Call of Duty ကိုအေစာပိုုင္း ဂိမ္းေတြကတည္းက အမ်ားစုကေတာ့ ေဆာ့ျဖစ္ခဲ့မယ္ထင္ပါတယ္။ internet မရတဲ့ အခ်ိန္ေတြမွာ single player campaign ေတြေေဆာ့ျဖစ္ၾကပါလိမ့္မယ္။ story mode ထဲက Price, Soup တို႔ကို ရင္းႏွီးခဲ့ပါလိမ့္မယ္။
ဒါေပမယ့္အခုေတာ့ ထံုးတမ္းအစဥ္အလာေတြကေနခြဲထြက္လာမယ့္ Call of Duty: Black Ops 4 လို႔ပဲဆိုရမွာေပါ့၊ Pre-order မွာလို႔ရေနၿပီျဖစ္တဲ့ ဒီဂိမ္းမွာ အရင္လို traditional player campaign ေတြပါလာေတာ့မွာ မဟုတ္ပါဘူး။ ဒီေန႔ပဲ game informer ရဲ႕ youtube မွာတင္ထားတဲ့ video အရ Treyarch နဲ႔ေျပာျဖစ္တဲ့ထဲက ဘာလို႔မပါလာလဲဆိုတဲ့ ကိစၥတစ္ခ်ိဳ႕ကို သိရပါလိမ့္မယ္။
တိုးတက္မွုေတြဆိုတာ ခရီးတစ္ခုသြားေနသလိုပါပဲ လို႔ေျပာခဲ့တဲ့ Treyarch studio ရဲ႕ဦးေဆာင္သူတစ္ဦးျဖစ္သူ Dan Bunting ကေျပာပါတယ္။ သူတို႔ အမ်ားႀကီးစမ္းသပ္ခဲ့တယ္ တိုးတက္ေအာင္တီထြင္ၾကည့္တယ္။ တစ္ခုၿပီးတစ္ခုေတာ့ စမ္းသပ္ေနရမွာပါပဲ။ တစ္ခါတစ္ေလလည္း အလုပ္ျဖစ္သြားတာရွိသလိုတစ္ခါတစ္ေလလည္း လစ္သြားတာေတြရွိပါတယ္။ ဒါေပမယ့္ အားလံုးအတြက္ ကေတာ့ အသစ္ျဖစ္ဖို႔နဲ႔ ေပ်ာ္ရႊင္ေနဖို႔ကိုပဲ အာရံုစိုက္ထားေၾကာင္းေျပာခဲ့ပါတယ္။
Black Ops 4 မွာ Blackout လို႔ေခၚတဲ့ battleroyale mode တစ္ခုပါလာပါတယ္။ ဒီ battleroyale mode က လက္ရွိျပင္ဆင္ဆဲ အခ်ိန္မွာ သိသိသာသာအေျပာင္းအလဲေတြ အမ်ားႀကီးလုပ္တာကို တစ္ျခား studio ေတြနဲ႔ gamer ေတြကသတိထားမိၾကပါတယ္။ ဒါကိုေတာ့ development ကာလမွာ ေျပာင္းတယ္ ျပဳျပင္တယ္ဆိုတာက ပံုမွန္ပဲေလ လို႔တုန္႔ျပန္ခဲ့ပါတယ္။
Black Ops 4 ကို စတင္ကတည္းက multiplayer အျဖစ္ပဲ studio ကေနစတင္ဖန္တီးခဲ့တာျဖစ္ၿပီးေတာ့ အရင္လို campaign အျဖစ္ျမင္ဖို႔ထက္ social experience အျဖစ္ပိုမိုေဇာင္းေပးထားေၾကာင္းလည္းေျပာခဲ့ပါတယ္။
ဒီ interview ထဲမွာ သူတို႔စမ္းသပ္ကာလမွာပဲ campaign ကိုျဖဳတ္ခ်ၿပီး battleroyale mode ကိုခ်က္ခ်င္းကူးေျပာင္းသြားတဲ့အေပၚ ေမးခြန္းထုတ္ခဲ့ပါတယ္။. ဒါကိုေတာ့ လိမၼာပါးနပ္စြာပဲ Treyarch အေနနဲ႔ လက္ရွိ game ေလာကမွာျဖစ္ေနတဲ့ trend အေပၚ လိုက္ေလ်ာညီေထြျဖစ္ဖို႔ အားထုတ္တယ္လို႔ပဲေျပာသြားပါတယ္။
“ကိုယ့္ fan ေတြဘာလိုခ်င္လည္းေပၚမူတည္ၿပီး အေကာင္းဆံုးနဲ႔ စိတ္လွဳပ္ရွားစရာေတြကို အခ်ိန္နဲ႔ တစ္ေျပးညီေပးနိုင္ဖို႔က game ေလာကမွာ တကယ္အမ်ားႀကီးလိုအပ္ပါတယ္။ “Dan Bunting (co-head of Treyarch Studio)
အရင္လို ပဲမွန္ campaign ေတြမပါေတာ့ဘူးဆိုေပမယ့္ ဂိမ္းထဲက ဇာတ္လမ္း နဲ႔ စကားေျပာေတြကိုေတာ့ တစ္ျခားပံုစံတစ္မ်ိဳးနဲ႔ပါလာနိုင္ပါတယ္လို႔ေတာ့ ေျပာထားပါတယ္။
ႏွစ္စပိုင္းတုန္းက COD ရဲ႕ Vice President နဲ႔ GM ျဖစ္သူ Kostich ေျပာခဲ့သလိုပဲ အရင္လို campaign ေတြမပါေပမယ့္ ပံုစံအသစ္ေတြအမ်ားႀကီးပါလာတဲ့ Black Ops 4 ကို ဂိမ္းအစကေန အဆံုးအထိ အားလံုးႀကိဳက္ၾကပါလိမ့္မယ္ လို႔ဆိုခဲ့ေပမယ့္ ping ေၾကာက္ေနရတဲ့ ကၽြန္ေတာ္တို႔အတြက္ေတာ့ အိပ္မက္လွလွ မက္နိုင္ဖို႔ေတာ့ လိုနိုင္ပါေသးတယ္။
ဘာပဲျဖစ္ျဖစ္ October 12 ရက္မွာ console ေတြအတြက္ေရာ PC အတြက္ပါထြက္ေတာ့မွာဆိုေတာ့ ေစာင့္ၾကည့္ၾကတာေပါ့။ ေလာေလာဆယ္ေတာ့ Blackout ကို PS4 မွာ beta စမ္းလို႔ရနိုင္ပါတယ္။
[unicode]
Call of Duty ကိုအစောပိုင်း ဂိမ်းတွေကတည်းက အများစုကတော့ ဆော့ဖြစ်ခဲ့မယ်ထင်ပါတယ်။ internet မရတဲ့ အချိန်တွေမှာ single player campaign တွေေဆော့ဖြစ်ကြပါလိမ့်မယ်။ story mode ထဲက Price, Soup တို့ကို ရင်းနှီးခဲ့ပါလိမ့်မယ်။
ဒါပေမယ့်အခုတော့ ထုံးတမ်းအစဉ်အလာတွေကနေခွဲထွက်လာမယ့် Call of Duty: Black Ops 4 လို့ပဲဆိုရမှာပေါ့၊ Pre-order မှာလို့ရနေပြီဖြစ်တဲ့ ဒီဂိမ်းမှာ အရင်လို traditional player campaign တွေပါလာတော့မှာ မဟုတ်ပါဘူး။ ဒီနေ့ပဲ game informer ရဲ့ youtube မှာတင်ထားတဲ့ video အရ Treyarch နဲ့ပြောဖြစ်တဲ့ထဲက ဘာလို့မပါလာလဲဆိုတဲ့ ကိစ္စတစ်ချို့ကို သိရပါလိမ့်မယ်။
တိုးတက်မှုတွေဆိုတာ ခရီးတစ်ခုသွားနေသလိုပါပဲ လို့ပြောခဲ့တဲ့ Treyarch studio ရဲ့ဦးဆောင်သူတစ်ဦးဖြစ်သူ Dan Bunting ကပြောပါတယ်။ သူတို့ အများကြီးစမ်းသပ်ခဲ့တယ် တိုးတက်အောင်တီထွင်ကြည့်တယ်။ တစ်ခုပြီးတစ်ခုတော့ စမ်းသပ်နေရမှာပါပဲ။ တစ်ခါတစ်လေလည်း အလုပ်ဖြစ်သွားတာရှိသလိုတစ်ခါတစ်လေလည်း လစ်သွားတာတွေရှိပါတယ်။ ဒါပေမယ့် အားလုံးအတွက် ကတော့ အသစ်ဖြစ်ဖို့နဲ့ ပျော်ရွှင်နေဖို့ကိုပဲ အာရုံစိုက်ထားကြောင်းပြောခဲ့ပါတယ်။
Black Ops 4 မှာ Blackout လို့ခေါ်တဲ့ battleroyale mode တစ်ခုပါလာပါတယ်။ ဒီ battleroyale mode က လက်ရှိပြင်ဆင်ဆဲ အချိန်မှာ သိသိသာသာအပြောင်းအလဲတွေ အများကြီးလုပ်တာကို တစ်ခြား studio တွေနဲ့ gamer တွေကသတိထားမိကြပါတယ်။ ဒါကိုတော့ development ကာလမှာ ပြောင်းတယ် ပြုပြင်တယ်ဆိုတာက ပုံမှန်ပဲလေ လို့တုန့်ပြန်ခဲ့ပါတယ်။
Black Ops 4 ကို စတင်ကတည်းက multiplayer အဖြစ်ပဲ studio ကနေစတင်ဖန်တီးခဲ့တာဖြစ်ပြီးတော့ အရင်လို campaign အဖြစ်မြင်ဖို့ထက် social experience အဖြစ်ပိုမိုဇောင်းပေးထားကြောင်းလည်းပြောခဲ့ပါတယ်။
ဒီ interview ထဲမှာ သူတို့စမ်းသပ်ကာလမှာပဲ campaign ကိုဖြုတ်ချပြီး battleroyale mode ကိုချက်ချင်းကူးပြောင်းသွားတဲ့အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။. ဒါကိုတော့ လိမ္မာပါးနပ်စွာပဲ Treyarch အနေနဲ့ လက်ရှိ game လောကမှာဖြစ်နေတဲ့ trend အပေါ် လိုက်လျောညီထွေဖြစ်ဖို့ အားထုတ်တယ်လို့ပဲပြောသွားပါတယ်။
“ကိုယ့် fan တွေဘာလိုချင်လည်းပေါ်မူတည်ပြီး အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာတွေကို အချိန်နဲ့ တစ်ပြေးညီပေးနိုင်ဖို့က game လောကမှာ တကယ်အများကြီးလိုအပ်ပါတယ်။ “Dan Bunting (co-head of Treyarch Studio)
အရင်လို ပဲမှန် campaign တွေမပါတော့ဘူးဆိုပေမယ့် ဂိမ်းထဲက ဇာတ်လမ်း နဲ့ စကားပြောတွေကိုတော့ တစ်ခြားပုံစံတစ်မျိုးနဲ့ပါလာနိုင်ပါတယ်လို့တော့ ပြောထားပါတယ်။
နှစ်စပိုင်းတုန်းက COD ရဲ့ Vice President နဲ့ GM ဖြစ်သူ Kostich ပြောခဲ့သလိုပဲ အရင်လို campaign တွေမပါပေမယ့် ပုံစံအသစ်တွေအများကြီးပါလာတဲ့ Black Ops 4 ကို ဂိမ်းအစကနေ အဆုံးအထိ အားလုံးကြိုက်ကြပါလိမ့်မယ် လို့ဆိုခဲ့ပေမယ့် ping ကြောက်နေရတဲ့ ကျွန်တော်တို့အတွက်တော့ အိပ်မက်လှလှ မက်နိုင်ဖို့တော့ လိုနိုင်ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် October 12 ရက်မှာ console တွေအတွက်ရော PC အတွက်ပါထွက်တော့မှာဆိုတော့ စောင့်ကြည့်ကြတာပေါ့။ လောလောဆယ်တော့ Blackout ကို PS4 မှာ beta စမ်းလို့ရနိုင်ပါတယ်။