[zawgyi]
No Man’s Sky
[unicode]
လတ်တလောရှိတဲ့ ဂိမ်းတစ်ချို့ပါ။ ဆော့လက်စတွေအပြင် တစ်ခြား ဘာတွေကောင်းမလဲပေါ့။
Red Faction : Guerrilla Re-Mars-tered
အရင်တစ်ချိန်ကတော့ Red Faction ဆိုတာ နာမည်ကြီး action game တွေထဲက တစ်ခုပေါ့။ အရင် generation က gamer အတော်များများကတော့ မှတ်မိပါလိမ့်မယ်။ console အတွက် 4K support နဲ့ အလင်း အမှောင်ကောင်းကောင်းအပြင် texture တွေလည်းပြန်သထားတာတွေ့ရပါတယ်။ ဒါပေမယ့် နောက် ၂လလောက်ဆိုရင် sales တွေလာတော့မှာဆိုတော့ ဝယ်သင့်မဝယ်သင့်…. ဆိုတော့…
No Man’s Sky
No Man’s Sky ကိုတော့ PC gamer တွေထိတွေ့ပြီးသားဖြစ်ပါလိမ့်မယ်။ အခုတော့ Xbox One ကိုရောက်လာတော့မှာပါ။ အာကာသထဲမှာ အေးအေးဆေးဆေး သွားလာပြီး နယ်မြေသစ် ဂြိုလ် အသစ်တွေရှာဖွေချင်သူတွေအတွက်ကတော့ စိတ်ငြိမ်ရာအရပ်တစ်ခုပါ။ Foundation, Pathfinder နဲ့ Atlas Rising ဆိုတဲ့ expensions ၃ခုပါလာမှာဖြစ်တဲ့ အပြင် လာမယ့် update မှာ Xbox Live ကသူငယ်ချင်းတွေနဲ့အတူ multiplayer ဆော့လို့ရပါလိမ့်မယ်။
War Hammer 40,000: Inquisitor martyr – Xbox One & PS4
PC gamer တွေကတော့ ခရီးရောက်နေပြီးပါပြီး။ အရင်လကပဲထွက်ခဲ့ပါတယ်။ console အတွက်ကတော့ လာမယ့် ၅ရက်နေ့မှာ ထွက်မယ်လို့ပြောထားပေမယ့် ချက်ချင်းဆိုသလိုပဲ August 23 ရက်ကိုထပ်ရွေ့သွားပြန်ပါတယ်။ ဒီတစ်ကြိမ်နဲ့ ဆိုရင် နောက်ဆုတ်တာ ၃ ခါရှိနေပြီပေါ့။ PC မှဆော့ကြည့်တဲ့ အခါမှာတော့ ဒီ action-RPG ကအခန်းတွေတစ်ခုပြီးတစ်ခု ထပ်လွန်းပါတယ်။ repetative ဖြစ်တယ်ဆိုပါတော့။ အဟမ်း….ဆိုပေမယ့် story line ကောင်းတာနဲ့ co-op ဆော့လို့ရတာကြောင့်ပဲ ဆော့ဖြစ်ကြတာများပါလိမ့်မယ်။ သူ့လိုပဲ ပုံစံတူ တစ်ခြားဂိမ်းတွေနဲ့ယှဉ်ရင်တော့ သေချာတယ် Inquisitor Martyr ကို console အတွက် ဝယ်ဖြစ်မယ်မထင်ပါဘူး။
Damn.. I just wrote something useless shit…. Hehe…