[zawgyi]
Fallout game series ေတြကိုအစဥ္တစိုက္ကစားလာတဲ့ gamer ေတြအတြက္ေတာ့ သတင္းေကာင္းတစ္ခုျဖစ္ပါေစလို႔ ဆုေတာင္းပါတယ္။ အသစ္ထြက္ရွိလာမယ့္ Fallout 76 မွာေတာ့ multiplayer ကိုအဓိကထားၿပီး ေတာ့ အၿမဲတမ္း online ရွိေနဖို႔လိုလာပါလိမ့္မယ္။ အခုအခ်ိန္မွာ ဒီလိုအခင္းအက်င္းက အသစ္အဆန္းေတာ့ မဟုတ္ေတာ့ပါဘူး။. ဒါေပမယ့္ သိတဲ့အတိုင္း Bethesda ရဲ႕ games-as-a-service ဆိုတဲ့ business model အရေတာ့ DLC ေတြဆက္ထုတ္ၿပီး gamer ေတြကို အႀကိမ္ႀကိမ္ျပန္လာေနေအာင္ဆြဲေဆာင္ထားဦးမွာေပါ့။ ဆိုပါေတာ့… ေမးခြန္းက ဘယ္ေလာက္အခ်ိန္ၾကာၾကာဆြဲေဆာင္ထားနိုင္မလဲ? Bethesda ကေတာ့ “အဆံုးမရွိ” ဆိုၿပီး ႀကြားလံုးထုတ္ထားရဲ႕။
Forever လို႔ႀကြားလံုးထုတ္နိုင္ရေအာင္ Bethesda ရဲ႕ဂိမ္းေတြက ခိုင္တယ္လို႔ယူဆရပါတယ္။ ဘာလို႕လဲဆိုေတာ့ အခုအခ်ိန္အထိ ကၽြန္ေတာ္တို႔ကို္ယ္တိုင္လည္း Fallout 4 ရဲ႕ settlement နဲ႔ Skyrim ရဲ႕ အိမ္ေတြမွာ ရွိေနၾကတုန္းပဲမဟုတ္လား။ ဒါေတာင္ အဲ့ဒီ့ဂိမ္းေတြက ႏွစ္ရွည္လမ်ားေဆာ့ဖို႔နဲ႔ online လိုေနရာမွာရွိေနဖို႔ ရည္ရြယ္ခဲ့ေသးတာမဟုတ္ဘူးေလ။
တစ္ခ်ိဳ႔ေတြက ထံုးစံအတိုင္း Fallout 76 ကေရာ ဂိမ္းတစ္ခုရဲ႕သက္တမ္းလို ၂ႏွစ္လား အလြန္ဆံုး ၅ႏွစ္လားလို႔ေမးခြန္းထုတ္ခဲ့ ၾကပါေသးတယ္။ ျပန္ေျဖထားတာကေတာ့ သေဘာက်ဖို႔ေကာင္းတယ္။ လြန္ခဲ့တဲ့ ၄ႏွစ္နဲ႔ ၇ႏွစ္ကထုတ္ခဲ့တဲ့ ဂိမ္း၂ ခုကိုေတာင္ ဒီေန႔အထိ လူေတြေဆာ့ေနၾကေသးတာပဲ။ ဒါေတာင္ အဲ့ဒီဂိမ္းေတြက online အတြက္ထုတ္ခဲ့တာမဟုတ္ဘူးတဲ့ဗ်ာ။
Bethesda ရဲ႕ Hines ကထပ္ေျပာထားတာရွိပါေသးတယ္။. သူ႔အေနနဲ႔ေလာေလာဆယ္မွာေတာ့ Fallout 76 က သက္တမ္းရွည္ဂိမ္းတစ္ခုျဖစ္လာမွာ ျဖစ္ၿပီးေတာ့ ေနာက္ဆက္တြဲ ဘယ္လိုပံုစံေတြလာမလဲေတာ့ သူလည္းမသိေသးေၾကာင္းနဲ႔ အနာဂတ္ trend ေတြကေတာ့ game ရဲ႕ community ျဖစ္တဲ့ gamer ေတြအေပၚမွာပဲမူတည္ေၾကာင္းေျပာသြားပါတယ္။

ေနာက္တစ္ခုကေတာ့ အရင္ဂိမ္းေတြအကုန္လံုးမွာ ဇာတ္လမ္းအဆံုးသတ္ေတြရွိပါတယ္။. DLC ေတြထြက္လာၿပီးတဲ့ အထိ DLC ေတြမွာလည္း အဆံုးသတ္ေတြပါခဲ့ပါတယ္။. ဒါေပမယ့္ gamer အမ်ားစုကေတာ့ Fallout လိုဂိမ္းမ်ိဳးကို အဆံုးသတ္မလိုခ်င္ခဲ့ပါဘူး။. ဒါေၾကာင့္လည္း ဒီအခ်ိန္မွာ ဇာတ္လမ္းအဆံုးသတ္ မေပးထားတဲ့ Fallout 76 ထြက္လာတာျဖစ္ပါလိမ့္မယ္။ Gamer ေတြရဲ႕ မွတ္ခ်က္ေတြအေပၚမူတည္ၿပီးေတာ့ ဘာေတြျဖစ္လာမလဲေတာ့ လာမယ့္ အခ်ိန္ေတြကပဲ စကားေျပာပါလိမ့္မယ္။
Fallout 76 ကေတာ့ လာမယ့္ November မွာ PS4, Xbox One နဲ႔ PC အတြက္ထြက္ရွိလာပါလိမ့္မယ္။ October ထဲမွာေတာ့ Xbox One မွာ beta စၿပီးရနိုင္ပါလိမ့္မယ္။ ထူးျခားခ်က္တစ္ခုကေတာ့ Xbox One X အျဖဴေရာင္မ်ားဝယ္ဖို႔ အစီအစဥ္ရွိမယ္ဆိုရင္ Fallout 76 Power Armor edition နဲ႔တြဲၿပီး bundle ေစ်းနဲ႔ရနိုင္ပါလိမ့္မယ္။
[Unicode]
Fallout game series တွေကိုအစဉ်တစိုက်ကစားလာတဲ့ gamer တွေအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အသစ်ထွက်ရှိလာမယ့် Fallout 76 မှာတော့ multiplayer ကိုအဓိကထားပြီး တော့ အမြဲတမ်း online ရှိနေဖို့လိုလာပါလိမ့်မယ်။ အခုအချိန်မှာ ဒီလိုအခင်းအကျင်းက အသစ်အဆန်းတော့ မဟုတ်တော့ပါဘူး။. ဒါပေမယ့် သိတဲ့အတိုင်း Bethesda ရဲ့ games-as-a-service ဆိုတဲ့ business model အရတော့ DLC တွေဆက်ထုတ်ပြီး gamer တွေကို အကြိမ်ကြိမ်ပြန်လာနေအောင်ဆွဲဆောင်ထားဦးမှာပေါ့။ ဆိုပါတော့… မေးခွန်းက ဘယ်လောက်အချိန်ကြာကြာဆွဲဆောင်ထားနိုင်မလဲ? Bethesda ကတော့ “အဆုံးမရှိ” ဆိုပြီး ကြွားလုံးထုတ်ထားရဲ့။
Forever လို့ကြွားလုံးထုတ်နိုင်ရအောင် Bethesda ရဲ့ဂိမ်းတွေက ခိုင်တယ်လို့ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ အခုအချိန်အထိ ကျွန်တော်တို့ကိုယ်တိုင်လည်း Fallout 4 ရဲ့ settlement နဲ့ Skyrim ရဲ့ အိမ်တွေမှာ ရှိနေကြတုန်းပဲမဟုတ်လား။ ဒါတောင် အဲ့ဒီ့ဂိမ်းတွေက နှစ်ရှည်လများဆော့ဖို့နဲ့ online လိုနေရာမှာရှိနေဖို့ ရည်ရွယ်ခဲ့သေးတာမဟုတ်ဘူးလေ။
တစ်ချို့တွေက ထုံးစံအတိုင်း Fallout 76 ကရော ဂိမ်းတစ်ခုရဲ့သက်တမ်းလို ၂နှစ်လား အလွန်ဆုံး ၅နှစ်လားလို့မေးခွန်းထုတ်ခဲ့ ကြပါသေးတယ်။ ပြန်ဖြေထားတာကတော့ သဘောကျဖို့ကောင်းတယ်။ လွန်ခဲ့တဲ့ ၄နှစ်နဲ့ ၇နှစ်ကထုတ်ခဲ့တဲ့ ဂိမ်း၂ ခုကိုတောင် ဒီနေ့အထိ လူတွေဆော့နေကြသေးတာပဲ။ ဒါတောင် အဲ့ဒီဂိမ်းတွေက online အတွက်ထုတ်ခဲ့တာမဟုတ်ဘူးတဲ့ဗျာ။
Bethesda ရဲ့ Hines ကထပ်ပြောထားတာရှိပါသေးတယ်။. သူ့အနေနဲ့လောလောဆယ်မှာတော့ Fallout 76 က သက်တမ်းရှည်ဂိမ်းတစ်ခုဖြစ်လာမှာ ဖြစ်ပြီးတော့ နောက်ဆက်တွဲ ဘယ်လိုပုံစံတွေလာမလဲတော့ သူလည်းမသိသေးကြောင်းနဲ့ အနာဂတ် trend တွေကတော့ game ရဲ့ community ဖြစ်တဲ့ gamer တွေအပေါ်မှာပဲမူတည်ကြောင်းပြောသွားပါတယ်။

နောက်တစ်ခုကတော့ အရင်ဂိမ်းတွေအကုန်လုံးမှာ ဇာတ်လမ်းအဆုံးသတ်တွေရှိပါတယ်။. DLC တွေထွက်လာပြီးတဲ့ အထိ DLC တွေမှာလည်း အဆုံးသတ်တွေပါခဲ့ပါတယ်။. ဒါပေမယ့် gamer အများစုကတော့ Fallout လိုဂိမ်းမျိုးကို အဆုံးသတ်မလိုချင်ခဲ့ပါဘူး။. ဒါကြောင့်လည်း ဒီအချိန်မှာ ဇာတ်လမ်းအဆုံးသတ် မပေးထားတဲ့ Fallout 76 ထွက်လာတာဖြစ်ပါလိမ့်မယ်။ Gamer တွေရဲ့ မှတ်ချက်တွေအပေါ်မူတည်ပြီးတော့ ဘာတွေဖြစ်လာမလဲတော့ လာမယ့် အချိန်တွေကပဲ စကားပြောပါလိမ့်မယ်။
Fallout 76 ကတော့ လာမယ့် November မှာ PS4, Xbox One နဲ့ PC အတွက်ထွက်ရှိလာပါလိမ့်မယ်။ October ထဲမှာတော့ Xbox One မှာ beta စပြီးရနိုင်ပါလိမ့်မယ်။ ထူးခြားချက်တစ်ခုကတော့ Xbox One X အဖြူရောင်များဝယ်ဖို့ အစီအစဉ်ရှိမယ်ဆိုရင် Fallout 76 Power Armor edition နဲ့တွဲပြီး bundle ဈေးနဲ့ရနိုင်ပါလိမ့်မယ်။