[unicode]
[zawgyi]
ပြီးခဲ့တဲ့ E3 2018 မှာ Gears 5 ရဲ့ Trailer ကိုလည်း အားလုံးသတိထားမိလိမ့်မယ်ထင်ပါတယ်။ Gears of war series တွေထဲမှာပါဝင်လာမယ့် နောက်ဆုံး တစ်ခုပေါ့။ ထုတ်လုပ်သူကတော့ The Coalition ပဲဖြစ်ပါတယ်။ ပြီးတော့ ထူးဆန်းတာက Title ကိုအရင်လို Gears of War 5 လို့ဖြစ်ရမယ့်အစား ကျွန်တော်တို့ ခေါ်နေသလို Gears 5 ဆိုတဲ့ Title နဲ့ပဲ 2019 မှာထွက်လာမှာပါတဲ့။
Mobile အတွက်လည်း Gears Pop နဲ့ PC အတွက်လည်း Gears Tactics ထွက်လာဖို့ရှိနေပါသေးတယ်။ ဒါကြောင့် Title ကို Gears လို့ပဲပေးတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ်ပါ နာမည်တိုသွားတာ အရေးမကြီးပါဘူး။ မဟုတ်လည်း GOW ဒါမှမဟုတ် Gears ပဲခေါ်တာမဟုတ်လား။
Gears 5 မှာတော့ Fenix ကြီးနေရာကဝင်ကစားလို့ရတော့မှာ မဟုတ်ပါဘူး။ Playable character တစ်ကောင်အနေနဲ့ ပါလာတော့မှာမဟုတ်ပါဘူးတဲ့။ အရင် series မှာတုန်းက support တစ်ကောင်အဖြစ်ပါခဲ့တဲ့ Kait Diaz အဖြစ်ကစားရမှာဖြစ်ပါတယ်။ အိမ်မက်လိုလို ဘာလိုလို အမြင်တွေလည်းတွေ့ရနိုင်ပါသေးတယ်။ သေချာတာတော့ ရန်သူဆီကဖြစ်ဖို့များပါတယ်။ ပြီးတော့ J.D.Fenix ပေါ့၊ Kait ကိုမယုံတော့ဘူးလေ။ နောက်ထပ်ပြန်ဆုံရမယ့် character တွေကတော့ Del ရယ်။ ပြီးတော့ Marcus ကြီးနဲ့လည်းပြန်ဆုံရဦးမှာပါ။ လာမယ့် Gears 5 မှာ campaign အကုန်လုံးကို local ပဲဖြစ်ဖြစ် online co-op ပဲဖြစ်ဖြစ် ဆော့လို့ရပါလိမ့်မယ်။ Xbox One X မှာဆိုရင်တော့ ရှိသမျှ game mode အကုန်လုံးကို 4K HDR မှာ 60fps နဲ့ဆော့လို့ရမှာတဲ့ဗျား။
လောလောဆယ်တော့ 2019 မှာ PC နဲ့ Xbox One အတွက်ထွက်လာဖို့ရှိပါတယ်။ ဒါ့အပြင် mobile အတွက်တော့ ကာတွန်းရုပ်တွေပြောင်းသွားတဲ့ Gears Pop နဲ့ Gears Tactics ဆိုပြီး PC exclusive ထွက်လာဖို့ရှိပါတယ်။ Gears Pop ကတော့ trailer ထွက်ထားပြီးပြီဆိုပေမယ့် gameplay ဘယ်လိုလာမလဲမသိသေးပါဘူး။ trailer ကိုတော့ ထည့်ပေးလိုက်ပါတယ်။ Gears site ကိုသွားချင်ရင်တော့ (Gears)။