[zawgyi]
အခ်ိန္မအၾကာႀကီး ေစာင့္ခဲ့ရတယ္ေျပာမလား၊ အျငင္းပြားခဲ့ရတယ္ေျပာမလား၊ Console ေတြမွာ mouse နဲ႔ keyboard သံုးလို႔ရေတာ့မယ္ဆိုတဲ့ ကိစၥပါ။ Microsoft ကေတာ့ ေၾကျငာလိုက္ပါၿပီ။ မၾကာခင္ Xbox One ေတြမွာ mouse နဲ႔ keyboard သံုးလို႔ရေတာ့မယ္ေျပာပါတယ္။ Razer နဲ႔ေပါင္းလုပ္တယ္လို႔သိရပါတယ္။
ဒါက microsoft တစ္ဦးတည္းလုပ္လို႔ရတဲ့ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။ Game developer ေတြနဲ႔လည္းဆိုင္ပါေသးတယ္။ သူတို႔ရဲ႕ game ေတြမွာ ဒီအခ်ကေတြကိုထည့္ေပးမွပဲ တကယ္ေဆာ့လို႔ရမွာပါ။ လက္ရွိ အခ်ိန္မွာ ဘယ္လို update မ်ိဳးကမွ ကၽြန္ေတာ္တို႔ေဆာ့ေနတဲ့ ဂိမ္းေတြအားလံုးကို ခ်က္ခ်င္း kb နဲ႔ mouse တပ္ၿပီးေဆာ့လို႔ရေအာင္မလုပ္ေပးနိုင္ပါဘူး။ တစ္ခုပဲ developer ေတြက patch ထုတ္ၿပီးပဲျဖစ္ျဖစ္ ေနာက္ထပ္လာမယ့္ ဂိမ္းအသစ္ေတြမွာ အသံုးျပဳလို႔ရေအာင္လုပ္ေပးသြားမယ္ဆိုရင္ေတာ့ အေကာင္းဆံုးျဖစ္လာပါလိမ့္မယ္။
Xbox သမားေတြက Warframe ကိုေတာ့သိၾကပါလိမ့္မယ္။ kb နဲ႔ mouse နဲ႔ တြဲသံုးလို႔ရေအာင္ ပထမဆံုး patch ထုတ္နိုင္တဲ့ ဂိမ္းျဖစ္လာမယ္ထင္ပါတယ္။ microsoft က ဘယ္အခ်ိန္မွာ patch ကိုထုတ္မလဲေတာ့ မေျပာေသးပါဘူး။ ကၽြန္ေတာ္မေတြ႔တာလဲ ျဖစ္နိုင္ပါတယ္။
အခုအခ်ိန္မွာေတာ့ Insider program မွာပါတဲ့ တစ္ခ်ိဳ႕ Xbox One သမားေတြက ေတာ့ kb နဲ႔ mouse စမ္းသံုးလို႔ရေနပါၿပီ။ November မွာလုပ္မယ့္ X018 ပြဲမွာေတာ့ အေသးစိတ္ေတြအ ဒီထက္ပိုသိရပါလိမ့္မယ္ ထင္ပါတယ္။
ဘာပဲျဖစ္ျဖစ္ေပါ့၊ ကၽြန္ေတာ္တို႔ အခ်င္းခ်င္းထဲမွာ console မွာေဘာလံုးပဲကန္တတ္တဲ့ PC gamer နဲ႔ PC မွာဆို FPS မနိုင္တဲ့ console player ရွိေနတုန္းပါပဲ။
XIM apex နဲ႔စမ္းထားဘူးတဲ့ Xbox One ပိုင္ရွင္ေတြလည္းရွိနိုင္ပါတယ္။ good for you!
(Insider Program ဆိုတာက Micorsoft ရဲ႕ program တစ္ခုျဖစ္ၿပီးေတာ့ ဒီ Program မွာပါမယ္ဆိုရင္ Xbox မွာတင္မယ့္ app နဲ႔ game အသစ္ေတြကိုစမ္းသပ္လို႔ရပါလိမ့္မယ္။ တစ္ျခား Window 10 PC အတြက္လာမယ့္ ကိစၥေတြေရာေပါ့။ ဒီကိုသြားၾကည့္လို႔ရပါတယ္ Microsoft Insider program။ သတ္မွတ္ခ်က္ေတြေတာ့ရွိပါတယ္။)
[unicode]
အချိန်မအကြာကြီး စောင့်ခဲ့ရတယ်ပြောမလား၊ အငြင်းပွားခဲ့ရတယ်ပြောမလား၊ Console တွေမှာ mouse နဲ့ keyboard သုံးလို့ရတော့မယ်ဆိုတဲ့ ကိစ္စပါ။ Microsoft ကတော့ ကြေငြာလိုက်ပါပြီ။ မကြာခင် Xbox One တွေမှာ mouse နဲ့ keyboard သုံးလို့ရတော့မယ်ပြောပါတယ်။ Razer နဲ့ပေါင်းလုပ်တယ်လို့သိရပါတယ်။
ဒါက microsoft တစ်ဦးတည်းလုပ်လို့ရတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ Game developer တွေနဲ့လည်းဆိုင်ပါသေးတယ်။ သူတို့ရဲ့ game တွေမှာ ဒီအချကတွေကိုထည့်ပေးမှပဲ တကယ်ဆော့လို့ရမှာပါ။ လက်ရှိ အချိန်မှာ ဘယ်လို update မျိုးကမှ ကျွန်တော်တို့ဆော့နေတဲ့ ဂိမ်းတွေအားလုံးကို ချက်ချင်း kb နဲ့ mouse တပ်ပြီးဆော့လို့ရအောင်မလုပ်ပေးနိုင်ပါဘူး။ တစ်ခုပဲ developer တွေက patch ထုတ်ပြီးပဲဖြစ်ဖြစ် နောက်ထပ်လာမယ့် ဂိမ်းအသစ်တွေမှာ အသုံးပြုလို့ရအောင်လုပ်ပေးသွားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်လာပါလိမ့်မယ်။
Xbox သမားတွေက Warframe ကိုတော့သိကြပါလိမ့်မယ်။ kb နဲ့ mouse နဲ့ တွဲသုံးလို့ရအောင် ပထမဆုံး patch ထုတ်နိုင်တဲ့ ဂိမ်းဖြစ်လာမယ်ထင်ပါတယ်။ microsoft က ဘယ်အချိန်မှာ patch ကိုထုတ်မလဲတော့ မပြောသေးပါဘူး။ ကျွန်တော်မတွေ့တာလဲ ဖြစ်နိုင်ပါတယ်။
အခုအချိန်မှာတော့ Insider program မှာပါတဲ့ တစ်ချို့ Xbox One သမားတွေက တော့ kb နဲ့ mouse စမ်းသုံးလို့ရနေပါပြီ။ November မှာလုပ်မယ့် X018 ပွဲမှာတော့ အသေးစိတ်တွေအ ဒီထက်ပိုသိရပါလိမ့်မယ် ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့၊ ကျွန်တော်တို့ အချင်းချင်းထဲမှာ console မှာဘောလုံးပဲကန်တတ်တဲ့ PC gamer နဲ့ PC မှာဆို FPS မနိုင်တဲ့ console player ရှိနေတုန်းပါပဲ။
XIM apex နဲ့စမ်းထားဘူးတဲ့ Xbox One ပိုင်ရှင်တွေလည်းရှိနိုင်ပါတယ်။ good for you!
(Insider Program ဆိုတာက Micorsoft ရဲ့ program တစ်ခုဖြစ်ပြီးတော့ ဒီ Program မှာပါမယ်ဆိုရင် Xbox မှာတင်မယ့် app နဲ့ game အသစ်တွေကိုစမ်းသပ်လို့ရပါလိမ့်မယ်။ တစ်ခြား Window 10 PC အတွက်လာမယ့် ကိစ္စတွေရောပေါ့။ ဒီကိုသွားကြည့်လို့ရပါတယ် Microsoft Insider program။ သတ်မှတ်ချက်တွေတော့ရှိပါတယ်။)