 3: ARCTIC ESCAPE
အခန်းတွေထဲကလွတ်မြောက်အောင် ဆော့ရတဲ့ Faraway မှာဒီတစ်ခါတော့ ရေခဲရာဒေသကိုရောက်ရှိသွားပါပြီ။ graphic သပ်သပ်ရပ်ရပ်နဲ့ escape game ကောင်းတစ်ခုဖြစ်ပါတယ်။
[App Store]
[Play Store]
IRE :BLOOD MEMORY
Blood memory ကကြာတော့ကြာနေပါပြီ။ ဒါပေမယ့် သိပ်မကြာခင်က update အသစ်ကောင်းကောင်း ထွက်ထားတဲ့အတွက် ထည့်ပေးလိုက်ပါတယ်။
[App Store]
[Play Store]
တစ်ခြား လွတ်သွားတဲ့ ဂိမ်းအသစ်တွေရှိရင်တော့ လက်တို့လိုက်ကြပါဦး။