[Uni]
Championat.com နဲ့ Natus Vincere ရဲ့ CEO ဖြစ်တဲ့ Yevhen Zolotarov တို့ ပြောခဲ့တဲ့ interview ကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Na’Vi အနေနဲ့ Ti8 open qualifiers မှာထွက်ခဲ့ရတဲ့ အကြောင်းနဲ့ နောက်ဆက်တွဲတွေပေါ့။ ပြီးတော့ NaVi အတွက် ရလဒ်တွေက media တွေပေါ်မှာ မြင်ရတဲ့ အကြောင်းတွေထက်အမြဲတမ်း ပိုအရေးကြီးကြောင်းပြောသွားပါတယ်။. ESforce ကနေထွက်တဲ့အခါ အကောင်းအဆိုးဒွန်တွဲနေကြောင်းလည်းပြောသွားပါသေးတယ်။
Ti8 qualifier ရလဒ်နဲ့ပတ်သတ်ပြီးတော့
အဖတ်ဆည်မရတော့တဲ့ ကိစ္စပေါ့။ ဘယ်သူမှ မထင်ထားဘူး။ ဒီလောက်ဆိုးသွားမယ်လို့ မတွက်ထားဘူး။ ပထမဆုံး ESPADA မှာရှုံးတယ်။ ဒါတောင်အတော်အတန်တော့ ကစားခဲ့ပါသေးတယ်။. ပြီးတော့ ALOHADANCE နဲ့တုန်းကလည်းထူးမခြားနားပဲ။. သေချာတာက အမှားလုပ်လို့ မရတော့ဘူးဆိုတဲ့ အချိန်မှာ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ကစားပုံတွေက လွဲလာတယ် ပြီးတော့ ကစားသမားတွေက ယုံကြည်မှုကျလာတာပဲ။ ဒုတိယအကြိမ် မှာတော့ Vlad [Crystallize] ကို picker လုပ်ခိုင်းတယ်။ အဲ့လို ဝရုန်းသုံးကားလုပ်ရတဲ့ အချိန်မှာ ယုံကြည်မှုကစကားပြောလာတာပဲ။
Roster အသစ်မှာ Dendi ပါဦးမှာလား
ဒီအချိန်ဆိုရင်တော့ Dendi ရဲ့ Twitter မှာပြောခဲ့တဲ့ စကားတွေကို ဖတ်ပြီးကြလောက်ပါပြီ။ English ဘာသာပြန်ဖတ်ပြီးတဲ့သူတွေကတော့ ဒီအချိန်လောက်ဆို သူဆက်နေမယ် မနေတော့ဘူးဆိုတာသိသာပါလိမ့်မယ်။ ဒါတွေက ကျွန်တော်တို့ ဆုံးဖြတ်လို့မရသလို၊ သူလည်းဆုံးဖြတ်စရာမလိုပါဘူး။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့အားလုံးက reboot လုပ်သလို အစတော့ပြန်စဖို့လိုတယ်မဟုတ်လား။ ဆိုပါတော့ Zeus [Danylo Teslenko], က Gambit Esports အတွက်သွားပြီးဆော့ခဲ့သလို နောက်တော့ NaVi မှာပြန်လာသလိုပဲပေါ့။
ESforce ကထွက်ပြီးတော့
ကျွန်တော်ထင်တယ်။ အားလုံးက အကျိုးအကြောင်းဆက်စပ်နေပါလိမ့်မယ်။ ကျွန်တော်တို့ အခုဆိုရင်ပျော်နေကြတယ်။ ဆိုပါတော့ ဥပဒေရေးရာတွေနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ ကြီးထွားမှုနဲ့. တစ်ခြားအကူအညီတွေကတော့ အများကြီးရပါတယ်။. အခုဆိုရင် တကယ်ကောင်းတဲ့ တစ်ခြား စာချုပ်တွေချုပ်ဖြစ်တယ်။. ဥပဒေအရလည်း တကယ် အကျုံးဝင်တဲ့ ကိစ္စတွေပေါ့။. ပြီးတော့ player တွေရဲ့ sponsors ကိစ္စတွေလည်းပါတာပေါ့။. ဒါတွေက ဖြစ်လာတဲ့ ကောင်းကျိုးတွေပါ။
ကောင်းတာတွေရှိရင် သိပ်မကောင်းတာတွေလည်းရှိမှာပေါ့။. ဒီလိုပြောကြည့်ရအောင်။. သူတို့ အရောင်းအေဂျင်စီ ကသိပ်မကောင်းဘူးဗျ။ NaVi ကိုထိထိရောက်ရောက်မကူညီနိုင်ဘူးဆိုပါတော့။. တစ်ခုတော့ရှိပါတယ်၊ သူတို့မှာလည်းရောင်းစရာတွေအများကြီးရှိနေတာကိုး SK, VP, Na’Vi, Epicenter, Yota Arena စတာတွေပေါ့။. ဒါပေမယ့်လည်း ကျွန်တော်တို့ ကိုယ်ဘာသာ ကိုယ်အဆင်ပြေပါတယ်။
ESforce ကနေထွက်ပြီးပြီးချင်းမှာပဲ Monster Energy နဲ့ ပူးပေါင်းပြီးတာ့ GG.BET အတွက် ပူးပေါင်းလုပ်ဆောင်မှုစခဲ့ပါတယ်။ HyperX နဲ့ DXRacer တို့နဲ့လည်းပိုကောင်းတဲ့ အစီအစဉ်တွေဆွဲဖြစ်ခဲ့ပါတယ်။. နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတွေလည်းရှိပါသေးတယ်။ ဒါတွေအကုန်လုံးက ဒီလောက်နဲ့တင်ရပ်နေမှာမဟုတ်ပါဘူး။ တစ်ခြား ကိစ္စသေးသေးမွှားမွှားတွေလည်းရှိပါသေးတယ်။ Na’Vi emoji set လိုဟာမျိုးလေးတွေပေါ့။
နောက်ထပ်ကိစ္စတွေကိုတော့ ကျွန်တော်တို့ ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။. ဒီအချိန်မှာ ကွယ်ဝှက်ထားလို့လည်းမရပါဘူး။. ဒီနှစ်မှာတော့ player တွေကိုလည်း ကိုယ်ပိုင် sponsor နဲ့ partner တွေအတွက် ခွင့်ပြုပေးခဲ့ပါတယ်။ လက်ရှိ Na’Vi ရဲ့ partners တွေကိုထိခိုက်မှုမရှိရင်ပေါ့။ CIS market ထဲမှာရောပေါ့လေ။
Media လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး
ဘက်မျှဖို့ဆိုတာ အားလုံးအတွက် အရေးကြီးပါတယ်။ Media ပေါ်မှာ အထိအတွေ့များတာတွေအားလုံးက နောက်ဆုံးတော့လည်း ရလဒ်တွေပေါ်မှာပဲမူတည်တာပါ။ တစ်ခြား အလွန်နာမည်ကြီးလှပါတယ်ဆိုတဲ့ player တွေက media မှာမနေကြပါဘူး။ ဒီလိုပဲ တစ်ချို့ media မှာသိပ်နာမည်ကြီးနေတဲ့ player တွေကလည်း ဒီလောက်ကြီးတော့လည်း မဟုတ်ပါဘူး။
Natus Vincere [Na’Vi] ကတော့ Ti8 ပွဲဝင်ခွင့်ကို လက်လွှတ်ခဲ့ရပါတယ်။. ဒီနောက်ပိုင်းမှာတော့ CEO ဖြစ်တဲ့ Yevhen Zolotarov ရဲ့ vlog ကပြောဆိုချက်အရတော့ roster အပြောင်းအလဲက နောက်တစ်ရာသီမစမချင်း ငြိမ်နေဦးမယ်ပြောပါတယ်။ ပြောသွားတဲ့ စကားတွေအရတော့ Na’Vi ရဲ့ နောက်မှာ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိရတာပေါ့။. နောက်ဆုံးတော့ ရလဒ်ကပဲစကားပြောတယ်မဟုတ်လား။