[zaw-gyi]
[unicode]
Okလေ… ဒါက Dirt အကြောင်းရေးမလို့ Forza ကတော့ ဆော့နေတုန်းပဲ… ပြီးရင်တော့ review သေးသေးလေးရေးဖြစ်မယ်ထင်တယ်။ လောဆယ် ဆီဈေးကြီးနေတော့ အဖေ့ကားတောင် ယူမမောင်းရဲဘူး။ ဆီပြန်ထည့်ပေးနေရမှာစိုးလို့။ ဂိမ်းထဲမှာပဲမောင်းနေဒယ်။ NFS ကိုချစ်ခဲ့ရင် Dirt ကိုချစ်ခဲ့မှာပဲ Forza ကို $ ကြောင့် အလှမ်းဝေးနိုင်ပေမယ့် Dirt ကို ချစ်ခဲ့ရင် Dirt rally ကိုလည်းဆော့ခဲ့ဖူးပါလိမ့်မယ်။ ရွံ့တွေချည်းပဲလေ။ အခုအဲ့ ရွံ့တွေ…. အဲ့ Dirt Rally 2 ကို လာမယ့် February 2019 မှာ လာမယ့်အကြောင်း သူ့ရဲ့ developer ဖြစ်တဲ့ codemaster က ပြောပါတယ်။ Trailer တော့ရှာလို့ရတာထည့်ပေးလိုက်ပါတယ်။
DiRT ပွဲတွေကသိတဲ့အတိုင်း arcade ဆန်တယ်။ တစ်ခြား ကားမောင်းတဲ့ simulation တွေနဲ့ယှဉ်ရင်ပေါ့လေ။ လက်ရှိလာမယ့် DiRT Rally 2 ကတော့ codemaster အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် February မှာထွက်မယ်ပြောနေတဲ့ ဒီဂိမ်းက အခုအချိန်ထိ ဝိုးတဝါးဖြစ်နေတာတော့ သိပ်အားမရဘူးပေါ့။ ပါလာမယ်ဆိုရင် လက်ရှိ အပြင်က WRC မှာဖြစ်နေတဲ့ ကိစ္စတွေရယ် အပြင်က driver တွေနဲ့ပြောသင့်တာတွေ ပြင်သင့်တာတွေရှိပါလိမ့်မယ်။ ပြီးတော့ ကားအသစ်တွေ၊ ပိုပြီး စုံလင်တဲ့ စိတ်တိုင်းကျပြင်ဆင်လို့ရတဲ့ စက်ပိုင်းဆိုင်ရာတွေနဲ့ အပြင်လောကရဲ့ သက်ရောက်မှုတွေကိုပါထည့်ပေးလာသင့်နေပါပြီ။
Interview တစ်ချို့မှာတော့ အပြင်က လက်ရှိ driver တွေနဲ့ဆွေးနွေးတိုင်ပင်မှုတွေရှိကြောင်းပြောထားတာတွေ့ရပါတယ်။ အားမရဘူးဆိုပေမယ့် မကြာခင်တော့ သူတို့ရဲ့ marketing campaign ထွက်လာပါလိမ့်မယ်။ အဲ့အချိန်ကျရင်တော့ သူတို့ သေသေချာချာ ထုတ်ပြကောင်းပါရဲ့။
အချုအချိန်မှာတော့ Steam ကိုသွားကြည့်မယ်ဆိုရင် Dirt 4 နဲ့ Dirt rally ကို discount ချထားတာတွေ့ပါလိမ့်မယ်။