Notes

Whisky!! မူမှန်တဲ့ ဆေးတစ်ခွက်…

စိတ်ကောင်းလေးနည်းနည်းရယ်၊ ဆင်ခြင်တုံတရားနည်းနည်းရယ်၊ ပြီးတော့ မူမှန်နေတဲ့ စိတ်သာရှိမယ်ဆို တွေးကြည့်လိုက်တာနဲ့ whisky ဆိုတာဟာ လူသားတွေအတွက် မီး ကိုရှာတွေ့ခြင်းပြီးရင် ဒုတိယအကြီးမားဆုံး ရှာဖွေတွေ့ရှိမှုကြီးပဲ လို့ပြောကြမှာပဲမဟုတ်လား။
Whisky ဆိုတာက လူတစ်ယောက်အတွက် ဘယ်လောက်ပဲ စိတ်ပုတ်နေပါစေ၊ အေးအေးဆေးဆေးဖြစ်သွားစေတယ်၊ လူရော စိတ်ရော အေးဆေးသက်သာ အပင်ပန်းပြေစေတယ်။
Willie Nelson နဲ့ Toby Keith တို့ပြောခဲ့သလိုပဲ beer ဆိုတာ မြင်းတွေအတွက် ဘီးကြဲတွေအတွက်ကတော့ whisky လို့ပြောခဲ့ကြတယ်မဟုတ်လား။ (သူတို့ပြောတာနော်၊ ကျုပ်က beer လည်းလွတ်တာမဟုတ်ဘူး။)

ဘာကိုပဲသောက်သောက် limit ရှိရမယ်ဆိုတာရယ်၊ တန်ဆေးလွန်ဘေးဆိုတဲ့ကိစ္စကိုတော့ ကောင်းကောင်းထောက်ခံသလို ကိုယ်တိုင်လည်း ကျင့်သုံးပါတယ်။ ဒီစာရဲ့ရည်ရွယ်ချက်ကတော့ whisky ကိုဆက်သောက်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ချို့အကြောင်းရေးချင်ရုံလောက်ပါ။

အသက်ရှည်ဆေး၊ whisky ကို အသက်ရှည်ဆေးရယ်လို့ ပြောခဲ့ကြတယ်မဟုတ်လား၊ water of life ပေါ့ဗျာ၊ တကယ်တော့ ဒီစကားက Gaelic စကားလုံးဖြစ်တဲ့ Uisge Betha ကလာပြီးတော့ ဘာသာပြန်တဲ့အခါ water of life လို့ဆိုလိုခဲ့ကြပါတယ်။ Uisge ကို “usky” လို့ အသံထွက်ကြရင်း “whisky” လို့ပြောင်းလဲလာတယ်လို့လည်း ပြောကြပါတယ်။ တကယ်ဟုတ်မဟုတ်ကတော့ သောက်ကြည့်သင့်တာပေါ့နော။
ဒါကြောင့်လည်း Johnny Carson …. “ပျော်ရွှင်မှုဆိုတာ အမဲကင်ရယ်၊ whisky တစ်ပုလင်းရှိပြီးတော့ အဲ့အမဲကင်စားမယ့် ခွေးတစ်ကောင်ရယ် ဆိုလုံလောက်ပြီ” လို့ဆိုခဲ့တာပေါ့။

လက်ရှိအချိန်မှာ လူတိုင်းက sexy & trim ဖြစ်ချင်တယ်မဟုတ်လား…ကျစ်ကျစ်လစ်လစ် ကိုယ်ခန္ဓာနဲ့ အမိုက်စား figure ဆိုတာ ရှေ့တွေဘေးတွေထွက်နေတဲ့ ဗိုက်ခေါက်နဲ့တော့ ဘယ်ဖြစ်ပါ့မလဲ… ဒီမှာလည်း whisky ကအားသာချက်လေးရှိတယ်ဗျ။ သူက One shot မှာဆိုရင် 0 fat နဲ့ 0.4 carbs လောက်ပဲ average ရှိတယ်လို့သိရတယ်။ ဒီတော့ ဝိတ်ချနေတုန်း diet လုပ်နေတုန်းဆိုရင်တောင်မှ whisky နည်းနည်းပါးပါးကတော့ အေးဆေးပေါ့။ whisky diet ကိုတော့ အားမပေးဘူးပေါ့ဗျာ… lost weight မဟုတ်ပဲ lost days တွေဖြစ်ကုန်မှာပေါ့။ “Cheers! I am on diet” ပေါ့။

Cancer ကိုကာကွယ်နိုင်တဲ့ဆိုတဲ့ကိစ္စလည်းပါမှာပေါ့။ လောလောဆယ်တော့ သုတေသနလုပ်ဆဲ အနေအထားမှာပဲရှိသေးတယ်လို့တော့သိရပါတယ်။ ကနဦးစမ်းသပ်မှုတွေအရတော့ အလားအလာကောင်းပါတယ်တဲ့။ whisky တွေထဲမှာမှ single-malt တွေဟာ red wine ထက် ellagic acid ပိုများပြီး ခန္ဓာကိုယ်ထဲက free radicals တွေကိုပိုမိုစုပ်ယူနိုင်ပါတယ်တဲ့။ ellagic acid ဆိုတာကတော့ antioxidant တစ်မျိုးပဲဖြစ်ပါတယ်။ chemotherapy treatment ပေးတဲ့နေရာမှာ အထောက်အကူပြုတယ်ပြောပါတယ်။ ဒါတွေအားလုံးက အခုအချိန်မှာ ကံသေကံမ မပြောနိုင်ပေမယ့် အားတက်စရာပဲမဟုတ်ပါလား။ Cheers ! ဗျာ….
အပေါ်မှာပြောခဲ့သလိုပဲ whisky မှာ antioxidant ပါတယ်ဆိုတော့ ကိုယ်ခန္ဓာရဲ့ ခုခံအားကို အနည်းအများတော့ တိုးပေးနိုင်မှာပါ။အဓိကကတော့ နှလုံးကျန်းမာရေးပေါ့။ ဒီတော့ ပုံမှန်စည်းကမ်းနဲ့သောက်သုံးသူအတွက်ကတော့ ညနေဆို ခွက်ကလေးမြှောက်ပြီး “cheers! နှလုံးအားတိုးဆေး” လို့ပြောကြတာပေါ့။
ညနေစောင်းလောက်ဖြစ်ဖြစ် အိမ်ရောက်ရင် ကိုယ့်ရဲ့ သက်တောင့်သက်သာ အရှိဆုံး ထိုင်ခုံတစ်ခုမှာထိုင် Whisky လေးစပ်ပြီး သောက်ရတဲ့ အရသာကို သိတယ်မဟုတ်လား။ အဲ့အချိန်မှာ whisky ကဘာလုပ်ပေးလဲဆိုတော့ brain activity ကိုလျှော့ချပေးပြီး တစ်ကိုယ်လုံးမှာရှိတဲ့ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဒီတော့ ကိုယ်ပိုင် အနှိပ်သယ်မရှိတဲ့ ကျွန်တော့လိုလူမျိုး အတွက်ကတော့ ဒီအချိန်မှာ whisky တစ်ခွက်အပြင် နှိပ်သယ်တစ်ယောက်အပိုရထားသလိုပဲပေါ့။ “အနှိပ်ခံရင်း Cheers! ပေါ့နော….”

နောက်တစ်ခုက အစာခြေစနစ်ကိုလည်း ကောင်းစွာအထောက်အကူပြုသေးတယ်ဆိုတော့ heavy meal စားပြီးတဲ့အခါ whisky နည်းနည်းသောက်တာကလည်း ကိုယ့်ရဲ့ dashing figure ကိုထိန်ထားရာကျမှာပါ။ ခုဏကလို သွေးလည်ပတ်မှုကောင်းတယ်ဆိုတော့ လူကိုနွေးနွေးထွေးထွေးလည်း ရှိစေမှာပါ။ ဒီတော့ အအေးပတ်မှာလည်း မပူရတော့ဘူးပေါ့။ “Cheers! ရာသီဥတုကကိုယ့်အတွက်….”

တစ်ချို့တွေကတော့ whisky ကိုစီးပွားဖြစ်ဝယ်သိမ်းတဲ့ သူတွေရှိပါတယ်။ သတ်မှတ် whisky တစ်ချို့က ဝယ်သိမ်းထားရင် $ သန်းချီပြီးမြတ်နိုင်တာသိကြပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တောင် ဒီလောက်လှတဲ့ ပုလင်းတွေကို အိမ်မှာပဲ အလှဆင်ထားလို့ရသေးတယ်။ ကိုယ့်အိမ်မှာ mini-bar လေးနဲ့ ပုလင်းအစီအရီတင်ထားဖို့ကို whisky သမားအတော်များများ အိပ်မက်မက်ဖူးကြမှာပါ။
လူတွေရဲ့ သမိုင်းတစ်လျှောက်မှာ နာမည်ကျော် အတော်များများက whisky သမားတွေဖြစ်ကြောင်းလည်းတွေ့ပါလိမ့်ဦးမယ်။ နောက်ပြီးတစ်ကမ္ဘာလုံးမှာ whisky ထုတ်တဲ့ ဒေသတွေအများကြီးပါ။ ကိုယ်နိုင်ငံကထုတ်တဲ့ whisky ကိုဂုဏ်ယူပြီး သောက်ကြရင် မျိုးချစ်စိတ်ရှိတယ်လို့ လည်းပြောလို့ရတာပေါ့။ “Cheers! I am a patriot.”

နောက်ဆုံးတော့လည်း whisky သောက်ဖို့ ကျွန်တော်တို့အတွက် အကြောင်းအရာသိပ်အများကြီးရှာနေစရာမလိုပါဘူးလေ။ ကျွန်တော်တို့ကြိုက်ကြတယ်၊ ကျွန်တော်တို့သောက်ကြတယ်၊ ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်းသောက်ကြမယ်ပေါ့။ “Cheers! အကြိုက်ဆုံး whisky တစ်ခွက်အတွက်”…..

%d bloggers like this: