[unicode]
Microsoft ကေတာ့ Xbox One ပိုင္ရွင္ေတြကို စိတ္မခ်မ္းသာတဲ့ စကားေျပာလိုက္ၿပီနဲ႔တူပါတယ္၊ Microsoft ရဲ႔ Chief marketing Officer ျဖစ္တဲ့ Mike Nicholas နဲ႔ Gamesindustry.biz interview လုပ္ထားတုန္းက အေျပာအဆိုေတြအရဆိုရင္ေတာ့ Microsoft က Xbox အတြက္ VR ထုတ္လုပ္ဖို႔စိတ္မဝင္စားေတာ့တာပါပဲ၊ သူတို႔အေနနဲ႔ VR အတြက္ အေကာင္းဆံုး platform က PC အတြက္ပဲရည္ရြယ္ခဲ့တယ္လို႔ဆိုပါတယ္။ ဒါမွမဟုတ္ TV ႀကီးႀကီးတစ္ခုနဲ႔တြဲၾကည့္ဖို႔ေပါ့။
လက္ရွိမွာေတာ့ Microsoft ရဲ႔ console အတြက္ VR ထြက္လာမယ္ဆိုတာက တစ္ခန္းရပ္သြားတဲ့သေဘာပါပဲ။ Project Scorpio console က တန္ဖိုးႀကီး VR ေတြအတြက္ ေထာက္အပံေပးမယ္ဆိုတာကို 2016 ေလာက္တုန္းက Xbox ရဲ႔ Chief ျဖစ္သူ Phil Spencer ကေျပာခဲ့ဖူးတာရွိပါတယ္။ ေနာက္မွာေတာ့ Xbox controller ေတြကုိ Oculus Rift မွာသံုးလို႔ရေအာင္ေပါ့။ ထင္ခဲ့ၾကတာက Scorpio က Rift မွာလည္း အလုပ္လုပ္မယ္ေပါ့။ တကယ္ေတာ့ ျဖစ္မလာခဲ့ပါဘူး။
ဒါ့အျပင္ Microsoft က VR headset အသစ္ေတြထုတ္လာခဲ့ပါတယ္။ 2018 မွာေတာ့ mixed reality ေတြလည္း Xbox ကုိေရာက္လာမယ္ေျပာခဲ့ပါေသးတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ E3 2017 မွာတုန္းကေတာ့ အဆင္သင့္အျဖစ္ေသးေၾကာင္းဝန္ခံခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ နွစ္အေတာ္ႀကာ အခ်ိန္ယူဦးမယ္ဆိုတဲ့ စကားနဲ႔ အဆံုးသတ္ခဲ့ပါတယ္။ ဒီနွစ္ E3 မွာေတာ့ စကားကို မဟေတာ့တာပါ။
Spencer ကေတာ့ လက္ရွိမွာ VR ကိစၥေတြက စီးပြားေရးအတြက္ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ဘူးလို႔ေျပာခ်င္ပံုရပါတယ္။ VR ေတြကထင္သေလာက္ တိုးတက္မွဳမျမန္ဘူးေလ။ ဒါေပမယ့္ ၿပိဳင္ဘက္ SONY ရဲ႔ Playstation VR ကေတာ့ Microsoft ထက္စာရင္ အေျခအေနပိုေကာင္းသလားလုိ႔။ Microsoft ကလည္း Samsung နဲ႔ Acer တို႔နဲ႔ေပါင္းၿပီး VR ေတာ့လုပ္လိုက္ပါေသးတယ္။ တစ္ဘက္ကျပန္ၾကည့္ေတာ့လည္း Microsoft က တစ္ျခားစီးပြားေရးသံုး mixed reality headset ေတြကိုပိုၿပီး အာရံုစိုက္ေနတဲ့အတြက္ Xbox အတြက္ VR လာမယ္ဆိုတဲ့ ကိစၥက ခပ္ေဝးေဝး ေနာက္ဆုတ္သြားတာလည္းျဖစ္နိုင္ပါတယ္။
Ref:gameindustry
[zawgyi]
Microsoft ကတော့ Xbox One ပိုင်ရှင်တွေကို စိတ်မချမ်းသာတဲ့ စကားပြောလိုက်ပြီနဲ့တူပါတယ်၊ Microsoft ရဲ့ Chief marketing Officer ဖြစ်တဲ့ Mike Nicholas နဲ့ Gamesindustry.biz interview လုပ်ထားတုန်းက အပြောအဆိုတွေအရဆိုရင်တော့ Microsoft က Xbox အတွက် VR ထုတ်လုပ်ဖို့စိတ်မဝင်စားတော့တာပါပဲ၊ သူတို့အနေနဲ့ VR အတွက် အကောင်းဆုံး platform က PC အတွက်ပဲရည်ရွယ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါမှမဟုတ် TV ကြီးကြီးတစ်ခုနဲ့တွဲကြည့်ဖို့ပေါ့။
လက်ရှိမှာတော့ Microsoft ရဲ့ console အတွက် VR ထွက်လာမယ်ဆိုတာက တစ်ခန်းရပ်သွားတဲ့သဘောပါပဲ။ Project Scorpio console က တန်ဖိုးကြီး VR တွေအတွက် ထောက်အပံပေးမယ်ဆိုတာကို 2016 လောက်တုန်းက Xbox ရဲ့ Chief ဖြစ်သူ Phil Spencer ကပြောခဲ့ဖူးတာရှိပါတယ်။ နောက်မှာတော့ Xbox controller တွေကို Oculus Rift မှာသုံးလို့ရအောင်ပေါ့။ ထင်ခဲ့ကြတာက Scorpio က Rift မှာလည်း အလုပ်လုပ်မယ်ပေါ့။ တကယ်တော့ ဖြစ်မလာခဲ့ပါဘူး။
ဒါ့အပြင် Microsoft က VR headset အသစ်တွေထုတ်လာခဲ့ပါတယ်။ 2018 မှာတော့ mixed reality တွေလည်း Xbox ကိုရောက်လာမယ်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ E3 2017 မှာတုန်းကတော့ အဆင်သင့်အဖြစ်သေးကြောင်းဝန်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်အတော်ကြာ အချိန်ယူဦးမယ်ဆိုတဲ့ စကားနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီနှစ် E3 မှာတော့ စကားကို မဟတော့တာပါ။
Spencer ကတော့ လက်ရှိမှာ VR ကိစ္စတွေက စီးပွားရေးအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးလို့ပြောချင်ပုံရပါတယ်။ VR တွေကထင်သလောက် တိုးတက်မှုမမြန်ဘူးလေ။ ဒါပေမယ့် ပြိုင်ဘက် SONY ရဲ့ Playstation VR ကတော့ Microsoft ထက်စာရင် အခြေအနေပိုကောင်းသလားလို့။ Microsoft ကလည်း Samsung နဲ့ Acer တို့နဲ့ပေါင်းပြီး VR တော့လုပ်လိုက်ပါသေးတယ်။ တစ်ဘက်ကပြန်ကြည့်တော့လည်း Microsoft က တစ်ခြားစီးပွားရေးသုံး mixed reality headset တွေကိုပိုပြီး အာရုံစိုက်နေတဲ့အတွက် Xbox အတွက် VR လာမယ်ဆိုတဲ့ ကိစ္စက ခပ်ဝေးဝေး နောက်ဆုတ်သွားတာလည်းဖြစ်နိုင်ပါတယ်။
Ref:gameindustry