[unicode]
Fallout Shelter ကိုထုတ္လုပ္ခဲ့တဲ့ Bethesda ကေတာ့ Warner Bros နဲ႔ Behaviour ကို တရားစြဲလိုက္ပါတယ္။ Copyright, စာခ်ဳပ္ေဖာက္ဖ်က္မွဳ၊ ဥာဏပိုင္ဆိုင္မွုကိုတရားမဝင္သံုးစြဲမွဳစတဲ့ အခ်က္ေတြနဲ႔ျဖစ္ပါတယ္။
သိပ္မၾကာခင္အခ်ိန္တုန္းက Westword mobile game ကို Warner Bros အတြက္ Behaviour ကေရးေပးခဲ့ပါတယ္။ Behaviour ကေတာ့ အရင္ကလည္း Bethesda အတြက္ Fallout Shelter ကိုေရးေပးခဲ့တဲ့အုပ္စုပါ။ Bethesda က behavior ကိုငွားရမ္းခဲ့တဲ့အခ်ိန္မွာ သေဘာတူစာခ်ဳပ္တစ္ခုရွိခဲ့ပါတယ္။ Bethesda တစ္ဦးတည္းကသာ Shelter game ရဲ႔ တစ္ဦးတည္းမူပိုင္ျဖစ္ၿပီး copy right၊ ဥာဏပိုင္ဆိုင္မွဳအျပင္ game code ေတြကိုပါ တစ္ဦးတည္းပိုင္ဆိုင္ေၾကာင္းပါဝင္ခဲ့ပါတယ္။
ဒါေပမယ့္ Bethesda ကထုတ္ျပန္တဲ့ အခ်က္ေတြမွာေတာ့ Behaviour ကသိသိႀကီးနဲ႔ Westworld game ကိုေရးရာမွာ Shelter ရဲ႕ original code ေတြကို တိုက္ရို္က္ ျပန္လည္ အသံုးျပဳခဲ့ၿပီး game design, ရုပ္ပံုေတြနဲ႔ တစ္ျခား ပါဝင္တဲ့ အစိတ္အပိုင္းေတြကို ပါကူးခ်ခဲ့တယ္လို႔ေျပာထားပါတယ္။

Westworld mobile က HBO ရဲ႕ series တစ္ခုျဖစ္တဲ့ Westworld ကိုပဲအေျခခံထားပါတယ္။ ဂိမ္း ၂ခုလံုးကိုေဆာ့ဖူးတဲ့သူေတြကေတာ့ အေတာ္ေလး ဆင္တူတာေတြကိုသတိထားမိပါလိမ့္မယ္။ အခ်ိန္အေတာ္မ်ားမ်ား ေျမေအာက္ထဲမွာကုန္ဆံုးရတဲ့ ဂိမ္းေပါ့။ ဂိမ္း ၂ ခုစလံုးကလည္း ဝယ္စရာမလိုပဲ f2p (free to play) ဆိုေတာ့ Behaviour Interactive အေနနဲ႕ အခုအခ်ိန္ ကူးခ်တယ္ဆိုၿပီးတရားစြဲခံရတာေတာ့ မထူးဆန္းပါဘူးေလ။
Bethesda က Behaviour interactive ကို 2014 တုန္းကငွားရမ္းခဲ့ၿပီး Fallout Shelter ကိုထုတ္လုပ္ခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ Westword ထုတ္ဖိုု႔အတြက္ Warner Bros က ငွားရမ္းခဲ့ပါတယ္။ ဒီအခ်ိန္မွာပဲ Fallout Shelter ရဲ႕ game code ေတြကို တိုက္ရိုက္ျပန္ကူးခ်ထားတယ္ဆိုတာနဲ႔ပဲတရားစြဲေတာ့တာပါပဲ။ ေသခ်ာမသိေသးတာက game code ေတြျပန္ကူးခ်ေၾကာင္း Bethesda ကဘယ္လိုသိသလဲေပါ့။ အေၾကာင္းျပခ်က္တစ္ခုကေတာ့ Westworld mobile မွာ ႀကံဳရတဲ့ bug ေတြအကုန္လံုးက Fallout Shelter စၿပီးျဖန္႔တုန္းကႀကံဳခဲ့ရတဲ့ bug ေတြနဲ႔ တစ္ေထရာတည္းတူေနတာပါပဲ။

ဂိမ္း ၂ ခုလံုးကတူတယ္ဆိုေပမယ့္ Westworld မွာလည္း သူ႕ပံုစံနဲ႔သူေတာ့ ရွိပါတယ္။ ေျမေပၚမွာရွိေနတဲ့ park မွာလည္း သူ႔သီူျခားကိစၥေတြပါလာပါေသးတယ္။ အေစာပိုင္းတုန္းကေတာ့ Westworld season ကိုအသားေပးထားၿပီး အခုအခ်ိန္မွာေတာ့ season 2 ကိုသြားဖို႔ျပင္ေနပါၿပီ။ Bethesda ကေတာ့ Westworld ကို platform ေတြေပၚကဖယ္ခိုင္းၿပီး အေလွ်ာ္ေတာင္းပါလိမ့္မယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာေတာ့ Westworld ကို iOS App Store မွာေရာ Google Play Store မွာေရာရနိုင္ပါေသးတယ္။
[zawgyi]
Fallout Shelter ကိုထုတ်လုပ်ခဲ့တဲ့ Bethesda ကတော့ Warner Bros နဲ့ Behaviour ကို တရားစွဲလိုက်ပါတယ်။ Copyright, စာချုပ်ဖောက်ဖျက်မှု၊ ဉာဏပိုင်ဆိုင်မှုကိုတရားမဝင်သုံးစွဲမှုစတဲ့ အချက်တွေနဲ့ဖြစ်ပါတယ်။
သိပ်မကြာခင်အချိန်တုန်းက Westword mobile game ကို Warner Bros အတွက် Behaviour ကရေးပေးခဲ့ပါတယ်။ Behaviour ကတော့ အရင်ကလည်း Bethesda အတွက် Fallout Shelter ကိုရေးပေးခဲ့တဲ့အုပ်စုပါ။ Bethesda က behavior ကိုငှားရမ်းခဲ့တဲ့အချိန်မှာ သဘောတူစာချုပ်တစ်ခုရှိခဲ့ပါတယ်။ Bethesda တစ်ဦးတည်းကသာ Shelter game ရဲ့ တစ်ဦးတည်းမူပိုင်ဖြစ်ပြီး copy right၊ ဉာဏပိုင်ဆိုင်မှုအပြင် game code တွေကိုပါ တစ်ဦးတည်းပိုင်ဆိုင်ကြောင်းပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် Bethesda ကထုတ်ပြန်တဲ့ အချက်တွေမှာတော့ Behaviour ကသိသိကြီးနဲ့ Westworld game ကိုရေးရာမှာ Shelter ရဲ့ original code တွေကို တိုက်ရိုက် ပြန်လည် အသုံးပြုခဲ့ပြီး game design, ရုပ်ပုံတွေနဲ့ တစ်ခြား ပါဝင်တဲ့ အစိတ်အပိုင်းတွေကို ပါကူးချခဲ့တယ်လို့ပြောထားပါတယ်။

Westworld mobile က HBO ရဲ့ series တစ်ခုဖြစ်တဲ့ Westworld ကိုပဲအခြေခံထားပါတယ်။ ဂိမ်း ၂ခုလုံးကိုဆော့ဖူးတဲ့သူတွေကတော့ အတော်လေး ဆင်တူတာတွေကိုသတိထားမိပါလိမ့်မယ်။ အချိန်အတော်များများ မြေအောက်ထဲမှာကုန်ဆုံးရတဲ့ ဂိမ်းပေါ့။ ဂိမ်း ၂ ခုစလုံးကလည်း ဝယ်စရာမလိုပဲ f2p (free to play) ဆိုတော့ Behaviour Interactive အနေနဲ့ အခုအချိန် ကူးချတယ်ဆိုပြီးတရားစွဲခံရတာတော့ မထူးဆန်းပါဘူးလေ။
Bethesda က Behaviour interactive ကို 2014 တုန်းကငှားရမ်းခဲ့ပြီး Fallout Shelter ကိုထုတ်လုပ်ခဲ့တာပါ။ အခုအချိန်မှာတော့ Westword ထုတ်ဖိုု့အတွက် Warner Bros က ငှားရမ်းခဲ့ပါတယ်။ ဒီအချိန်မှာပဲ Fallout Shelter ရဲ့ game code တွေကို တိုက်ရိုက်ပြန်ကူးချထားတယ်ဆိုတာနဲ့ပဲတရားစွဲတော့တာပါပဲ။ သေချာမသိသေးတာက game code တွေပြန်ကူးချကြောင်း Bethesda ကဘယ်လိုသိသလဲပေါ့။ အကြောင်းပြချက်တစ်ခုကတော့ Westworld mobile မှာ ကြုံရတဲ့ bug တွေအကုန်လုံးက Fallout Shelter စပြီးဖြန့်တုန်းကကြုံခဲ့ရတဲ့ bug တွေနဲ့ တစ်ထေရာတည်းတူနေတာပါပဲ။

ဂိမ်း ၂ ခုလုံးကတူတယ်ဆိုပေမယ့် Westworld မှာလည်း သူ့ပုံစံနဲ့သူတော့ ရှိပါတယ်။ မြေပေါ်မှာရှိနေတဲ့ park မှာလည်း သူ့သီူခြားကိစ္စတွေပါလာပါသေးတယ်။ အစောပိုင်းတုန်းကတော့ Westworld season ကိုအသားပေးထားပြီး အခုအချိန်မှာတော့ season 2 ကိုသွားဖို့ပြင်နေပါပြီ။ Bethesda ကတော့ Westworld ကို platform တွေပေါ်ကဖယ်ခိုင်းပြီး အလျှော်တောင်းပါလိမ့်မယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ Westworld ကို iOS App Store မှာရော Google Play Store မှာရောရနိုင်ပါသေးတယ်။