[zaw-gyi]
[unicode]
PUBG (PlayerUnknown’s Battlegrounds) ကတော့ နောက်ထပ် အသစ် esport ပြိုင်ပွဲတစ်ခုကို ကြေငြာလိုက်ပါတယ်။ PUBG Mobile Star Challenge လို့နာမည်ပေးထားပါတယ်။ သူ့ရဲ့ tournament ပြီးလို့ တစ်လပဲရှိပါသေးတယ်။ ပွဲကကပ်တယ်လို့တော့ ဆိုရမှာပေါ့။ ဝင်ပြိုင်မယ့်ဒေသတွေကတော့ အမေရိကအကုန်လုံး၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နဲ့ ကျွန်တော်တို့ အာရှနိုင်ငံတွေလည်းပါပါတယ်။ ဆုကြေးလုံးပေါင်းကတော့ $600,000 ဆိုတော့ မနည်းပါဘူး။ ဒါနဲ့ သန်း၁၀၀ကျော် download လုပ်ထားတဲ့ PUBG ကိုမိတ်ဆက်စရာမလိုတော့ဘူးထင်ပါတယ်။
ဝင်ပြိုင်မယ့်အဖွဲ့တွေက တစ်ဖွဲ့ကို အနည်းဆုံး ၄ယောက်ရှိရမှာဖြစ်ပြီးတော့ social page မှာ အနည်းဆုံး follower 1,000 ရှိရပါလိမ့်မယ်။ ထုံးစံအတိုင်း regional မှာပြိုင်ပြီးတော့မှပဲ အဆင့်ဆင့်တက်ကြမှာပါ။ လာမယ့် စက်တင်ဘာ 29ရက်နဲ့ 30 ရက်မှာတော့ Kiev မှာ စပါလိမ့်မယ်။ Final ပွဲတွေကိုတော့ Dubai မှာကျင်းပမယ်ပြောပါတယ်။
ပထမဆုကို $200,000 ရနိုင်မှာဖြစ်ပြီး Global Final Chanpion team လို့ခေါ်ကြပါလိမ့်မယ်။ နောက်ပြီး runner-up ကတော့ $100,000 နဲ့ တတိယဆုက $50,000 ရမှာပါ။ Regional final champion ကတော့ $20,000, $15,000 နဲ့ $10,000 အသီးသီးဖြစ်ပါတယ်။ ဆုရတဲ့ team တွေက PUBG Mobile ရဲ့ partner content creators တွေဖြစ်လာနိုင်ပါသေးတယ်။
PUBG ကမနှစ်က မတ်လတုန်းကထုတ်ခဲ့တုန်းကတော့ ကိုရီးယားပိုင် Bluehole ကထုတ်ခဲ့တာပါ အခုတော့ လက်အောက်ခံ PUBG Corps လက်အောက်မှာ ပိုပြီးကြီးထွားလာနေပါတယ်။ အခုကျင်းပမယ့် PUBG Mobile Star ကနောက်ထပ်ရောက်လာဦးမယ့် esport တွေရဲ့ ကနဦး အစိတ်အပိုင်းတစ်ခုပဲရှိပါသေးတယ်။ နောက်နှစ်မှာ မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယားနဲ့ တရုတ်မှာ Pro League တွေစတော့မှာပါ။ ၂၀၂၀ နောက်ပိုင်မှာ တစ်ခြားနေရာတွေကိုပါ ပိုပြီးချဲ့ထွင်လာမယ့်သဘောရှိပါတယ်။ Pro League တွေကိုပေါင်းပြီးနောက်ပိုင်းမှာ နှစ်စဉ် world championship ကိုသွားမယ်လို့ ရည်ရွယ်ပုံရပါတယ်။ ဒါဆို regional မှာပွဲတွေအများကြီးတွေ့ရတော့မှာပါ။
Tencent အနေနဲ့လည်း mobile ကိုထုတ်ခဲ့တယ်ဆိုပေမယ့် သူ့နိုင်ငံရဲ့ game industry အပေါ်ထိန်းချုပ်တဲ့ ဥပဒေ အသစ်တွေကြောင့် နိုင်ငံရဲ့ အပြင်ကို ထွက်ပြီးစီးပွားရှာရပါလိမ့်မယ်။
နောက်တစ်ခုကတော့ အခုလက်ရှိ closed beta ဝင်ကစားလို့ရပြီဖြစ်တဲ့ Call of Duty Black Ops 4 Blackout Battle royale ပဲဖြစ်ပါတယ်။ ဒါတွေထပ်ထွက်လာမယ်ဆိုရင်တော့ ယှဉ်ပြိုင်မှုကပြင်းထန်လာဦးမှာပါ။ ဘာပဲဖြစ်ဖြစ် အိမ်မဆောက်တတ်ရင်တော့ Fortnite မှာ ကိုယ့်လိုပဲ ပွဲတိုင်းထွက်ထိုင်နေရဦးမှာပါပဲလေ။