လူ၃ ယောက်ရှိမယ်ဗျာ ။ခင်ဗျားရယ် A နဲ့ B ပဲဆိုကြပါစို့။ ခင်ဗျားတို့ ၃ ယောက်က တစ်ရုံးထဲမှာ အလုပ်အတူတူလုပ်နေတယ်။ သိပ်ချစ်ကြတဲ့သူတွေ။ ခင်ဗျားတို့က မနက်ရုံးမလာခင် အမြဲတမ်း လက်ဖက်ရည်ဆ်ုင်မှာ မုန့်ဟင်းခါးဝင်စားလေ့ရှိတယ်။မုန့်ဟင်းခါး စားပေမယ့်လို့ B က ငှက်ပျောအူမကြိုက်တဲ့အတွက်ကြောင့် သူ့မှာပါသမျှတွေကို ခင်ဗျားကို ထည့်ပေးတယ်။ ရုံးဖွင့်ရက်တိုင်း အဲဒီကိစ္စကြီးက ပုံမှန်စီးဆင်းနေတယ်။ ဒါပေမဲ့ တစ်ရက်ကျတော့ လက်ဖက်ရည်ဆိုင်မှာ မုန့်ဟင်းခါးစားတဲ့အချိန် အရင်သူထည့်ပေးနေကြ ငှက်ပျောအူကို A ပန်ကန်းထဲကို ထည့်ပေးလိုက်တယ်။ ခင်ဗျားစိတ်ထဲ ဘယ်လိုခံစားမလဲ။ အရင်တောက်လျှောက် ကိုယ့်ထဲထည့်ပေးခဲ့တဲ့ ငှက်ပျောအူက သူများပန်ကန်ထဲကို ရောက်သွားနဲ့အချိန် ခင်ဗျားစိတ်ထဲ ဘာကိုတွေးမိမလဲ။ ဒါက ငှက်ပျောအူနော်..
ဒီနေရာမှာ ကျွန်တော်ပြောချင်တာက လူတွေရဲ့ ကျင့်သားရမှုကိုပြောချင်တာ။ တစ်စုံတစ်ယောက်က ကိုယ့်ကို လုပ်ပေးနေတာတွေဟာ အမြဲတမ်းဖြစ်နေမယ်လို့ မျှော်လင့်နေလို့မရဘူး။ သူက ဒါတွေဒါတွေ အရင်ကလုပ်ပေးခဲ့တယ်၊ အခုကျမလုပ်ပေးတော့ဘူး ဘာညာဆိုပြီးလည်း တစ်ဖက်လူအပေါ်မှာလည်း သွားအပြစ်တင်လို့မရဘူး။ အထူးသဖြင့် relationship ကိစ္စတွေမှာ ပိုဆိုးတယ်။ ငါ့ရည်းစားကတော့ ငါ့ကို အရမ်းဂရုစိုက်တာ ။ ဒါတွေ ဒါတွေကို လုပ်ပေးတယ်။တကယ်က 90ရာခိုင်နှုန်း အဲဒီဟာကို အမှန်လို့ သွားယူဆလို့မရဘူး။ သူခင်ဗျားကို လုပ်ပေးသလို သူ့အရင်လူတွေက်ုလည်း လုပ်ပေးခဲ့မှာပဲ။ ခင်ဗျားပြီးနောက်ထပ်လူတွေကိုလည်းလုပ်ပေးချင် လုပ်ပေးနေဦးမှာပဲ။ အဲဒီဟာကို ဘဝလို့သွားမှတ်နေလို့မရဘူး။ လူဆိုတာမျိုးက circumstance တွေရှိမယ်။ လုပ်ပေးနိုင်တဲ့အချိန်တွေရှိမယ်။ မလုပ်ပေးနိုင်တဲ့အချိန်တွေရှိမယ်။ လုပ်ပေးနိုင်တဲ့အချိန်က လက်မထောင်နေပြီး မလုပ်ပေးနိုင်တဲ့အချိန်ကျ သူတို့ငါ့ကို ဂရုမစိုက်တော့ဘူး ဘာညာ သွားလုပ်နေလို့မရဘူး။
ပြီးတော့ ဘဝက ခင်ဗျားကိုရွေးချယ်ခွင့်တွေအများကြီးပေးထားတယ်။ အဲဒီအတွက်ကြောင့် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အပေါ်မှာ မျှော်လင့်ချက်တွေ ပုံမထားသင့်ဘူး။ တကယ်လို့ ဖြစ်မလာရင်ဆိုတဲ့ back up plan တွေဟာထားသင့်တယ်။ ကိုယ်နဲ့အဆင်မပြေရင် လွတ်ချထားခဲ့ဖို့ သတ္တိရှိရမယ်။ ဆုံးဖြတ်ချက် ပြတ်သားရမယ်။
ကိုယ်တွေသူငယ်ချင်းတွေကြားမှာ ပြောပြောနေကြစကားတစ်ခွန်းရှိတယ်။ ချောက်ထဲကို ခုန်ချရဲတဲ့ သတ္တိရှိမှ ချောက် အောက်မှာဘာရှိမလဲကိုသိနိုင်တယ်။ မခုန်ချဘဲနဲ့ ချောက်ကမ်းပါးထိပ်မှာပဲ ရပ်ပြီး struggle ဖြစ်နေမလား ၊ ချောက်ထဲခုန်ချပြီး ချောက်အောက်ထဲမှာရှိတာတွေကို စူးစမ်းမလား.. ရွေးချယ်မိကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ဒီနေရာမှာ ခင်ဗျားက ချောက်ထဲခုန်ချလိုက်ရင်ကော ဘာဖြစ်လာနိုင်မလဲဆိုပြီး မေစရာရှိလိမ့်မယ်။ ကျုပ်အဖြေကတော့ ရှင်းတယ်။
ချောက်ထဲခုန်ချရင် ဖြစ်လာနိုင်စရာ ၂ ခုပဲရှိတယ်။ ကျိုးပဲ့စုတ်ပြတ်သွားမလား၊ အသက်ရှင်လျှက် ချောက်အောင်မှာ သိုင်းကျမ်းတွေ့ပြီး ဆရာကြီးအဖြစ်ပြန်ထွက်လာနိုင်မလားဆိုတာကိုပဲ။
ရှေ့ဆက်ပြီး ကျုပ်တို့ဘဝမှာ ခုန်ချစရာ ချောက်တွေ အများကြီးကျန်သေးတယ်။ do or die !!! ခုန်ချရဲဖို့ သတ္တိပဲလိုတယ်။
မီးပူ