Abaddon
Abaddon ဟာ Melee Strength Hero ဖြစ်သလို အသင်းအတွက် လိုအပ်တဲ့နေရာမှာ ဖြည့်စွက်ကစားပေးနိုင်တဲ့ ဟီးရိုး၁ကောင်လဲဖြစ်ပါတယ်။ အားသာချက်တွေကတော့ Borrow Time ကြောင့် Battle မှာ ကြာကြာရပ်တည်နိုင်တဲ့ ဟီးရိုးဖြစ်သလို ally တွေအပေါ်မှာ လဲ health နဲ့ shield ကာကွယ်မှုတွေကို ထောက်ပံ့ပေးနိုင်တဲ့ ဟီးရိုးဖြစ်ပါတယ်။ Spell အားလုံးဟာ Cooldown နည်းတဲ့ အပြင် Team အတွက် role အားလုံးကို ၀င်ဆော့ပေးနိုင်တဲ့ ဟီးရိုးလဲဖြစ်ပါတယ်။ အားနည်းချက်ကတော့ ရွေ့ရှားမှုနှေး ပြီး အစပိုင်း Armor အရမ်းနည်းတဲ့ ဟီးရိုးဖြစ်ပါတယ်။ Spell အားလုံးဟာ Cooldow နည်းသလို Mana လဲ အကုန်မြန်တဲ့ အတွက် Mana အပေါ်မှာ မှီခိုတဲ့ ဟီးရိုးလဲဖြစ်ပါတယ်။ ထို့အပြင် Cast animation ဟာလဲ အကြာဆုံးဟီးရိုးထဲမှာပါဝင်ပါတယ်။

Mist Coil
Abaddon ဟာ မြူခိုးတွေအခွေလိုက်ပစ်လွှတ်လိုက်မှာပါ။ Target ဟာ ရန်သူဖြစ်ပါက Damage သက်ရောက်ပြီး Ally ဖြစ်ပါက Healing သက်ရောက်မှာဖြစ်ပါတယ်။ ထိုspell အသုံးပြုဖို့အတွက် Abaddon ကိုလဲ Damage အနည်းငယ် သက်ရောက်မှာဖြစ်ပါတယ်။ Target ကိုသက်ရောက်မယ့် Damage သို့မဟုတ် Healing ဟာ 100/150/200/250 စီဖြစ်ပြီး Abaddon သက်ရောက်မယ့် Self Damage က 75/100/125/150 စီ Level အလိုက်သက်ရောက်မှာပါ။ Mana Cost က 50/60/70/80 ဖြစ်ပြီး Cooldown က 4.5 စက္ကန့်ဖြစ်ပါတယ်။
NOTE:
ability 1 Note

Aphotic Shield
Abaddon အပေါ်သို့မဟုတ် ally အပေါ်မှာ Shield ၁ခုကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ထို Shield ဟာ 15 စက္ကန့်မကျော်မလွန်မခြင်း သို့မဟုတ် သက်မှတ်ထားတဲ့ Damage ကို မကျော်မခြင်း သက်ရောက်နေမှာဖြစ်ပါတယ်။ အကယ်၍ Shield ဟာ ပျက်စီးသွားပါက စုပ်ယူနိုင်တဲ့ Damage အတိုင်း ပေါက်ကွဲပြီး Radius 675 အတွင်းက ရန်သူတွေကို Damage သက်ရောက်စေမှာပါ။ Disple type ဖြစ်ပြီး Stun နဲ့ အခြား မကောင်းတဲ့ Buff တွေကို ဖျောက်ပေးမှာဖြစ်ပါတယ်။ Shield စုပ်ယူတဲ့ Damage နဲ့ ပေါက်ကွဲတဲ့ Damage က 110/140/170/200 စီ Level အလိုက်ပြောင်းလဲသွားမှာပါ။ Cooldown က 12/10/8/6 စက္ကန့်စီဖြစ်ပြီး Mana Cost က 115 ဖြစ်ပါတယ်။
NOTE:
ability 2 note

Curse of Avernus
Abaddon attack လုပ်ခံရတဲ့ ရန်သူဟာ Slow ဖြစ်လာပြီး Abaddon အတွက် Movement speed နဲ့ Attack Speed ကို အချိန်တစ်ခုတာ ပေါင်းပေးမှာဖြစ်ပါတယ်။ Movement Slow က 8%/12%/16%/20% ဖြစ်ပြီး Attack Slow က 8/12/16/20 ဖြစ်ပါတယ်။ Abaddon အပေါ်ပေါင်းပေးတဲ့ Move Speed bonus က 15% ဖြစ်ပြီး Attack Speed Bonus က 10/20/30/40 စီ level အလိုက်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Debuff Duration က 2.5 စက္ကန့်ဖြစ်ပြီး Buff Duration က 4.5 စက္ကန့်ဖြစ်ပါတယ်။
NOTE:
ability 3 note

Borrowed Time
Spell Cooldown မလည်နေပါက Abaddon ရဲ့ health 400 အောက်ကို ရောက်ပါက spell ပွင့်သွားမှာဖြစ်ပါတယ်။ Spell သက်ရောက်နေတဲ့အချိန်မှာ ၀င်လာတဲ့ Damage မှန်သမျှဟာ damage အစား healing အဖြစ်ပြောင်းပြီး heal ပေးမှာဖြစ်ပါတယ်။ ထို့အပြင် Abaddon အပေါ်မှာသက်ရောက်နေတဲ့ မကောင်းတဲ့ Buff တွေပါ ဖယ်ပလိုက်မှာဖြစ်ပါတယ်။ Spell Duration ကတော့ 4/5/6 စက္ကန့်စီဖြစ်ပါတယ်။ Cooldown ကတော့ 60/50/40 စက္ကန့်ဖြစ်ပါတယ်။ Aghanim’s Scepter နဲ့ Upgrade လုပ်ပါက Duration ဟာ 5/6/7/ စက္ကန့်အထိတိုးသွားပြီး radius 900 အတွင်းက ally hero တွေအပေါ်သက်ရောက်တဲ့ Damage မှန်သမျှဟာ Abaddon အပေါ် Healing အဖြစ်သက်ရောက်လာမှာဖြစ်ပါတယ်။
NOTE:
ability 4 note
Abaddon Talent Tree
Level 10 မှာ +20%XP Gain or +25 Movement Speed
Level 15 မှာ +60 Mist Coil Heal/Damage or +6 Armor
Level 20 မှာ +90 Damage or 20% Cooldown Reduction
Level 25 မှာ +25% Curse of Avernus MS/AS or +225 Aphotic Shield Health တို့ပဲဖြစ်ပါတယ်။
NOTE:
Talent Tree Note
Starting
Early
Core
Situational
Playstyle
Playstyle
Ablilty Build 1
Ablilty Build 2
Waiting Update.
hero 1
Abaddon , the lord of Avernus
The Font of Avernus ဟာ Avernus မိသားစုရဲ့ ပါဝါအရင်းအမြစ်ဖြစ်တယ်။ မျိုးဆက်တိုင်း မွေးဖွားကာစ ကလေးငယ်တွေကို အဲ့ကနေထွက်တဲ့ အမဲရောင် မြူခိုးတွေထဲမှာ ထားကာ ရေချိုးပေးလေ့ရှိပြီး အဲ့ကလေးတွေကို ကမ္ဘာမြေရဲ့ လျှို့ဝှက်တဲ့ အားတစ်ခုနဲ့ ဆက်သွယ်မှုကို ရရှိစေမှာဖြစ်တယ်။ ဒီလိုနဲ့ သူတို့ ဟာ ကြီးပြင်းလာကြပြီး ကမ္ဘာမြေရဲ့ ကာကွယ်သူများအဖြစ် ကိုယ့်ကိုကိုယ် ယူဆခဲ့ကြပါတယ်။ အဲ့ဒီအမဲရောင် မြူခိုးတွေရဲ့ ရည်ရွယ်ချက်ကိုတော့ ဘယ်သူမှ မသိသေးပါဘူး။ ဒီလိုနဲ့ မွေးကာစ Abaddon ကို အဲ့ဒီ အမည်းရောင်မြူခိုးတွေကြားမှာ ရေချိုးပေးတော့ ထူးခြားမှုတွေနဲ့ တွေ့ရပါတယ်။ ကလေးရဲ့ မျက်လုံးတွေမှာ ထူးဆန်းနဲ့ အရိပ်တွေနဲ့အတူ ပတ်ဝန်းကျင်ကနေ အသံတွေကြားခဲ့ရပါတယ်။ မိသားစုထဲက လူကြီးတွေဟာ ဒီကလေးကြီးလာရင် ထူးခြားလိမ့်မယ်လို့ မျှော်လင့်ခဲ့ပြီး Abaddon ကို မိသားစုကို ကာကွယ်ဖို့အတွက် စစ်ပညာတွေ သင်ယူခိုင်းတဲ့အချိန်မှာ သူဟာ မသင်ယူဘဲ အမည်းရောင် မြူခိုးတွေကြားထဲမှာ တရားထိုင်နေခဲ့ပါတယ်။ ဒါကြောင့် မိသားစုထဲမှ အာဏာရှိ လူတွေက Abaddon ကို အပြစ်တင်ခဲ့ပေမဲ့ တကယ်တမ်း တိုက်ပွဲထဲကို Abaddon ပြေးဝင်သွားတဲ့ အချိန်မှာ သူတို့ တွေရဲ့ ပါးစပ်တွေ ပိတ်သွားပါတယ်။ အမည်းရောင်မြူခိုးတွေရဲ့ စွမ်းအားနဲ့ Abaddon ဟာကြောက်မက်ဖွယ် လူတစ်ယောက် ဖြစ်လာတယ်ဆိုတာ တွေ့လိုက်ရလို့ပါပဲ။
Extra, known species, places
Waiting Update
- Dota 2 content and materials are trademarks and copyrights of Valve or its licensors. All rights reserved. This site is not affiliated with Valve.