Concept PS5
Console

စိတ္ကူးယဥ္ PS5

Joseph Dumary ဆိုတဲ့သူကို ၾကားဖူးခ်င္လည္းၾကားဖူးနိုင္ပါတယ္။ မဟုတ္လည္း သူေျပာတဲ့ PS5 အေၾကာင္းေလးဖတ္လိုက္မိလုိ႔ပါ။ သူလိုငါလိို console သမားေတြေမ်ာ္မွန္းထားတာနဲ႔ Joseph လုိ designer တစ္ေယာက္စိတ္ကူးထားတာနဲ႔ ဘယ္ေလာက္နီးနီးစပ္စပ္ရွိနိုင္မလဲသိရတာေပါ့။
အျပင္ပိုင္းမွာေတာ့ အရင္ ပံုစံေတြကေန သိပ္ၿပီးခြဲထြက္ေနတာမ်ိဳးမေတြ႔ရပါဘူး။ (fake ၾကီးေလ)။ အတြင္းပို္င္း utility နဲ႔ feature ေတြကုိပိုၿပီး အားထည့္ထားတဲ့ ပံုစံပါပဲ။. ဖတ္မိသေလာက္အခ်က္တစ္ခ်ိဳ႕ကိုေတာ့ေရးေပးလိုက္ပါတယ္။. ကိုယ္လိုခ်င္တာေတြ ေမ်ာ္မွန္းေနတာေတြနဲ႔ေတာ့ ျငိစရာအေၾကာင္းလည္းသိပ္မျမင္ပါဘူး။

Smart Console : အသစ္ထြက္လာမယ့္ console က gamer တစ္ဦးရဲ႕ အမူအက်င့္ေတြကိုမွတ္ထားၿပီး controller ရဲ႕ ခလုပ္ေတြ၊ game setting ေတြကို ကိုယ္တိုင္ျပင္စရာမလိုေတာ့ပဲ ကိုယ့္စိတ္တိုင္းက် ျပင္ထားေပးတာမ်ိဳးလုပ္လာပါလိမ့္မယ္။ ေနာက္ပိုင္းမွာအဲ့ဒီ ဂိမ္းအတြက္လိုအပ္တဲ့ တစ္ျခား 3rd party app ေတြသြင္းေပးတာမ်ိဳးကအစေပါ့။

Air HDMI – အခုေတာ့ အမ်ားစုက HDMI cable နဲ႔ပဲခ်ိတ္ဆက္အသံုးျပဳေနၾကဦးမွာပါ။ ဒါေပမယ့္ ေနာက္လာမယ့္ console မွာေတာ့ wireless အျဖစ္ျမင္ေတြ႕ရနိုင္ပါတယ္။ ရုပ္ထြက္ကို မထိခိုက္ေစပဲ အနည္းဆံုး ၄မီတာ (4m) ေလာက္ကေန ေကာင္းေကာင္းကစားလို႔ရနိုင္ပါတယ္။ (ေပနဲ႔ဆိုရင္ေတာ့ ၁၃ေပ ေလာက္ျဖစ္မွာပါ)။

Eco Mode – PS4 Eco လိုပဲ standby အခ်ိန္နဲ႔ menu မွာရွိေနတဲ့ အခ်ိန္ေတြ၊ တစ္ျခား ဓာတ္ပံုေတြဘာေတြၾကည့္ေနတဲ့ အခ်ိန္မွာ မီးအသံုးပါဘူး (မီတာမတက္ဘူးဆိုလိုတာပါ) အထဲမွာ အားျပန္သြင္းလို႔ရတဲ့ rechargeable battery တစ္ခုပါလာပါတယ္။ တနည္းအားျဖင့္ save game လုပ္ၿပီး စိက္ကို ခ်က္ခ်င္း ပိတ္တဲ့အခါ သိသာလာနိုင္ပါတယ္။

New DualShock – PS5 မွာေတာ့ အလယ္မွာ ဧရိယာပိုက်ယ္လာတဲ့ touch screen တစ္ခုပါလာနိုင္ၿပီး screen ေျပာင္းစရာမလိုပဲ instant access ေတြလုပ္လို႔ရလာပါလိမ့္မယ္။. ဥပမာ message နဲ႔ invitation လိုမ်ိဳးေတြေပါ့။. Finger print scanner လည္းဒီမွာပဲရွိပါလိမ့္မယ္။ “Energous” နဲ႔လည္း ပူးေပါင္းထားၿပီဆိုေတာ့ ေနာက္ပိုင္း controller ေတြအကုန္လံုးက wireless charging ျဖစ္လာနိုင္ပါတယ္။ console နဲ႔ခ်ိတ္ထားတဲ့အခ်ိန္ေတြမွာ အားသြင္းေနမွာျဖစ္တဲ့အတြက္ အားသြင္းစရာလည္း မလိုနိုင္ေတာ့ပါဘူး။

Stress Sensor -ဒါကေတာ့ အခု VR နဲ႔ AR ေခတ္ထလာခ်ိန္မွာ ကို္ကစိတ္လွုပ္ရွားေလ ဂိမ္းကပိုခက္ေလျဖစ္လာမယ့္ ပံုစံမ်ိဳးပါ။ Fifa ျဖစ္ျဖစ္ FPS, Battle Royale တစ္ခုခုျဖစ္ျဖစ္ ဒါမွမဟုတ္ NFS ျဖစ္ျဖစ္ ကစားတဲ့ အခါ ကိုယ့္ရဲ႕ stress level မ်ားတဲ့အခါေတြရွိပါတယ္။ ဒီအခ်ိန္ေတြမွာ အမွားလုပ္ရင္ ကိုယ့္အမွားေတြကိုမွတ္ထားၿပီး console ကကိုယ့္ကို challenge လုပ္ပါလိမ့္မယ္။ ဒီတစ္ခုကေတာ့ ဂိမ္းေလာကတစ္ခုလံုးအတြက္ အသစ္ျဖစ္လာနိုင္ပါတယ္။

Real Dynamic Weather Technology – အျပင္တကယ့္ေလာကမွာ ႏွင္းေတြက်ေနတာပဲျဖစ္ျဖစ္ မိုးဖြဲဖြဲက်ေနတာပဲျဖစ္ျဖစ္ ကိုယ္ရဲ႕ game ထဲမွာလည္း အျပင္ကအတိုင္း ရာသီဥတုကိုလိုက္ၿပီးေျပာင္းလဲေပးပါလိမ့္မယ္။ ဘယ္ဂိမ္းမွာမဆို ျဖစ္နိုင္ပါလိမ့္္္္္မယ္။

Translate By Playstation – online ေရာက္သြားတဲ့ အခါ gamer တိုင္းရဲ႕ မိခင္ဘာသာစကားကမတူပါဘူး။ gaming language ဆိုတာရွိေပမယ့္ gamer ဆိုတဲ့သူတိုင္းလည္း နားမလည္ပါဘူး။ “Boss aggro big, wait, omw” ဆိုတာေလာက္သိၾကေပမယ့္ အျမဲတမ္းေတာ့လည္း party တိုင္းပြဲမစည္ဘူးမဟုတ္လား။ ဒီအတြက္ ဘာသာစကားတစ္ခ်ိဳ႕ကို realtime transltion ပါလာနိုင္ပါတယ္။ audio ပဲျဖစ္ျဖစ္ chat ပဲျဖစ္ျဖစ္ပါ။

ဒီေလာက္ပါပဲ၊ တစ္ျခား အခ်က္ေတြေတာ့ရွိပါေသးတယ္၊ technical သိပ္ဆန္တဲ့အခါလူတိုင္းအတြက္ မဟုတ္ဘူးျဖစ္သြားမွာစိုးလို႔ မဆက္ေတာ့ပါဘူး။ ဒီေလာက္ဆိုရင္ပဲ ကၽြန္ေတာ္တို႔လိုခ်င္ေတာ မလိုခ်င္တာေတြကိုမွန္ူလို႔ရမယ္ ထင္ပါတယ္။

ကၽြန္ေတာ့အတြက္ personally ေျပာရရင္ေတာ့ bullshit ပါဗ်ာ။ Smart console နဲ႔ Stress sensor ကေတာ့ လက္ရွိ AI နည္းပညာအရ ျဖစ္သင့္တာၾကာေနပါၿပီ။ က်န္တာေတြက အေရးမပါတဲ့ ကိစၥေတြပါ။ compatibility ကိစၥပဲလုိခ်င္တာ။ သိတယ္မဟုတ္လား။

လုပ္လိုက္ဦးေလ၊ ေနာက္ဆံုးတစ္ခုက no disc ဆိုၿပီးေတာ့။ hacker friendly version ျဖစ္သြားတာေပါ့… ေဟးေဟး..
သူကတကယ္ေတာ့ concept တစ္ခုအားအားယားယားလုပ္ထားတာမ်ိဳးပါ။ ဒါေပမယ့္ တကယ့္ console သမားေတြဘာလိုခ်င္လဲသိရင္ေကာင္းမယ္။

 

[unicode]

Joseph Dumary ဆိုတဲ့သူကို ကြားဖူးချင်လည်းကြားဖူးနိုင်ပါတယ်။ မဟုတ်လည်း သူပြောတဲ့ PS5 အကြောင်းလေးဖတ်လိုက်မိလို့ပါ။ သူလိုငါလို console သမားတွေမျော်မှန်းထားတာနဲ့ Joseph လို designer တစ်ယောက်စိတ်ကူးထားတာနဲ့ ဘယ်လောက်နီးနီးစပ်စပ်ရှိနိုင်မလဲသိရတာပေါ့။
အပြင်ပိုင်းမှာတော့ အရင် ပုံစံတွေကနေ သိပ်ပြီးခွဲထွက်နေတာမျိုးမတွေ့ရပါဘူး။ (fake ကြီးလေ)။ အတွင်းပိုင်း utility နဲ့ feature တွေကိုပိုပြီး အားထည့်ထားတဲ့ ပုံစံပါပဲ။. ဖတ်မိသလောက်အချက်တစ်ချို့ကိုတော့ရေးပေးလိုက်ပါတယ်။. ကိုယ်လိုချင်တာတွေ မျော်မှန်းနေတာတွေနဲ့တော့ ငြိစရာအကြောင်းလည်းသိပ်မမြင်ပါဘူး။

Smart Console : အသစ်ထွက်လာမယ့် console က gamer တစ်ဦးရဲ့ အမူအကျင့်တွေကိုမှတ်ထားပြီး controller ရဲ့ ခလုပ်တွေ၊ game setting တွေကို ကိုယ်တိုင်ပြင်စရာမလိုတော့ပဲ ကိုယ့်စိတ်တိုင်းကျ ပြင်ထားပေးတာမျိုးလုပ်လာပါလိမ့်မယ်။ နောက်ပိုင်းမှာအဲ့ဒီ ဂိမ်းအတွက်လိုအပ်တဲ့ တစ်ခြား 3rd party app တွေသွင်းပေးတာမျိုးကအစပေါ့။

Air HDMI – အခုတော့ အများစုက HDMI cable နဲ့ပဲချိတ်ဆက်အသုံးပြုနေကြဦးမှာပါ။ ဒါပေမယ့် နောက်လာမယ့် console မှာတော့ wireless အဖြစ်မြင်တွေ့ရနိုင်ပါတယ်။ ရုပ်ထွက်ကို မထိခိုက်စေပဲ အနည်းဆုံး ၄မီတာ (4m) လောက်ကနေ ကောင်းကောင်းကစားလို့ရနိုင်ပါတယ်။ (ပေနဲ့ဆိုရင်တော့ ၁၃ပေ လောက်ဖြစ်မှာပါ)။

Eco Mode – PS4 Eco လိုပဲ standby အချိန်နဲ့ menu မှာရှိနေတဲ့ အချိန်တွေ၊ တစ်ခြား ဓာတ်ပုံတွေဘာတွေကြည့်နေတဲ့ အချိန်မှာ မီးအသုံးပါဘူး (မီတာမတက်ဘူးဆိုလိုတာပါ) အထဲမှာ အားပြန်သွင်းလို့ရတဲ့ rechargeable battery တစ်ခုပါလာပါတယ်။ တနည်းအားဖြင့် save game လုပ်ပြီး စိက်ကို ချက်ချင်း ပိတ်တဲ့အခါ သိသာလာနိုင်ပါတယ်။

New DualShock – PS5 မှာတော့ အလယ်မှာ ဧရိယာပိုကျယ်လာတဲ့ touch screen တစ်ခုပါလာနိုင်ပြီး screen ပြောင်းစရာမလိုပဲ instant access တွေလုပ်လို့ရလာပါလိမ့်မယ်။. ဥပမာ message နဲ့ invitation လိုမျိုးတွေပေါ့။. Finger print scanner လည်းဒီမှာပဲရှိပါလိမ့်မယ်။ “Energous” နဲ့လည်း ပူးပေါင်းထားပြီဆိုတော့ နောက်ပိုင်း controller တွေအကုန်လုံးက wireless charging ဖြစ်လာနိုင်ပါတယ်။ console နဲ့ချိတ်ထားတဲ့အချိန်တွေမှာ အားသွင်းနေမှာဖြစ်တဲ့အတွက် အားသွင်းစရာလည်း မလိုနိုင်တော့ပါဘူး။

Stress Sensor -ဒါကတော့ အခု VR နဲ့ AR ခေတ်ထလာချိန်မှာ ကိုကစိတ်လှုပ်ရှားလေ ဂိမ်းကပိုခက်လေဖြစ်လာမယ့် ပုံစံမျိုးပါ။ Fifa ဖြစ်ဖြစ် FPS, Battle Royale တစ်ခုခုဖြစ်ဖြစ် ဒါမှမဟုတ် NFS ဖြစ်ဖြစ် ကစားတဲ့ အခါ ကိုယ့်ရဲ့ stress level များတဲ့အခါတွေရှိပါတယ်။ ဒီအချိန်တွေမှာ အမှားလုပ်ရင် ကိုယ့်အမှားတွေကိုမှတ်ထားပြီး console ကကိုယ့်ကို challenge လုပ်ပါလိမ့်မယ်။ ဒီတစ်ခုကတော့ ဂိမ်းလောကတစ်ခုလုံးအတွက် အသစ်ဖြစ်လာနိုင်ပါတယ်။

Real Dynamic Weather Technology – အပြင်တကယ့်လောကမှာ နှင်းတွေကျနေတာပဲဖြစ်ဖြစ် မိုးဖွဲဖွဲကျနေတာပဲဖြစ်ဖြစ် ကိုယ်ရဲ့ game ထဲမှာလည်း အပြင်ကအတိုင်း ရာသီဥတုကိုလိုက်ပြီးပြောင်းလဲပေးပါလိမ့်မယ်။ ဘယ်ဂိမ်းမှာမဆို ဖြစ်နိုင်ပါလိမ့််မယ်။

Translate By Playstation – online ရောက်သွားတဲ့ အခါ gamer တိုင်းရဲ့ မိခင်ဘာသာစကားကမတူပါဘူး။ gaming language ဆိုတာရှိပေမယ့် gamer ဆိုတဲ့သူတိုင်းလည်း နားမလည်ပါဘူး။ “Boss aggro big, wait, omw” ဆိုတာလောက်သိကြပေမယ့် အမြဲတမ်းတော့လည်း party တိုင်းပွဲမစည်ဘူးမဟုတ်လား။ ဒီအတွက် ဘာသာစကားတစ်ချို့ကို realtime transltion ပါလာနိုင်ပါတယ်။ audio ပဲဖြစ်ဖြစ် chat ပဲဖြစ်ဖြစ်ပါ။

ဒီလောက်ပါပဲ၊ တစ်ခြား အချက်တွေတော့ရှိပါသေးတယ်၊ technical သိပ်ဆန်တဲ့အခါလူတိုင်းအတွက် မဟုတ်ဘူးဖြစ်သွားမှာစိုးလို့ မဆက်တော့ပါဘူး။ ဒီလောက်ဆိုရင်ပဲ ကျွန်တော်တို့လိုချင်တော မလိုချင်တာတွေကိုမှန်ူလို့ရမယ် ထင်ပါတယ်။

ကျွန်တော့အတွက် personally ပြောရရင်တော့ bullshit ပါဗျာ။ Smart console နဲ့ Stress sensor ကတော့ လက်ရှိ AI နည်းပညာအရ ဖြစ်သင့်တာကြာနေပါပြီ။ ကျန်တာတွေက အရေးမပါတဲ့ ကိစ္စတွေပါ။ compatibility ကိစ္စပဲလိုချင်တာ။ သိတယ်မဟုတ်လား။

လုပ်လိုက်ဦးလေ၊ နောက်ဆုံးတစ်ခုက no disc ဆိုပြီးတော့။ hacker friendly version ဖြစ်သွားတာပေါ့… ဟေးဟေး..
သူကတကယ်တော့ concept တစ်ခုအားအားယားယားလုပ်ထားတာမျိုးပါ။ ဒါပေမယ့် တကယ့် console သမားတွေဘာလိုချင်လဲသိရင်ကောင်းမယ်။

Next Article
Wraith King
%d bloggers like this: