Sophie Turner :: Dark Phoenix
MOVIES

February မွာေရာက္လာမယ့္ Dark Phoenix


[zawgyi]
Dark Phoenix ရဲ႕ Trailer ကေတာ့ေရာက္လာပါၿပီ။ X-Men movie series ေတြအားလံုးမွာေတာ့ ဒါကေနာက္ဆံုးထြက္လို႔ေျပာရမွာေပါ့။ ေနာက္ဆံုးဆိုေပမယ့္ ခပ္ေဝးေဝးက Grey အေၾကာင္းကိုျပန္ေျပာျပထားပံုပါပဲ။ Sophie Turner, Jessica Chastainm, James McAvoy နဲ႔ Jennifer Lawrence တို႔ပါဝင္ထားၿပီးေတာ့ ေနာက္ႏွစ္ February 14 မွာရံုတင္ပါလိမ့္မယ္။

Trailer အရဆိုရင္ေတာ့ Xavier ရဲ႔ေက်ာင္းကို Grey ဘယ္လိုေရာက္လာလဲဆိုၿပီးစထားပံုရပါတယ္။ ၿပီးေတာ့ X-Men အားလံုးကို အဆံုးသတ္နိုင္ေလာက္ေအာင္ ႀကီးထြားလာမယ့္ သူမရဲ႕ စြမ္းအားေတြ အေၾကာင္းျဖစ္ပါလိမ့္မယ္။
အရင္ သရုပ္ေဆာင္ေတြျဖစ္တဲ့ Michael Fassbender ႀကီးတို႔ ခ်စ္ခ်စ္ Olivia Munn တို႔လည္းျပန္ပါလာတာေတြ႔ရပါလိမ့္မယ္။ တကယ္ဆို ဒီရုပ္ရွင္က လာမယ့္ November မွာထြက္ရမွာပါ၊ အေၾကာင္းေၾကာင္းေၾကာင့္ သူေရာ ေနာက္ထပ္ New Mutant ေရာေနာက္ႏွစ္အထိ ေနာက္ဆုတ္သြားခဲ့တာပါ။

New Mutants ကေတာ့ August 2019 လို႔ၾကားပါတယ္။ ဒါကလည္း MCU (Marvel Cinematic Universe) မွာ တက္လာမယ့္ X-Men ရုပ္ရွင္ေတြထဲမွာ ေနာက္ဆံုးကား ျဖစ္သြားနိုင္ပါတယ္။ Disney က Fox entertainment ရဲ႔ တစ္စိတ္တစ္ပိုင္းကိုဝယ္ေတာ့မွာဆိုေတာ့ တစ္ျခား character ေတြထပ္ေပါင္းေတာ့မယ္ ထင္ပါတယ္။ ၿပီးေတာ့ Marvel ကိုတစ္ခုတည္းျဖစ္ေအာင္ စီစဥ္မယ္လို႔လည္းေျပာသံၾကားရပါတယ္။ ဆိုလိုတာက Disney နဲ႔ Marvel Studios ရဲ႕ MCU ဆိုၿပီး ၂ ခုမကြဲသြားေအာင္ပါ။

Dark Phoenix ကေတာ့ လာမယ့္ February 14th, 2019 လို႔ေျပာပါတယ္။


[unicode]
Dark Phoenix ရဲ့ Trailer ကတော့ရောက်လာပါပြီ။ X-Men movie series တွေအားလုံးမှာတော့ ဒါကနောက်ဆုံးထွက်လို့ပြောရမှာပေါ့။ နောက်ဆုံးဆိုပေမယ့် ခပ်ဝေးဝေးက Grey အကြောင်းကိုပြန်ပြောပြထားပုံပါပဲ။ Sophie Turner, Jessica Chastainm, James McAvoy နဲ့ Jennifer Lawrence တို့ပါဝင်ထားပြီးတော့ နောက်နှစ် February 14 မှာရုံတင်ပါလိမ့်မယ်။

Trailer အရဆိုရင်တော့ Xavier ရဲ့ကျောင်းကို Grey ဘယ်လိုရောက်လာလဲဆိုပြီးစထားပုံရပါတယ်။ ပြီးတော့ X-Men အားလုံးကို အဆုံးသတ်နိုင်လောက်အောင် ကြီးထွားလာမယ့် သူမရဲ့ စွမ်းအားတွေ အကြောင်းဖြစ်ပါလိမ့်မယ်။
အရင် သရုပ်ဆောင်တွေဖြစ်တဲ့ Michael Fassbender ကြီးတို့ ချစ်ချစ် Olivia Munn တို့လည်းပြန်ပါလာတာတွေ့ရပါလိမ့်မယ်။ တကယ်ဆို ဒီရုပ်ရှင်က လာမယ့် November မှာထွက်ရမှာပါ၊ အကြောင်းကြောင်းကြောင့် သူရော နောက်ထပ် New Mutant ရောနောက်နှစ်အထိ နောက်ဆုတ်သွားခဲ့တာပါ။

New Mutants ကတော့ August 2019 လို့ကြားပါတယ်။ ဒါကလည်း MCU (Marvel Cinematic Universe) မှာ တက်လာမယ့် X-Men ရုပ်ရှင်တွေထဲမှာ နောက်ဆုံးကား ဖြစ်သွားနိုင်ပါတယ်။ Disney က Fox entertainment ရဲ့ တစ်စိတ်တစ်ပိုင်းကိုဝယ်တော့မှာဆိုတော့ တစ်ခြား character တွေထပ်ပေါင်းတော့မယ် ထင်ပါတယ်။ ပြီးတော့ Marvel ကိုတစ်ခုတည်းဖြစ်အောင် စီစဉ်မယ်လို့လည်းပြောသံကြားရပါတယ်။ ဆိုလိုတာက Disney နဲ့ Marvel Studios ရဲ့ MCU ဆိုပြီး ၂ ခုမကွဲသွားအောင်ပါ။

Dark Phoenix ကတော့ လာမယ့် February 14th, 2019 လို့ပြောပါတယ်။

%d bloggers like this: