Halo ကိုသိတယ္မလား။ မသိလည္းကိစၥေတာ့ သိပ္မရွိပါဘူး။ Gamer တစ္ေယာက္ကေတာ့ တစ္ခ်ိန္ခ်ိန္မွာ Halo ကိုမျဖစ္မေနေဆာ့ျဖစ္ပါလိမ့္မယ္။ Series တစ္ခုလံုး ေဆာ့ျဖစ္ရင္ေတာ့ အေကာင္းဆံုးေပါ့။ Microsoft ကထုတ္တဲ့ FPS game တစ္ခုျဖစ္ပါတယ္။ ဒါကေတာ့ သူ႔အတြက္ ရုပ္ရွင္အေၾကာင္းပါ။ လြန္ခဲ့တဲ့ ၅ႏွစ္ေလာက္ကတည္းက မၾကာခင္ရိုက္မယ္၊ ခုရိုက္မယ္၊ ေတာ္ၾကာရိုက္မယ္ဆိုၿပီး Microsoft နဲ႔ Steven Spielberg တို႔ေျပာေနခဲ့ၾကတာၾကာပါၿပီ။ အခုေတာ့ 2019 ႏွစ္စပိုင္းေလာက္ေလာက္မွာ လုပ္ငန္းစမယ္လို႔ၾကားပါတယ္။ Halo လို႔ပဲ အမည္ေပးထားၿပီး အေသးစိတ္အခ်က္အလက္ေတြကုိေတာ့ မသိရေသးပါဘူး။ သိရသေလာက္ကေတာ့ အရင္ အေစာပိုင္း storyline ကိုပဲမွီျငမ္းထားမွာျဖစ္ၿပီး လူသားေတြနဲ႔ Covenant လို႔ေခၚတဲ့ ၿဂိဳလ္သားေတြရဲ႕ တိုက္ပြဲပံုစံေတြကေတာ့ အသစ္ျဖစ္လာနိုင္ပါတယ္။ လက္ရွိမွာေတာ့ Showtime က Episode 10 ခုစာပါတဲ့ Halo ကို အတည္ျပဳေၾကာင္းေၾကျငာလို္က္ပါတယ္။ episode တစ္ခုက ၁နာရီၾကာမယ္ေျပာပါတယ္။
ဂိမ္းေလာကထဲကတစ္ခ်ိဳ႔အပါအဝင္ Steven Spielberg နဲ႔သူ႔မိတ္ေဆြေတြ တည္ေထာင္ထားတဲ့ 343 industries ကပဲထုတ္လုပ္မွာပါ။ Rise of the Planet of the Apes ရဲ႕ Director ျဖစ္သူ Rupert Wyatt ကိုေတာ့ တစ္ခ်ိဳ႕ episode ေတြရိုက္ဖို႕ကမ္းလွမ္းထားၿပီး သူကိုယ္တိုင္လည္း ထုတ္လုပ္သူေတြထဲမွာပါဝင္တယ္လို႔သိရပါတယ္။
Halo TV series ျဖစ္လာေတာ့မယ္ဆိုတဲ့ကိစၥက လြန္ခဲ့တဲ့ ၅နွစ္တာကာလကို ႀကံႀကံခံနိုင္ခဲ့တယ္ ထင္ပါတယ္။ Microsoft Entertainment Studios ပ်က္သြားတာတာင္ အခုအခ်ိန္အထိ series ရိုက္ဖို႔ျဖစ္လာနိုင္ပါေသးတယ္။ ဒီၾကားကာလေတြကေန အခုအထိ series အေၾကာင္းဘာမွ မသိရေပမယ့္ Microsoft ကိုယ္တိုင္အျပင္ 343 Industries နဲ႔ Showtime တို႔ကေတာ့ အခုအခ်ိန္အထိ Halo TV series ကလာမွာေသခ်ာေၾကာင္းပဲ ထပ္ခါတစ္လဲလဲေျပာေနၾကတုန္းပါပဲ။ တစ္ကယ္ျဖစ္မျဖစ္ကေတာ့ 2019 ႏွစ္စပိုင္းေလာက္မွာ နားျပန္စြင့္ၾကတာေပါ့။
[unicode]
Halo ကိုသိတယ်မလား။ မသိလည်းကိစ္စတော့ သိပ်မရှိပါဘူး။ Gamer တစ်ယောက်ကတော့ တစ်ချိန်ချိန်မှာ Halo ကိုမဖြစ်မနေဆော့ဖြစ်ပါလိမ့်မယ်။ Series တစ်ခုလုံး ဆော့ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ Microsoft ကထုတ်တဲ့ FPS game တစ်ခုဖြစ်ပါတယ်။ ဒါကတော့ သူ့အတွက် ရုပ်ရှင်အကြောင်းပါ။ လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက မကြာခင်ရိုက်မယ်၊ ခုရိုက်မယ်၊ တော်ကြာရိုက်မယ်ဆိုပြီး Microsoft နဲ့ Steven Spielberg တို့ပြောနေခဲ့ကြတာကြာပါပြီ။ အခုတော့ 2019 နှစ်စပိုင်းလောက်လောက်မှာ လုပ်ငန်းစမယ်လို့ကြားပါတယ်။ Halo လို့ပဲ အမည်ပေးထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ သိရသလောက်ကတော့ အရင် အစောပိုင်း storyline ကိုပဲမှီငြမ်းထားမှာဖြစ်ပြီး လူသားတွေနဲ့ Covenant လို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ တိုက်ပွဲပုံစံတွေကတော့ အသစ်ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ Showtime က Episode 10 ခုစာပါတဲ့ Halo ကို အတည်ပြုကြောင်းကြေငြာလိုက်ပါတယ်။ episode တစ်ခုက ၁နာရီကြာမယ်ပြောပါတယ်။
ဂိမ်းလောကထဲကတစ်ချို့အပါအဝင် Steven Spielberg နဲ့သူ့မိတ်ဆွေတွေ တည်ထောင်ထားတဲ့ 343 industries ကပဲထုတ်လုပ်မှာပါ။ Rise of the Planet of the Apes ရဲ့ Director ဖြစ်သူ Rupert Wyatt ကိုတော့ တစ်ချို့ episode တွေရိုက်ဖို့ကမ်းလှမ်းထားပြီး သူကိုယ်တိုင်လည်း ထုတ်လုပ်သူတွေထဲမှာပါဝင်တယ်လို့သိရပါတယ်။
Halo TV series ဖြစ်လာတော့မယ်ဆိုတဲ့ကိစ္စက လွန်ခဲ့တဲ့ ၅နှစ်တာကာလကို ကြံကြံခံနိုင်ခဲ့တယ် ထင်ပါတယ်။ Microsoft Entertainment Studios ပျက်သွားတာတာင် အခုအချိန်အထိ series ရိုက်ဖို့ဖြစ်လာနိုင်ပါသေးတယ်။ ဒီကြားကာလတွေကနေ အခုအထိ series အကြောင်းဘာမှ မသိရပေမယ့် Microsoft ကိုယ်တိုင်အပြင် 343 Industries နဲ့ Showtime တို့ကတော့ အခုအချိန်အထိ Halo TV series ကလာမှာသေချာကြောင်းပဲ ထပ်ခါတစ်လဲလဲပြောနေကြတုန်းပါပဲ။ တစ်ကယ်ဖြစ်မဖြစ်ကတော့ 2019 နှစ်စပိုင်းလောက်မှာ နားပြန်စွင့်ကြတာပေါ့။