Ostarion, the Wraith King
Wraith King ဟာ Melee Strength Hero ဖြစ်ပြီး Carry ကော Tank နေရာကောကိုပါ ကောင်းမွန်စွာ အသုံးပြုနိုင်တဲ့ ဟီးရိုးဖြစ်ပါတယ်။ အားသာချက်ကတော့ Wraith King ရဲ့ ulti ဖြစ်တဲ့ Reincarnation ကြောင့် Battle တွေမှာ ကြာကြာရပ်တည်နိုင်မှာဖြစ်ပါတယ်။ Battle အတော်များများ မှာလဲ ရှင်သန်ဖို့ အခွင့်အရေးများတာကြောင့် အစဆော့တဲ့ player အတော်များများအသုံးပြုဖို့အတွက် သင့်တော်တဲ့ ဟီးရိုးလဲဖြစ်ပါတယ်။ အားနည်းချက်ကတော့ Mana pool နည်းတာကြောင့် အစပိုင်းမှာ ulti အတွက် Mana ကို အမြဲချိန်ထားသင့်ပါတယ်။ Physical Damage output များပေမယ့်လဲ Attack speed နဲ့ Movement speed နည်းတဲ့ ဟီးရိုးလဲဖြစ်ပါတယ်။ တစ်ဖက်အသင်းမှာ Mana Burn တဲ့ အကောင်တွေနဲ့ Counter လုပ်နိုင်တာကြောင့် Mana အခက်အခဲရှိတဲ့ ဟီးရိုးလဲဖြစ်ပါတယ်။

Wraithfire Blast
Wraith King ဟာရန်သူ unit အပေါ်ကို ခြောက်ခြားဖို့ကောင်းတဲ့ အရောင်ရှိတဲ့ မီးလုံးနဲ့ပစ်လိုက်မှာဖြစ်ပါတယ်။ သက်ရောက်ခံရတဲ့ရန်သူဟာ Damage အပြင် Stun ကော movement slow ပါသက်ရောက်မှာဖြစ်ပါတယ်။ စစခြင်း 2စက္ကန့်မှာ Stun ဖြစ်နေမှာဖြစ်ပြီး နောက်ထပ် 2စက္ကန့်မှာ Movement slow ဖြစ်နေမှာဖြစ်ပါတယ်။ စစခြင်း ၀င်တဲ့ Damage မှာ 50/100/150/200 စီ လယ်ဗယ်အလိုက် များလာမှာဖြစ်သလို 1 စက္ကန့်မှာ လောင်ကျွမ်းမယ့် Damage ဟာလဲ 20/35/50/65 စီ တိုးလာမှာဖြစ်ပါတယ်။ Mana Cost က 140 ဖြစ်ပြီး Cooldown က 8 စက္ကန့်ဖြစ်ပါတယ်။
NOTE:
ability 1 Note

Vampiric Aura
Wraith King နဲ့ Radius 900 အနားမှာရှိတဲ့ ally unit အားလုံးကို ရန်သူunit အပေါ်သက်ရောက်တဲ့ Damage အပေါ်မူတည်ပြီး သွေးပြည့်စေမှာဖြစ်ပါတယ်။ သွေးပြည့်စေတဲ့ ရာခိုင်နှုန်းကတော့ 15%/20%/25%/30% စီပဲဖြစ်ပါတယ်။
NOTE:
ability 2 note

Mortal Strike
Wraith King Physical attack လုပ်နေတဲ့အချိန်မှာ အပို Damage တွေပေါင်းပေးမှာဖြစ်ပါတယ်။ Critical ထနိုင်တဲ့ Chance ကတော့ 9%/11%/13%/15% ဖြစ်ပြီး Hero တွေအပေါ်မှာ 150%/200%/250%/300% နှင့် Creep တွေအပေါ်မှာ 200%/300%/400%/500% စီ level အလိုက်သက်ရောက်မှာဖြစ်ပါတယ်။
NOTE:
ability 3 note

Reincarnation
ထို Spell သက်ရောက်မှုရှိနေပါက Warith King ဟာ သေဆုံးရာမှ 3 စက္ကန့်အတွင်း အကောင်းပကတိတိုင်း ပြန်လည်ရှင်သန်လာနိုင်ပြီး Radius 900 အတွင်းရှိ ရန်သူတွေဟာ Slow ဖြစ်နေမှာပါ။ Movement Slow 75% နဲ့ Attack speed slow 75 ဟာ 5 စက္ကန့်ကြာ သက်ရောက်မှာဖြစ်ပါတယ်။ Mana Cost က 160 ဖြစ်ပြီး Cooldown က 200/120/40 စက္ကန့်စီဖြစ်ပါတယ်။ Aghanim’s Scepter နဲ့ upgrade လုပ်ပါက Warith King အပြင် Radius 1200 မှာရှိတဲ့ ally hero တွေပါ သေဆုံးသွားပါက 7 စက္ကန့်ကြာအောင် ၀ိဥာဏ်ပုံစံဖြင့် ရှင်သန်လာမှာဖြစ်ပါတယ်။
NOTE:
ability 4 note
Wraith King Talent Tree
Level 10 မှာ +20 Attack Speed သို့မဟုတ် +40 Wraithfire Blast DPS
Level 15 မှာ +25 Skeletons Attack Damage သို့မဟုတ် +15 Strength
Level 20 မှာ 2x Skeletons Spawned သို့မဟုတ် No Reincarnation Manacost
Level 25 မှာ Reincarnation Cast Wraithfire Blast သို့မဟုတ် +25% Vampiric Aura Lifesteal တို့ဖြစ်ကြပါတယ်။
NOTE:
Talent Tree Note
Starting
Early
Core
Situational
Playstyle
Playstyle
Ablilty Build 1
Ablilty Build 2
Waiting Update.
hero 1
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက King Ostarion ဟာ သူ့ရန်သူတွေရဲ့ ကျန်ရစ်တဲ့ မြို့ပျက်ကြီးတစ်ခုမှာ မြို့သစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဘယ်တော့မှ မပြီးဆုံးလောက်ဘူးထင်ထားတဲ့ ဘုရားကျောင်း ၀ါဒီကို အဆုံးသတ်ဖို့ဘဲဖြစ်တယ်။ သူဟာ တကယ်လို့ သူ့နန်းတော်ထဲမှာ Tower တစ်ခုကို ဆောက်နိုင်မယ်ဆိုရင် ဘယ်တော့မှ မသေနိုင်တော့ဘူးလို့ ယုံကြည်ထားပေမဲ့လည်း နောက်ပိုင်းကျ သူလှည့်စားခံခဲ့ရတာမှန်း ယုံကြည်လာခဲ့တယ်။ ဒါကြောင့် သူဟာ ပိုပြီးကောင်းမွန်တဲ့နည်းလမ်းကို ရှာဖွေခဲ့ပြီး Wraith Energy ကို တွေ့ရှိခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး သူဟာ ဘယ်တော့ မှ မသေနိုင်မဲ့ ခန္တာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် Wraith Essence ကိုပေါင်းစပ်ဖို့အတွက် ကြိုးစားခဲ့ပြီး Wraith-Night လို့ခေါ်တဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့တယ်။ ဒါကြောင့် သူဟာ လိုအပ်တဲ့ Sould တွေအတွက် လူသတ်မှုတွေ ကျူးလွန်ခဲ့တယ်။ သူ့ရဲ့ ရဲဖော်ရဲဖက်တွေသာမက သူ့ရဲ့ ရန်သူတွေ ဘယ်နှစ်ယောက်တောင် သေကြေပျက်စီးခဲ့ရတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ အခုလည်း သူဟာ သူပိုင်ဆိုင်တဲ့ ပုလ္လင်ပေါ်မှာ မထိုင်နိုင်သေးဘဲ လိုအပ်တဲ့ Soul တွေအတွက် စစ်ပွဲတွေရှိရာအရပ်ဆီကို ထွက်ခွာလာခဲ့ပြန်တယ်။
Extra, known species, places
Waiting Update
- Dota 2 content and materials are trademarks and copyrights of Valve or its licensors. All rights reserved. This site is not affiliated with Valve.